ZenFone 3 (ZE552KL)
ရှင်းလင်းပြတ်သားသော အလှတရား၊ ရင်သပ်ရှုမောဖွယ်ရာ ဓာတ်ပုံများ
ZenFone 3 က သဘာ၀အလှတရားရဲ့ စေ့ဆော်မှုနှုနဲ့ ပေါ်ထွက်လာတဲ့ သွက်လက်ပေါ့ပါးပြီး အလွန်လက်ရာမြောက်သော ဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။ လုံး၀ဥသုံရှင်းလင်းပြတ်သားမှုနဲ့အတူ ကမ္ဘာမြေကို ရိုက်ကူးပေးမယ့်ဖန်-သတ္ထုစပ်အံ့ဖွယ်တစ်ပါး ဖြစ်ပါတယ်။ အကောင်းဆုံးဘ၀တစ်ခုကို ဦးတည်နေတဲ့ သာမန်ထက်ထူးခြားကောင်းမွန်သော စမတ်ဖုန်းတစ်လုံးပါ။
အလှတရား
သဘာ၀အလှတရားရဲ့ စေ့ဆော်မှုနဲ့ ပေါ်ထွက်လာတဲ့ အလွန်လက်ရာမြောက်သော ဒီဇိုင်း
သင်က စိန်သားအလား သဘာ၀ကျတဲ့ အလှတရားကို သင့်လက်တစ်စုံလုံးနဲ့ ထိတွေ့ဖူးခြင်း မရှိသေးပါဘူး။ နှစ်ဘက်စလုံးပေါ်မှာ တိတိကျကျ ထုစစ်ထားတဲ့ ဖန်သားကိုလည်း သင်ခံစားဖူးခြင်း မရှိသေးပါဘူး။ Zen အမှတ်တံဆိပ်ဖြစ်တဲ့ ဗဟိုတူစက်ဝိုင်းပုံစံရဲ့ သုခုမမူဟန်အရသာ သို့မဟုတ် လုံး၀န်းအောင်ပုံဖော်ထားခြင်းများရဲ့ ထိတွေ့သိ စိတ်လှုပ်ရှားမှုကိုလည်း သင်ခံစားဖူးမှာ မဟုတ်ပါဘူး။ ဒီလိုဖြစ်နေရတာတွေအားလုံးက ZenFone ကို သင်အသုံးမပြုဖူးသေးလို့ပဲ ဖြစ်ပါတယ်။ သင့်စိတ်ခံစားမှုက အလွန်လှပလက်ရာမြောက်တဲ့ဒီဇိုင်းကို ခံစားကြည့်ရမယ့်အချိန်ဖြစ်ပါတယ်။ ZenFone 3 ကိုင်ရမယ့်အချိန်လည်း ဖြစ်ပါတယ်။
Beauty အကြောင်း ပိုမိုလေ့လာရန်
ရှေ့ဘက်နှင့်နောက်ဘက်
2.5D
Corning®Gorilla® Glass
Zen
ဒီဇိုင်းပုံစံ
မိုးပြာနုရောင်
ရွှေအိုဖျော့ရောင်
စိမ်းပြာရောင်
နီလာရောင်
အနုပညာလက်ရာမြောက်မှု
ထိပ်တန်းကျသော အနုပညာလက်ရာ၊ အကောင်းဆုံးသော အချောထည်
ZenFone 3 ဆိုတာ ပြန်လည်မွမ်းမံထားတဲ့ လက်မှုပညာရဲ့ အနက်ဖွင့်ဆိုချက်တစ်ခုပါ။ ကောက်ကြောင်းပေါ် Corning® Gorilla® Glass ထဲမှာ ထည့်သွင်းတည်ဆောက်ထားပြီး ၆.၁ မီလီမီတာအထိရှိတဲ့ ပါးလွှာသော အစွန်းဖြစ်အောင် ပြုလုပ်ထားသော ZenFone 3 မှာ စိန်ဖြတ်တောက်မှု နည်းပညာသုံးကာ အချိုးကျစွာဖြတ်ထားသော လျောဆင်းတစ်ခုနဲ့ အချောသတ်ထားတဲ့ ပြေပြစ်ကျော့ရှင်းသော ဘက်စုံမြင်ဒီဇိုင်းတစ်ခု ရှိနေပါတယ်။ ZenFone 3 ကို ဆုပ်ကိုင်ရန်ဆိုခြင်းမှာ ပြီးမြောက်အောင်မြင်သွားသည့် ပြင်းပြသော စိတ်ကူးအိမ်မက်ဖြစ်သည့် ယနေ့ခေတ်ကာလရဲ့ အနုပညာကို နှစ်သက်ခံစားရန်လို့ ဆိုလိုခြင်းပါ။
Beauty အကြောင်း ပိုမိုလေ့လာရန်
၆.၁၆ မီလီမီတာ
ပါးလွှာသော သတ္ထုဘောင်
၀.၁၈မီလီမီတာ
စိန်းဖြတ်တောက်မှုနည်းပညာသုံး အနားစောင်း
ဖန်သားမျက်နှာပြင်
ကျယ်ပြန့်၊ တောက်ပပြီး အနုစိတ်ကျကျ ထုပ်ပိုးထားခြင်း
ZenFone 3 မှာ အသေးစိတ်အချက်အလက်တိုင်းကို ပြသမယ့်၁၉၂၀×၁၀၈၀ Full HD မြင်ကွင်းပြတ်သားမှုနဲ့ အကောင်းဆုံးသော အလင်းရောင်အောက်တွင်ပင် ပိုမိုလွယ်ကူစွာ မြင်နိုင်သော အလင်းရောင်သိပ်သည်းဆ ၆၀၀ nit တို့နဲ့အတူ ၅.၂ လက်မ သို့မဟုတ် ၅.၅ လက်မရှိ အံသြဖွယ် မျက်နှာပြင်တစ်ရပ် ပါရှိပါတယ်။ အပြင်မှာဖြစ်စေ သို့မဟုတ် အခန်းတွင်းမှာဖြစ်စေ ZenFone 3 ပေါ်မှာ သင်မြင်သမျှ အရာအားလုံးမှာ ရှင်းလင်းနေပါတယ်။ အလွန်ပါးလွှာသော ၂.၁ မီလီမီတာရှိအနားကွပ်၊ အံ့သြဖွယ်ရာ မျက်နှာပြင်-ကိုယ်ထည် အချိုး ၇၇.၃ % အထိ ရှိခြင်းတိုနဲ့အတူ မျက်နှာပြင်ခင်းကျင်းပြသမှု ပိုများပြီး ထုထည်ပမာဏကြီးမားမှု နည်းပါးသွားပါတယ်။
* ZenFone 3 ဖန်သားမျက်နှာပြင်အရွယ်မှာ နယ်ပိုင်နက်အလိုက် အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။
Beauty အကြောင်း ပိုမိုလေ့လာရန်
၁၉၂၀X၁၀၈၀
Super IPS+ မျက်နှာပြင်
အထိ
၆၀၀ nits
တောက်ပမှု
၂.၁ မီလီမီတာ
ပါးလွှာသော အနားကွပ်
အထိ
၇၃%
မျက်နှာပြင်-ကိုယ်ထည်အချိုးအစား
PixelMaster 3.0
သဘာ၀ကျမှု၊ လျင်မြန်မှုနဲ့ တည်ငြိမ်မှုတို့ကို အမိအရယူလိုက်ပါ
နောက်မျိုးဆက်သစ် PixelMaster 3.0 က ZenFone 3 ရဲ့ ဓာတ်ပုံရိုက်ကူးမှုကို စမတ်ဖုန်းသတ်မှတ်ချက်ထက် ကျော်လွန်သွားစေရန် မြှင့်တင်ပေးထားပါတယ်။ သဘာ၀ကမ္ဘာ စစ်စစ်ကို ရိုက်ကူးဖို့အတွက် PixelMaster 3.0 မှာ နောက်ဆုံးပေါ် Sony® IMX298 အာရုံခံစနစ်၊ ကြီးမားသော f/2.0 အပါချာအလင်း၀င်ပေါက်နဲ့ ခြောက်လုံးတွဲ Largan မှန်ဘီလူးတို့ပါရှိတဲ့ 16MP ကင်မရာတစ်လုံးနဲ့ အမျိုးမျိုးသော အကွာအဝေး၊ ၀.၀၃ စက္ကန့်အတွင်း ရှင်းလင်းစွာ မီးထိုးပေးခြင်းတို့အတွက် ပုံရိပ်ခြေရာခံ TriTech အလိုအလျောက်ဆုံချက်တို့ကို ထည့်သွင်းထားပါတယ်။ ဒါတွေအားလုံးကို ခြစ်ရာ၊ ရှရာတွေဒဏ်ကို အသေအချာခံနိုင်ရန် လုံး၀ဥသုံ ရှင်းလင်းပြတ်သားသော နီလာမှန်များဖြင့် ကာကွယ်ပေးထားပါတယ်။ မှုန်ဝါးမှုကင်းသော ရိုက်ချက်နဲ့ ဗွီဒီယိုများအတွက် အမြင်အာရုံနှင့် အီလက်ထရောနစ် ပုံရိပ်တည်ငြိမ်စေခြင်း၊ စစ်မှန်သောအရောင်များပါရှိသော ဓာတ်ပုံရိုက်ကူးမှုအတွက် အရောင်ပြင်အာရုံခံစနစ်၊ စစ်မှန်သော 4K UHD ဗွီဒီယိုမှတ်တမ်းတင်ခြင်းတို့နဲ့ဆိုရင် စမတ်ဖုန်းကင်မရာများအကြောင်း သင်သိသမျှကိုမေ့ပစ်လိုက်ပါ။ PixelMaster 3.0 တော်လှန်ရေးက ဒီနေရာကို ရောက်ရှိနေပါပြီ။
PixelMaster 3.0 အကြောင်း ပိုမိုသိရှိနိုင်ရန်
16MP
ဓာတ်ပုံများ
Sony
IMX298
ကင်မရာအာရုံခံစနစ်
4K
ဗွီဒီယိုများ
ƒ/2.0
အပါချာအလင်း၀င်ပေါက်
6P
Largan မှန်ဘီလူး
0.03 စက္ကန့်
TriTech AF
OIS & EIS
ဓာတ်ပုံများနှင့်ဗွီဒီယိုများ
နီလာသတ္ထုသုံး
မှန်ဘီလူးကာ
TriTech AF
အလွန့်အလွန်လျင်မြန်သည့် ၀.၀၃ စက္ကန့်သာရှိသော ပုံရိပ်ဆုံချက်နဲ့ ရွေ့လျားရိုက်ကူးမှု
ZenFone 3 မှာ အခြားစမတ်ဖုန်းကင်မရာတွေမှာမရှိတဲ့ တစ်စုံတစ်ခုရှိနေပါတယ်။ အဲဒါကတော့ ယင်းရဲ့မူပိုင်တွေဖြစ်တဲ့ TriTech အလိုအလျောက်ဆုံချက် နည်းပညာပဲ ဖြစ်ပါတယ်။ စမတ်ဖုန်းကမ္ဘာမှာ ပထမဦးဆုံးအကြိမ်အဖြစ် ဆုံချက်နည်းပညာသုံးမျိုးဖြစ်သော လေဆာ၊ ရှုထောင့်ဖမ်းကိရိယာနဲ့ စဉ်ဆက်မပြတ် အလိုအလျောက်ဆုံချက်တို့ကို — သဟဇာတဖြစ်သော စနစ်တစ်ခုအဖြစ် ပေါင်းစည်းပေးခြင်းပဲ ဖြစ်ပါတယ်။ ရှင်းလင်းတဲ့ ဆုံချက်တစ်ခုကို ရှုခင်းအားလုံးအတွက် အခြေအနေအမျိုးမျိုးမှာ ၀.၀၃ စက္ကန့်မျှသာ ကြာတဲ့အချိန်မှာ ရရှိနိုင်ပြီး ဤမြန်နှုန်းက သင့်ရဲ့ မျက်စိတစ်မှိတ်တာကာလထက် ဆယ်ဆ (၁၀×) အထိ ပိုမြန်ပါတယ်။
PixelMaster 3.0 အကြောင်း ပိုမိုသိရှိနိုင်ရန်
၀.၀၃ စက္ကန့်
လေဆာစနစ်သုံး အလိုအလျောက်ဆုံချက်
၀.၀၃ စက္ကန့်
ရှုထောင့်ဖမ်း အလိုအလျောက်ဆုံချက်
စဉ်ဆက်မပြတ်
အလိုအလျောက် ဆုံချက်
OIS & EIS
တုန်ခါမှုကင်းသော ဓာတ်ပုံတွေနဲ့ ဗွီဒီယိုတွေကို တည်ငြိမ်စွာ ရိုက်ကူးလိုက်ပါ
ဓာတ်ပုံရိုက်နေစဉ်မှာ ဝင်ရိုးလေးချောင်းပါ လက်လှုပ်ခြေလှုပ်ထိန်း (OIS) အာရုံခံစနစ်တွေက သင့်လက်လှုပ်ရှားမှုကြောင့်ဝေဝါးသောဓာတ်ပုံတွေ မဖြစ်ရလေအောင် အာရုံခံကြိုတင်ကာကွယ်ပေးပါတယ်။ ဗွီဒီယိုတွေအတွက်ဆိုရင်တော့ ဝင်ရိုးသုံးချောင်းပါ အီလက်ထရောနစ်ပုံရိပ် လက်လှုပ်ခြေလှုပ်ထိန်းစနစ် (EIS) က သင့်လက်နဲ့ ကိုင်ဆောင်ရိုက်ကူးတဲ့ဗွီဒီယိုတွေကို မြဲမြဲမြံမြံ တည်တည်ငြိမ်ငြိမ် ရှိစေပါတယ်။
PixelMaster 3.0 အကြောင်း ပိုမိုသိရှိနိုင်ရန်
၀င်ရိုး ၄ ချောင်း
OIS
အရပ်မျက်နှာ ၈ မျက်နှာ
OIS ဖာထေးမှု
၀င်ခွင့်ပြုအလင်းပမာဏ ၄ ဆ
OIS တည်ငြိမ်မှု
၀င်ရိုး ၃ ချောင်း
EIS
အရပ်မျက်နှာ ၆ မျက်နှာ
EIS ဖာထေးမှု
တကယ့်
ရှုခင်းတွေအလားထင်ရတဲ့ သဘာ၀ကျသောဓာတ်ပုံများ
ဓာတ်ပုံတွေက အာရုံခံစနစ်ပေါ်က ရုပ်သံဖမ်းစက်တစ်ခုကနေ အခြားတစ်ခုသို့ အလင်းဖိုတွန်များ စိမ့်၀င်ခြင်းကို ကာကွယ်ပေးတဲ့ အလင်းကာအကန့် ထည့်သွင်းခြင်းနည်းပညာပါရှိခြင်းကြောင့် အပြင်မှာသင်မြင်ရတဲ့အတိုင်း သဘာ၀ကျကျ ပေါ်ထွက်လာမှာဖြစ်ပြီး ပိုမိုရှင်းလင်းတဲ့ အနုစိတ်လက်ရာကို ရရှိစေပါတယ်။ အရောင်ပြင်အာရုံခံစနစ်က ပုံမှန်မဟုတ်သော အလင်းရောင်ရ ပုံရိပ်တွေကို ရှာဖွေဖမ်းယူပေးပြီး ယင်းတို့ကို ရရှိလာတဲ့ ဓာတ်ပုံပေါ်မှ သဘာ၀ကျကျဖြစ်စေရန် ပြင်ဆင်ပေးပါတယ်။ ယင်းတို့ကို တစ်ခုတည်းသော အနုစိတ်ကျ ဓာတ်ပုံတစ်ပုံဖန်တီးပေးတဲ့ 4x Super Resolution ဖီးချားနဲ့ ရရှိလာသော HDR ဓာတ်ပုံတွေကို သင်ဘောင်ကွပ်ထားသလို မှန်ကန်စွာပြသပေးတဲ့ Real-time HDR တို့နဲ့ ဖန်တီးပေးတာဖြစ်ပါတယ်။
PixelMaster 3.0 အကြောင်း ပိုမိုသိရှိနိုင်ရန်
အလင်းကာအကန့်
နည်းပညာ
အရောင်ပြင်
အာရုံခံစနစ်
64MP
Super Resolution
Real-time
HDR
စွမ်းဆောင်ရည်
ရှေ့မျက်နှာပြင်တိုင်းပေါ်က ရာနှုန်းပြည့်မြန်နှုန်း
ZenFone 3 ရဲ့ ကျော့ရှင်းသောအလှတရားက 64-bit၊ 2.0GHz octa-core Snapdragon™ 625 ပရိုဆက်ဆာ၊ ၄ ဂစ်ဂါဘိုက်ရှိ မန်မိုရီနဲ့ ဒက်စတော့အဆင့်ရှိ Adreno™ 506 ဂရက်ဖစ် စွမ်းဆောင်မှုတို့အပါအ၀င် ကြောက်ခမန်းလိလိကောင်းမွန်သော စွမ်းအားကို ဖုံးအုပ်ထားတာပါ။ စွမ်းအင်ကြီးမားသော ဤပရိုဆက်ဆာမှာ စွမ်းအင်သုံးစွဲမှုကို ၃၅ ရာနှုန်းအထိ လျော့ချပေးစဉ်မှာ အမြင့်ဆုံးသော စွမ်းဆောင်ရည်ကို ဖော်ဆောင်ပေးဖို့အတွက် လုံး၀ဥသုံပြောင်းလဲထားသော 14nm ဖင်းဖက်လျှပ်ကူးပစ္စည်းများ (FinFETs) ပါရှိပါတယ်။ ထို့ပြင် မိုဘိုင်းနဲ့ ဝိုင်ယာလက် မြန်နှုန်းမြှင့်လည်း ပါပါသေးတယ်။ ZenFone 3 မှာ ကဒ်တစ်ခုခုကနေ တစ်စက္ကန့်လျှင် ၃၀၀ မီဂါဘိုက် (အမျိုးအစား ၇) အထိဒေါင်းလော့လုပ်နိုင်ဖို့အတွက် လုံး၀ဥသုံ ပျော့လွယ်ပြင်လွယ်ဖြစ်တဲ့ 4G/3G ဆင်းမ်ကဒ်နှစ်ခုစာ နေရာနဲ့ ၄၃၃ မီဂါဘိုက်အထိ ရရှိစေမယ့်ဝိုင်ဖိုင်ချိတ်ဆက်မှုတွေအတွက် နောက်ဆုံးပေါ် 802.11ac နည်းပညာလည်း ပါရှိပါတယ်။ ZenFone 3 က အရှိန်မြှင့်ထားသော အားသွင်းခြင်းကိုလည်း ကမ်းလှမ်းပေးထားပြီး နှစ်နာရီကြာ စကားပြောဆိုဖို့အတွက် စွမ်းအားပြည့်၀သော ၃၀၀၀ mAh ဘက္ထရီအတွင်းကို ငါးမိနစ်မျှ အားသွင်းပေးရပါတယ်။ ထို့အပြင် အခြေအနေအမျိုးမျိုးမျိုးမှာရတဲ့ ချိတ်ဆက်ရန် အဆင်ပြေလွယ်ကူမှုအတွက် ပြင်ဆင်ပေးနိုင်တဲ့ USB-C လည်း ပါရှိပါတယ်။
စွမ်းဆောင်ရည်အကြောင်း ပိုမိုသိရှိလိုပါက
Qualcomm
S625
CPU
14nm
CPU လုပ်ငန်းစဉ်
၄ ဂစ်ဂါဘိုက်
RAM
Adreno
506
GPU
၃၅%
စွမ်းအင်သက်သာမှု
အထိ
တစ်စက္ကန့်လျင် ၃၀၀မီဂါဘိုက်
Cat 7 LTE
4G/3G
DSDS
802.11ac
တစ်စက္ကန့်လျင် ၄၃၃ မက်ဂါဘိုက်
ဝိုင်ဖိုင်
လျင်မြန်သောအားသွင်းခြင်း
၂ နာရီကြာ စကားပြောချိန်
၅ မိနစ်မျှ အားဖြည်ရုံဖြင့်
USB-C
အပေါက်
တို့ထိလုံခြုံရေး
လက်ဗွေရာအာရုံခံစနစ်နဲ့အတူပါရှိသည့် များစွာသော ကောင်းမွန်မှုများ
ZenFone 3 ရဲ့ ကျောဘက် လက်ဗွေအာရုံခံစနစ်ကို သင့်ဖုန်းကို သင်ကိုင်တဲ့နည်းလမ်းအတွက် အကောင်းဆုံးသော အနေအထားမှာ ထားရှိထားတာပါ။ ယင်းက ZenFone 3 ကို ၀.၂ စက္ကန့်အတွင်း သော့ဖွင့်ပေးနိုင်ပြီး ဒါ့အပြင် ကောင်းမွန်တဲ့ အခြားအရာများစွာလည်း ပါရှိပါသေးတယ်။
စွမ်းဆောင်ရည်အကြောင်း ပိုမိုသိရှိလိုပါက
၀.၂ စက္ကန့်
သော့ဖွင့်
လက်ချောင်း ၅ ချောင်း
အသိမှတ်ပြုခြင်း
၃၆၀ °
အသိမှတ်ပြုခြင်း
မျိုးစုံ
အပ်(ပ်)ပေါင်းစည်းမှု
ချော့မွေ့သော အလွှာတင်ခြင်း
စိန်းဖြတ်တောက်မှုနည်းပညာ
အာရုံခံစနစ် IC
FPC
SonicMaster
SonicMaster ပါရှိသော ပြိုင်ဘက်ကင်း စမတ်ဖုန်းအော်ဒီယို
ZenFone 3 နဲ့ သင်နားဆင်နေတဲ့အခါမှာ အခြားစမတ်ဖုန်းတွေကနေ လွယ်လွယ်ကူကူ ရရှိနိုင်ခြင်းမရှိတဲ့ အော်ဒီယိုနဲ့ နားသောတဆင်နေတာ ဖြစ်ပါလိမ့်မယ်။ ZenFone 3 တစ်ခုတည်းမှာသာ SonicMaster နှင့် High-Res Audio အသိမှတ်ပြုလက်မှတ်တို့ ပါရှိနေလို့ပါ။ အဆင့်မြင့် သံလိုက်ငါးလုံးပါတဲ့ စပီကာ တည်ဆောက်မှု၊ သတ္ထုအသံကွိုင်နဲ့ Smart AMP ဖြင့် မောင်းနှင်လည်ပတ်တဲ့ ဈေးကြီးသော အသံခန်းတို့နဲ့ဆိုရင် အခြေအနေအမျိုးမျိုးမှာ စွမ်းရည်ပြည့်ဝတဲ့ စိတ်ခံစားမှုဖြစ်စေသော အော်ဒီယိုကို သင်နားဆင်နိုင်ပါလိမ့်မယ်။ သုံးဘက်သုံးတန်ကြားနိုင်တဲ့ သီချင်းနားဆင်ရမယ့်အချိန်ကို ရောက်လာပြီဆိုရင်လည်း ZenFone 3 ရဲ့ စီဒီအရည်အသွေးထက် ၄× ဆပိုကောင်းတဲ့ စတူဒီယိုအဆင့်ရှိ 24-bit/192kHz ပလေရာနဲ့ သင်သွားလေရာနေရာတိုင်းမှာ သင်ကြိုက်နှစ်သက်တဲ့ လိုက်ဖက်သော နားကြပ် သို့မဟုတ် နားသွင်းနားကြပ်ကို တပ်ဆင်ပြီး စစ်မှန်သော High-Res အော်ဒီယိုအရည်အသွေးကို ခံစားကြည့်လိုက်ပါ။
စွမ်းဆောင်ရည်အကြောင်း ပိုမိုသိရှိလိုပါက
အသစ်
သံလိုက် ၅ လုံးတွဲ
စပီကာ
၄ ×
CD အရည်အသွေး
Smart
AMP
နည်းပညာ
ZenUI 3.0
ဖြည့်စွက်ဉာဏပါရှိသော ပေါင်းကူးစနစ်သစ်
အလွန့်အလွန်ထူးခြားသော ကိုယ်ထည်ပိုင်းက ခမ်းနားကြီးကျယ်တဲ့ ဆော့ဖ်ဝဲကို လိုအပ်လေ့ရှိပြီး အဲဒီ့ဆော့ဖ်ဝဲကတော့ ZenUI 3.0 ပဲ ဖြစ်ပါတယ်။ ZenFone ရဲ့ ရင်သပ်ရှုမောဖွယ်ရာ ရှေ့ဘက်အစွန်းပိုင်းက စံပြုပေါင်းကူးစနစ်ကို တစ်မူထူးခြားတဲ့ နည်းလမ်းပေါင်း ၁၀၀၀ ကျော်နဲ့ ပိုကောင်းလာစေပြီး ကျွန်တော်တို့ရဲ့ နောက်ဆုံးထုတ်ကုန်မှာ သင့်ရဲ့ မိုဘိုင်းသုံးစွဲမှုအတွေ့အကြုံကို ပိုမိုအားတက်စေရန်၊ ထုတ်လုပ်စွမ်းအား တိုးမြှင့်ရန်နဲ့ နေ့စဉ်ဘ၀ကို အနည်းငယ် ပိုမိုပျော်ရွှင်လာအောင် ပြုလုပ်ပေးရန်တို့အတွက် အသစ်စက်စက် အတွေးအခေါ်တွေ ပါ၀င်နေပါတယ်။ လှုပ်ရှားပုံရိပ်တွေနဲ့ အချိန်ကိုက် ဖော်ပြပေးနေတဲ့ နောက်ဆုံးရ မိုးလေ၀သသတင်းကို ကြည့်ရှုလိုက်ပါ သို့မဟုတ် စတိုင်ကျတဲ့ နာရီ၀စ်ဂက်တစ်ခုနဲ့ အချိန်ကြည့်လိုက်ပါ။ သင့်အပလီကေးရှင်းတွေကို ဆွဲယူရွှေ့လျားနေတာနဲ့အမျှ မျဉ်းပြိုင်အနေအထား ရွေ့လျားခြင်းရဲ့ နက်ရှိုင်းမှုကို ခံစားကြည့်ပါ။ ဒါ့အပြင် သိမ်မွေ့တဲ့ ဝေဝါးနေသော အကျိုးသက်ရောက်မှုက အနီးမြင်ကွင်းပေါ်မှ သင့်ရဲ့အာရုံစိုက်မှုကို ထိန်းထားတဲ့ပုံကိုလည်း နှစ်သက်သဘောကျကြည့်ပါ။ ZenUI 3.0 က ပေါင်းကူးစနစ်တစ်ခုဖြစ်နေယုံတင် မကပါဘူး၊ နေရာတိုင်းမှာ သင်နဲ့လိုက်ပါနေမယ့်အကောင်းဆုံးသော သူငယ်ချင်းလည်း ဖြစ်ပါတယ်။
ZenUI အကြောင်း ပိုမိုသိရှိရန်
Game Genie
စမတ်ကျကျ ဂိမ်းကစားခြင်း၊ လျင်လျင်မြန်မြန် အနိုင်ရရှိခြင်း၊ ချောမွေ့သော နားဆင်ကြည့်ရှုခြင်း
Game Genie က ZenUI 3.0 ရဲ့ ဖီးချားအသစ်စက်စက်တစ်ခုဖြစ်ပြီး သင့်ကစားချိန်ကို တိုးမြှင့်ပေးတဲ့ အရမ်းကောင်းသော ဖီးချားတွေနဲ့အတူ ထုပ်ပိုးပေးထားတဲ့အထဲက တစ်ခုပါ။ သင်ကစားတာနဲ့ တစ်ပြိုင်နက် အကြံပြုချက်တွေကို ရှာဖွေမယ့် တွန်းထုတ်ရှာဖွေရေးပြတင်းပေါက်ကို ဆင့်ခေါ်ခြင်း၊ ဆောင်ရွက်မှုကို အရှိန်မြှင့်တင်ပေးမယ့် မြှင့်တင်ရေးဖီးချားတွေကိုအသုံးပြုခြင်း သို့မဟုတ် သင်က အရည်အချင်းပြည့်မီတယ်လို့ သင်ယူဆရင် Youtube သို့မဟုတ် Twitch ကနေတစ်ဆင့် သင့်ရဲ့ဂိမ်းကစားမှုကို တိုက်ရိုက်ထုတ်လွှင့်ခြင်းတို့ကို ဆောင်ရွက်လိုက်ပါ။
ZenUI အကြောင်း ပိုမိုသိရှိရန်
တွဲဖက်ပစ္စည်း
သင့်ရဲ့ ZenFone 3 ကို တွဲဖက်ပစ္စည်းတပ်ဆင်လိုက်ပါ
ကျွန်ုပ်တို့က ZenFone 3 လို တစ်မူထူးခြားလှပတဲ့ စမတ်တွဲဖက်ပစ္စည်းမျိုးစုံကို ဖန်တီးထားပြီး ဖြစ်ပါတယ်။ ZenFone 3 ရဲ့ View Flip Cover က သင့်ပင်ကိုယ်စရိုက်နဲ့လိုက်ဖက်တဲ့ စတိုင်ကျသော အသွင်အပြင်တစ်ရပ်နဲ့အတူ ထပ်ဆောင်းအကာကွယ်ပေးထားတဲ့ ပထမတန်းစားလက်ရာအဆင့်ရှိ ကာဗာဖုံးတစ်ခုဖြစ်ပါတယ်။ ZenPower Pro က သင့်စမတ်ဖုန်းကို အလျင်အမြန် လှုပ်ရှားသက်၀င်စေမယ့်ဖဲခြပ်အရွယ်အတွင်းရှိ စွမ်းအင်ပမာဏမြင့်ဘက်တ္ထရီကို ထုပ်ပိုးပေးထားသော သယ်ယူရလွယ်ကူသည့် ပါဝါဘဏ်တစ်လုံး ဖြစ်ပါတယ်။ ကျစ်လစ်ကြော့မော့ကောင်းမွန်သော ZenTripodd က ZenFone 3 ကို ပရော်ဖက်ရှင်နယ်ကျသော အနားစောင်းနဲ့အတူ ရှင်းလင်းပြီး တုန်ခါမှုကင်းတဲ့ ရိုက်ချက်တွေ ရိုက်ကူးနိုင်စေမယ့်အကောင်းဆုံးသောထောင့်ကို ညွှန်ပြပေးတဲ့ ကောင်းစွာတည်ဆောက်ထားသော ရွှေ့ပြောင်းအသုံးအဆောင်တစ်ခု ဖြစ်ပါတယ်။
(0)