2021 ASUS TUF Gaming F15
Staying Power
တကယ့် Gaming ပိုင်းအပြင် လက်တွေ့ဘဝထဲမှာ အကြမ်းခံနိုင်ဖို့ကို ရည်ရွယ်ထားသည့် TUF Gaming F15 ဟာ သင့်ကို အောင်ပွဲဆီသို့ ခေါ်ဆောင်သွားနိုင်မယ့် Windows 10 Pro Gaming Laptop ဖြစ်ပါသည်။ GeForce RTX™ 3060 GPU ဟာ 100% sRGB ပါဝင်သည့် 240Hz Display ပေါ်မှာ ချောမွေ့စွာဂိမ်းဆော့ကစားနိုင်မှာဖြစ်ပါသည်။ တစ်ချိန်တည်းမှာလည်း Intel® Core™ i9-11900H CPU ဟာ CPU စွမ်းဆောင်ရည်ကို ပိုမြှင့်တင်ပြီး အသံထွက်ကိုတည်ငြိမ်စေနိုင်မည့် အဆင့်မြှင့်တင်ထားသည့် Cooling နည်းပညာကို အသုံးပြုထားပါသည်။ ရေရှည်အသုံးခံနိုင်မည့် 90Wh Battery ဟာ TUF အမှတ်တံဆိပ်ရဲ့ Military-grade အကြမ်းခံနိုင်စွမ်းနှင့်ပေါင်းစပ်လိုက်သည့်အခါ သင့်ကို အကောင်းဆုံးဂိမ်းပွဲထဲမှာ ဘယ်နေရာမှာမဆိုရှိနေစေမှာပါ။
FX506HCB-HN292W
$1,199
Graphite Black
- 15.6-inch
- FHD (1920 x 1080) 16:9
- Windows 11 Home
- Intel® Core™ i7-11800H Processor 2.3 GHz (24M Cache, up to 4.6 GHz, 8 Cores)
- 8GB DDR4-3200 SO-DIMM
- NVIDIA® GeForce RTX™ 3050 Laptop GPU
- 512GB M.2 NVMe™ PCIe® 3.0 SSD
- TUF Gaming backpack
- P304 TUF GAMING M5 V2
FX506HEB-HN282W
$1,249
Graphite Black
- 15.6-inch
- FHD (1920 x 1080) 16:9
- Windows 11 Home
- Intel® Core™ i7-11800H Processor 2.3 GHz (24M Cache, up to 4.6 GHz, 8 Cores)
- 8GB DDR4-3200 SO-DIMM
- NVIDIA® GeForce RTX™ 3050 Ti Laptop GPU
- 512GB M.2 NVMe™ PCIe® 3.0 SSD
- TUF Gaming backpack
- P304 TUF GAMING M5 V2
FX506HF-HN007W
$799
Graphite Black
- 15.6-inch
- FHD (1920 x 1080) 16:9
- Windows 11 Home
- Intel® Core™ i5-11400H Processor 2.7 GHz (12M Cache, up to 4.5 GHz, 6 Cores)
- DDR4 8GB
- NVIDIA® GeForce RTX™ 2050 Laptop GPU
- 512GB PCIe® 3.0 NVMe™ M.2 SSD
- TUF Gaming backpack
- P304 TUF GAMING M5 V2
DESIGN
STUN WITH STYLE
ကျေ့ာရှင်းသည့် Eclipse Gray သို့မဟုတ် ထင်ရှားနေမည့် Graphite Black အရောင်ရွေးချယ်မှုတွေနှင့် သင့်ရဲ့ ကိုယ်ပိုင်စတိုင်လ်ကို ဖော်ပြလိုက်ပါ။ အောက်ခြေမှာရှိသည့် Textured Honeycomb Design ဟာ ပိုပြီး မြဲမြံစေမှာဖြစ်ပြီး ဆဠဂံပုံစံဒေါက်တိုင်တွေဟာ ကိုယ်ထည်ကို ပိုပြီး အကြမ်းခံစေမှာဖြစ်ပါသည်။ လက်ဖမိုးထားသည့်နေရာမှာလည်း ဆံသားမျှင်ပုံစံ Brush Stroke တွေထည့်သွင်းပြီး ရှင်းလင်းပြီး Professional ဆန်သည့် တည်ငြိမ်သည့်ပုံစံဖြစ်နေမှာပါ။
Honeycomb Grip
Textured Honeycomb Grip ဟာ ကိုယ်ထည်အောက်ခြေကို ဖုံးအုပ်ထားပြီး တိကျစွာပြုလုပ်ထားသည့်အပေါက်တွေက Cooling Vent အနေနဲ့ ဆောင်ရွက်မှာဖြစ်ပါသည်။
Smart and Striking
သင့်ရဲ့ ကိုယ်ပိုင်စတိုင်လ်ကို ပြနိုင်ဖို့ ထင်ရှားသည့် Graphite Black နှင့် ကျော့ရှင်းသည့် Eclipse Gray အရောင်များဖြစ်ပါသည်။
Brushed Metal Finish
ထင်းနေသည့် ဆံသားမျှင်အလား Brushstroke တွေဟာ ကိုယ်ထည်ပေါ်မှာ လှပပြီး ကျော့ရှင်းနေစေမှာဖြစ်ပါသည်။
PERFORMANCE
TAKE ON ANY CHALLENGE
အမြဲတမ်း တိုက်ပွဲတွေအတွက် အသင့်ဖြစ်နေလိုက်ပါ။ TUF Gaming F15 ဟာ Gaming ၊ Streaming အပြင် အားလုံးသောအလုပ်ကိစ္စတွေအတွက် အကောင်းဆုံးစွမ်းဆောင်နိုင်မှာဖြစ်ပါသည်။ အမြင့်ဆုံး 8-core, 16-thread Intel® Core™ i9-11900H CPU ဟာ Multitasking နှင့် တခြားသောဆောင်ရွက်မှုတွေအတွက် အကောင်းဆုံးအသုံးချနိုင်မှာဖြစ်ပါသည်။ နောက်ဆုံးထွက် GeForce RTX™ 3060 GPU ဟာ လက်ရှိခေတ်ပေါ်ဂိမ်းတွေအများအပြားကို Frame Rate အမြင့်ပိုင်းဖြင့် ချောမွေ့စွာဆော့ကစားနိုင်စေမှာဖြစ်ပါသည်။ 1TB အထိရရှိနိုင်မည့် အလွန်မြန်ဆန်သည့် NVMe PCIe® SSD ဟာ Loading Time တွေကို မြန်ဆန်စေမှာဖြစ်ပြီး နောက်ထပ် SSD Slot တစ်ခုပါဝင်တာကြောင့် သင့်ဂိမ်းတွေကို Terabyte နှင့်ချီပြီး ထပ်မံတိုးချဲ့နိုင်စေမှာပါ။
WINDOWS 10 PRO
INTEL®
CORE™ i9-11900H
CPU
NVIDIA® GeForce
RTX™ 3060
GPU
Up to 32 GB
3200MHz
DDR4 RAM
1TB SSD
NVMe® PCIe®
2X SSD
Slots
Visuals
SPEED TO VICTORY
ဂိမ်းတွေကို Professional တစ်ယောက်လို အမြင့်ဆုံး 240Hz အမြန်နှုန်းမျိုးဖြင့် 100% sRGB IPS-level Panel မှာဆော့ကစားလိုက်ပါ။ Adaptive-Sync နည်းပညာဟာ Display Refresh Rate ကို GPU Frame Rate ဖြင့် Sync ပြုလုပ်ပေးနိုင်ပြီး Lag ၊ Stuttering နှင့် Visual Tearing တွေကို လျော့ချပေးပြီး ပိုမိုချောမွေ့ပြီး ဂိမ်းဆော့ကစားမှုတွေကို ပိုမို Immersive ဖြစ်စေမှာဖြစ်ပါသည်။ G-SYNC® နှင့် DisplayPort™ 1.4 ကိုထောက်ပံ့ပေးထားသည့် USB 3.2 Gen 2 Type-C™ Port ကနေတစ်ဆင့် ဒုတိယ Monitor တစ်ခုကို ချိတ်ဆက်ပြီး သင့် Multitasking စွမ်းဆောင်ရည်ကို အဆင့်မြှင့်တင်လိုက်ပါ။ HDMI 2.0b ဖြင့် ပိုမိုကြီးမားသည့် TV တွေမှာ 4K Ultra HD ရုပ်ရှင်၊ ဗီဒီယိုတွေနှင့် ဂိမ်းတွေကို ဆော့ကစားလိုက်ပါ။
*Thunderbolt 4 available in select models only.
Speedy
240Hz
display
IPS-level
100% sRGB
PANEL
Smooth
Adaptive-Sync
technology
Audio
CRYSTAL CLEAR AUDIO
အဆင့်မြင့်တင်ထားသည့် Speaker ၂ လုံးနှင့် Audio Cut-out ၄ ခုဟာ အကောင်းဆုံးသော အသံအရည်အသွေးကို ပေးစွမ်းနိုင်မှာဖြစ်ပါသည်။ DTS:X™ Ultra နည်းပညာဟာ Stereo Headset တွေနဲ့တွဲဖက်အသုံးပြုသည့်အချိန်မှာ ရုပ်ရှင်ရုံအသံထွက်မျိုးရရှိစေမည့် 7.1 Channel Virtual Surround Sound ကို ရရှိစေမှာဖြစ်ပါသည်။ သင့်ရန်သူတွေရဲ့ တည်နေရာကို Surround Sound ကနေ ဖော်ပြပေးနိုင်သည့် Enhanced Spatial Awareness ကြောင့် သိနိုင်သလို Musical Performance တွေမှာလည်း အသံထွက်အပိုင်းမှာ တစ်လွှာချင်းစီ ခွဲခြားပြီး ခံစားနိုင်မှာဖြစ်ပါသည်။ သီချင်း၊ ရုပ်ရှင်နှင့် Gaming တွေအတွက် သင့်ခံစားမှုကို ပိုအဆင့်မြှင့်တင်ပေးနိုင်မည့် Preset Mode ၈ ခုပါဝင်သလို Built-in Equalizer ကလည်း သင့် Setting တစ်ခုချင်းစီကို အနုစိတ်ပြင်ဆင်နိုင်မှာဖြစ်ပါသည်။
Optimized
Strategy/RPG/Shooter
audio modes
7.1-channel
Surround Sound
experience
Two-way
AI Noise Cancelation
technology
TWO-WAY AI NOISE CANCELATION
အဆင့်မြင့် Two-Way AI Noise Cancelation ဟာ Upstream နှင့် Downstream Connection ၂ ခုစလုံးမှာ အလုပ်လုပ်မှာဖြစ်ပြီး သင့်ရဲ့ Mic Input နှင့် ဝင်ရောက်လာသည့်အသံတွေက မလိုအပ်သည့် ဆူညံသံတွေကိုဖယ်ရှားပေးနိုင်မှာဖြစ်ပါသည်။ App တစ်ခုချင်းစီအလိုက် Audio Setting တွေကို ပြင်ဆ်ထားနိုင်ပြီး Voice Chat App တွေကို Filter ပြုလုပ်ထားနိုင်တာကြောင့် Game Audio ကို ထိစရာမလိုအပ်ဘဲ ကြည်လင်ပြတ်သားသည့် In-game Communication တွေကို ပြုလုပ်နိုင်စေမှာဖြစ်ပါသည်။ ကျွန်တော်တို့ရဲ့ Noise-canceling နည်းပညာဟာ CPU အပေါ်မှာ မောင်းနှင်တာကြောင့် GPU ကို Gaming Performance အတွက်ပဲ သီးသန့်အနေနဲ့ အမြင့်ဆုံးစွမ်းဆောင်နိုင်စေမှာဖြစ်ပါသည်။
Thermal
LASTING COOL
တိကျသေချာစွာပြုလုပ်ထားသည့် Cooling ဟာ သင့်စက်ကို အချိန်သက်တမ်းကြာမြင့်စွာအသုံးပြုတဲ့အချိန်မှာ စွမ်းဆောင်ရည်အမြင့်မားဆုံးကို အမြဲတမ်းရရှိစေအောင် အာမခံပေးနိုင်မှာဖြစ်ပါသည်။ Heatsink ၃ ခုအပြင် Heatpipe ၄ ခုဟာ သင့် Hardware တွေက အပူကို လျှင်မြန်စွာဖယ်ရှားပေးနိုင်မှာဖြစ်ပါသည်။ Self-cleaning Cooling 2.0 Design ကလည်း Device တစ်ခုချင်းစီရဲ့ Cooling System ကို အချိန်အကြာကြီး ကောင်းမွန်နေစေဖို့ အာမခံနိုင်ပါသည်။ တစ်ဖက်မှာလည်း Operating Mdoe တွေဟာ လုပ်ဆောင်နေသည့်တာဝန်အပေါ်မှုတည်ပြီး Performance နှင့် အသံဆူညံမှုကို သင့်လိုအပ်ချက်အပေါ်မှုတည်ပြီး မျှတအောင် ပြင်ဆင်ထိန်းညှိပေးနိုင်ပါသည်။
Self-Cleaning
COOLING 2.0
+10% airflow
11% quieter
in performance mode
Portability
LIVE LONG AND TRAVEL FAR
ဘဝက ဘယ်လိုမျိုးအခြေအနေတွေကို ခေါ်ဆောင်သွားပါစေ၊ ယုံကြည်ရသူတစ်ယောက်ကို ဘေးနား အမြဲထားဖို့က လိုအပ်ပါသည်။ ပေါ့ပါးပြီး အချိန်ကြာမြင့်စွာအသုံးပြုနိုင်သည့် Laptop ဟာ သင့်ကို နံရံတွေကမှာ တွဲကပ်နေစရာမလိုအပ်ဘဲ ကမ္ဘာကြီးဖြင့် ချိတ်ဆက်နိုင်စေမှာဖြစ်ပါသည်။ ပါဝါစားသုံးမှုသက်သာသည့် Intel® Core™ Processor နှင့် ကြီးမားသည့် 90Wh Battery ပေါင်းစပ်မှုဟာ Video Playback ပြုလုပ်မှုမှာ ၁၄.၇ နာရီ အသုံးခံနိုင်ပြီး သင့်ကို အပြင်မှာရောက်နေတဲ့အချိန်မျိုးမှာ ပိုမိုကြည့်ရှုန်ုင်စေမှာပါ။ မြန်ဆန်ပြီး စိတ်ချရသည့် Wi-Fi 6 (802.11ax) ဟာ သင့်တော်သည့်ကွန်ရက်တွေရှီတာနှင့် Web ကို ချိတ်ဆက်ပြီး အလုပ်တွေကို ဘယ်နေရာမှာမဆို Productive ဖြစ်နေစေမှာပါ။
*Battery life may vary based on system configuration.
90Wh
Battery
Up to
9.4 hours
Web Browsing
Up to
14.7 hours
Video playback
50% IN 30 MINS
FAST CHARGING
TECHNOLOGY
Durability
MILITARY-GRADE TOUGHNESS
TUF Gaming နာမည်ကို ရရှိဖို့အတွက် Laptop တွေဟာ အလွန်ကြမ်းတမ်းသည့်စစ်ပွဲတစ်ခုအလား MIL-STD-810H စမ်းသပ်မှုတွေကို အောင်မြင်ဖို့ လိုအပ်ပါသည်။ စမ်းသပ်ထားသည့် Device တွေဟာ ပြုတ်ကျဒါဏ်၊ တုန်ခါမှုဒါဏ်၊ စိုထိုင်းမှုနှင့် အလွန်ကြမ်းတမ်းသင့်အပူချိန်တွေမှာ ယုံကြည်စိတ်ချစွာအသုံးပြုနိုင်စေမှာဖြစ်ပါသည်။ အခက်ခဲဆုံးအချိန်တွေအတွက်မှာတောင် မှီခိုနိုင်စေဖို့ ရည်ရွယ်ထုတ်လုပ်ထားသည့်အတွက် F15 ဟာ နေ့စဥ်ဘဝမှာ ကြုံတွေ့နေရသည့် မတော်တဆထိခိုက်မှုတွေကို အသာလေးကျော်ဖြတ်နိုင်မှာပါ။
DROP
SHAKE
HEAT
COLD
HUMIDITY
REDUCED FALL DAMAGE
Drop Test တွေဟာ TUF Gaming Laptop တိုင်းကို မမျှော်လင့်ထားသည့် ပြုတ်ကျမှုတွေ၊ ထိခိုက်မှုတွေ၊ သယ်ဆောင်သည့်အချိန်နှင့် နေ့စဥ်အသုံးပြုမှုတွေမှာ တိုက်မိတာတွေကနေ ထိခိုက်မှုမဖြစ်ရအောင် ကာကွယ်ပေးနိုင်ပါသည်။ MIL-STD-810H Standard ကို ပြည့်မှီဖို့အတွက် Device တွေကို အနိမ့်မှပြုတ်ကျမှုတွေကို ခံနိုင်ရည်ရှိအောင် စမ်းသပ်ထားပါသည်။ A15 ကို သင့်ရဲ့ Backpack ထဲပစ်ထည့်ပြီး ကျောပေါ်မှာ စိတ်ပူပန်မှုလုံးဝမရှိဘဲ နေရာတိုင်းကို သယ်ဆောင်သွားလိုက်ပါ
*Please refer to the shock bench handling test, method 516.8, procedure
VI for the exact test conditions.
TRAVEL EASY
သင့် Device ကို လေယာဥ်၊ ရထား သို့မဟုတ် ကားပေါ်မှာ သယ်ဆောင်သွားသည့်အချိန်မှာ Device ရဲ့ အတွင်းပိုင်းအစိတ်အပိုင်းတွေကို ထိခိုက်နိုင်သည့် တုန်ခါမှုတွေနှင့် ကြုံတွေ့ရတတ်ပါသည်။ သေချာစွာစမ်းသပ်ထားသည့် တုန်ခါမှုခံနိုင်စွမ်း စမ်းသပ်မှုတွေဟာ သင့်ရဲ့ TUF Gaming Laptop ကို အစိတ်အပိုင်းတွေရွေ့သွားပြီး အလုပ်လုပ်နိုင်စွမ်းမရှိတာ့မှာကို ခံနိုင်ရည်ရှိပြီး စိတ်ကြိုက်ခရီးသွားလာနိုင်မှာဖြစ်ပါသည်။
*Please refer to the vibration test, method 514.8 for the exact test
conditions.
COOL UNDER FIRE
သင့်ဟာ ကန္တာရအတွင်းမှာ လျှောက်သွားနေတာပဲဖြစ်ဖြစ်၊ ကမ်းခြေမှာ နေပူစာလှုံနေတာပဲဖြစ်ဖြစ် မြင့်မားသည့်အပူချိန်ကို ခံနိုင်ရည်ရှိအောင် စမ်းသပ်ထားသည့် TUF Gaming Laptop ဟာ အမြဲတမ်းသင့်အနီးမှာ ရှီနေစမှာဖြစ်ပါသည်။ အမြင့်မားဆုံး ၄၉ ဒီဂရီဆဲစီးယပ်စ်အထိ နေ့ရက်များစွာအသုံးပြုမှုကို ခံနိုင်ရည်ရှိတာကြောင့် အခု Device တွေဟာ အပူချိန်ကို ကောင်းကောင်းကြီးကို ခံနိုင်မှာဖြစ်ပါသည်။
*Please refer to the high temperature operational test, method 501.7,
procedure II for the exact test conditions.
SERIOUS CHILL
အလွန်အေးစက်နေသည့် အနှုတ် ၃၂ ဒီဂရီဆဲစီးယပ်စ်မှာတောင် TUF Gaming Laptop တွေဟာ ဆက်ပြီး အသုံးပြုနိုင်ဦးမှာဖြစ်ပါသည်။ ဒီလိုမျိုး အံ့အားသင့်ဖွယ်ကောင်းသည့် ခံနိုင်ရည်အားဟာ တကမ္ဘာလုံးမှာရှိသည့် အအေးမြ၊ အကြမ်းတမ်းဆုံးသော နေရာတွေကို သယ်ဆောင်သွားနိုင်ပြီး ခရီးစဥ်မှာလည်း အသုံးဝင်နေစေမှာဖြစ်ပါသည်။
*Please refer to the low temperature operational test, method 502.7,
procedure II for the exact test conditions.
HUMIDITY? NO SWEAT
TUF Gaming Laptop တွေရဲ့ ကိုယ်ထည်ဟာ စိုထိုင်းမှုရာခိုင်နှုန်း ၉၅ ရာခိုင်နှုန်းအထိကို အချိန်ကြာမြင့်စွာခံနိုင်ရည်ရှိအောင် တည်ဆောက်ထားတာဖြစ်ပါသည်။ တကယ်လို့ သင့်အနေနဲ့ စိုထိုင်းကြမ်းတမ်းသည့် အခြေအနေ ရာသီဥတုမျိုးမှာ ခရီးသွားလာနေရရင်လည်း TUF Laptop တွေဟာ အေးဆေးခံနိုင်ရည်ရှိမှာပါ။
*Please refer to the humidity aggravated cycle test, method 507.6,
procedure II for the exact test conditions.
DROP
SHAKE
HEAT
COLD
HUMIDITY
Keyboard
OPTIMIZED FOR GAMING
Gaming အတွက် အထူးပြုလုပ်ထားသည့် Desktop ပုံစံ Keyboard ဖြင့် သင့်ကိုယ်သင် လက်နက်အပြည့်အစုံတပ်ဆင်ပေးလိုက်ပါ။ ညီမျှသည့် RGB Backlighting ဟာ သင့်ကိုယ်ပိုင်ထူးခြားသည့် စတိုင်လ်တစ်ခုကို ပြသနိုင်မှာဖြစ်ပြီး အဓိက Movement Command တွေအတွက် WASD Keys တွေကို Highlight ပြုလုပ်ပေးထားတာကြောင့် သင့်ကို အမြင်ပန်းအရ လျှင်မြန်မှုကို ပေးစွမ်းနိုင်မှာဖြစ်ပါသည်။ Overstroke နည်းပညာဟာ Keystroke တစ်ခုစီတိုင်းမှာ ပိုပြီး မြန်ဆန်သည့် Response ကိုရရှိစေမှာဖြစ်ပြီး ထိန်းချုပ်မှုကိုလည်း ပိုပြီး လွယ်ကူစေမှာဖြစ်ပါသည်။ TUF ဆိုသည့်အတိုင်း Key တစ်ခုစီဟာ အကြိမ်ရေ သန်း ၂၀ ရိုက်နှိပ်မှုကို ခံနိုင်ရည်ရှိမှာဖြစ်ပြီး ရေရှည်မှာ တိကျ၊ အသုံးခံနိုင်ဖို့ကို စိတ်ချရစေမှာဖြစ်ပါသည်။
RGB
Backlight
20 Million
Key presses
Overstroke
Technology
Static
Breathing
Color Cycle
Strobing
Upgradeability
VERSATILE AND UPGRADEABLE
ခေတ်ပေါ်ဂိမ်းတွေနှင့် အနာဂါတ်ဂိမ်းတွေအတွက် သင့်စက်ကို အဆင်သင့်ပြုလုပ်ထားဖို့က အလွန်လွယ်ကူပါသည်။ Easy-upgrade Design ဟာ သင့်ရဲ့ RAM နှင့် SSD ကို တိုးချဲ့ဖို့အလွယ်ကူကူစေမှာဖြစ်ပါတယ်။ သင့်အနေနဲ့ လိုအပ်သမျှအကုန်လုံးက Screwdriver တစ်ချောင်းသာဖြစ်ပြီး Memory Slot နှင့် Storage Bay တွေကို ဝင်ရောက်လဲလှယ်နိုင်စေမှာပါ၊ တစ်ဖက်မှာတော့ Panel ရဲ့ တစ်ဖက်ခြမ်းကို Special Pop-open Screw ကို အသုံးပြုပြီး ဖွင့်လှစ်နိုင်စေမှာဖြစ်ပါသည်။ TUF F15 ဟာ နောက်ဆုံးပေါ် Device တွေကို ချိတ်ဆက်နိုင်စေဖို့အတွက် Thunderbolt™ 4 လည်း ပါဝင်မှာဖြစ်ပါသည်။ Gaming သို့မဟုတ် 3D Rendering ပိုင်းအတွက် သင့် Graphic စွမ်းဆောင်ရည်ကို External GPU အသုံးပြုပြီး မြှင့်တင်ခြင်း၊ သို့မဟုတ် ပိုမိုကောင်းမွန်သည့် Multitasking တွေအတွက် 4K Display ၂ ခုကို ချိတ်ဆက်ဖို့အတွက် လုံလောက်သည့် Bandwidth ကို အသုံးချလိုက်ပါ။
*Thunderbolt 4 available in select models only.
Input/Output
COMPREHENSIVE CONNECTIVITY
I/O Port တွေအများအပြားပါဝင်သည့်အတွက် သင့်အကြိုက်ဆုံး Device တွေကို ချိတ်ဆက်ပြီး ဘယ်နေရာမဆိုစတင်အလုပ်လုပ်နိုင်မှာဖြစ်ပါသည်။ USB 3.2 Type-A Port ၂ ခုဟာ လျှင်မြန်သည့် Data Transfer ပြုလုပ်မှုတွေပြုလုပ်နိုင်မှာဖြစ်ပြီး နောက်ထပ် USB 3.2 Type-A Port ဟာလည်း အသုံးပြုလိုသည့် Peripheral တွေအတွက် စုစုပေါင်း Input ၃ ခုအထိ အသုံးပြုနိုင်မှာဖြစ်ပါသည်။ Bluetooth ကနေလည်း သင့်ကို Mouse ၊ Headphone နှင့် တခြားသော Device တွေကို ကြိုးတွေရှုပ်နေခြင်းမရှိသည့် ရှင်းလင်းသည့်အလုပ်နေရာတစ်ခုကို ရရှိနိုင်မှာဖြစ်ပါသည်။ USB 3.2 Gen 2 Type-C™ with DisplayPort™ 1.4 ကိုအသုံးပြုပြီး အလွန်မြန်ဆန်သည့် G-SYNC™ Display ကို ချိတ်ဆက်ပြီး ပိုမို Smooth ဖြစ်တဲ့ Gaming Experience ကို ရယူလိုက်ပါ။ Wi-Fi ရရှိသည့်နေရာတိုင်းမှာ မြန်ဆန်ပြီး စိတ်ချရသည့် 802.11AX (2x2) Wi-Fi ဖြင့် Online ကို ချိတ်ဆက်ဝင်ရောက်လိုက်ပါ။
*Thunderbolt 4 available in select models only.
Exclusive Software
UNIFIED SYSTEM TUNING AND PERSONALIZATION
Armoury Crate ဟာ သင့်လက်ချောင်းတွေကနေ Utility တစ်ခုတည်းကို အသုံးပြုပြီး System နှင့် Lighting ထိန်းချုပ်မှုတွေကို ခိုင်းစေနိုင်မှာဖြစ်ပါသည်။ စိတ်ကြိုက်ပြင်ဆင်နိုင်မှုတွေကြောင့်ကို လှပသည့် Effect တွေ၊ Game Profile တွေကို အသေးစိတ်ပြင်ဆင်နိုင်သလို သင့်စိတ်ကြိုက် Audio Setting တွေကိုလည်း ပြောင်းလဲနိုင်မှာဖြစ်ပါသည်။ Scenario Profile ကို အသုံးချပြီး သင်နှစ်သက်ရာ App တွေ၊ Game တွေကို Launch ပြုလုပ်လိုက်တာနှင့် Performance အပြင် တခြားသောစိတ်ကြိုက် Custom Setting တွေကို အလိုအလျောက်ပြောင်းလဲပေးမှာဖြစ်ပါသည်။ သင့်အနေနဲ့ လုံးဝကိုယ်တိုင်ထိန်းချူပ်ပြီး အကောင်းဆုံးအတွေ့အကြုံကို ဖန်တီးနိုင်ပါပြီ
XBOX GAME PASS
Windows 10 ပေါ်မှာ အရည်အသွေးမြင့် PC Game ၁၀၀ ကျော်ကို အကန့်အသတ်မရှိရယူလိုက်ပါ။ သင့် Device ဝယ်ယူမှုနှင့်အတူ Game Pass အတွက် တစ်လ Subscription ပါဝင်မှာဖြစ်ပါသည်။ ဂိမ်းတွေကို အမြဲတမ်းထည့်သွင်းပေးနေတာကြောင့် သင့်အနေနဲ့ အမြဲတမ်း ဆော့စရာတစ်ခုခုရှိနေမှာပါ။
*Active subscription required; continues until cancelled; game catalog
varies over time. Requires Windows 10 and an app to play PC games; see
details at
xbox.com/pcgamesplan. See
xbox.com/game-pass.
Bundles
GEAR UP AND GAME
TUF Gaming F15 ဟာ ရေရှည်အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားတဲ့တခြားသော လိုက်ဖက်သည့် Accesories တွေနှင့်အတူ တွဲဖက်ပေးထားပါသည်။ TUF Gaming Backpack ဟာ အတွင်းဘက်မှာ Divider တွေပါဝင်သည့် ကြီးမားသည့် Internal Compartment ပါဝင်ပြီး LAN Party တွေနှင့် ပြိုင်ပွဲတွေအတွက် Laptop နှင့် တခြားသော Peripheral တွေကို လုံခြုံစွာသယ်ဆောင်သွားနိုင်မှာဖြစ်ပါသည်။ TUF Gaming M5 Mouse ဟာလည်း F15 Laptop အတွက် အကောင်းဆုံးလက်တွဲဖော်ဖြစ်ပြီး အကြမ်းခံနိုင်သလို လက်ထဲမှာလည်း သက်သောင့်သက်သာရှိစေမှာဖြစ်ပါသည်။ စိတ်ကြိုက်ပြင်ဆင်နိုင်သည့် ခလုတ် ၆ ခု၊ Low-friction Feet အပြင် Lighting Effect တွေကိုပါ ပြင်ဆင်နိုင်မှာပါ။
*All bundled peripherals are subject to change without notice.
Please check with local vendors for exact offers.
Click here to learn more about TUF Gaming M5.
Please check with local vendors for exact offers.
Click here to learn more about TUF Gaming M5.
LEARN MORE
LEARN MORE
AMPLIFY YOUR EXPERIENCE
Game, stream, and do more at blazing speed with a high-performance
Intel® Core™ i9-11900H CPU. These
high-performance CPUs are engineered to deliver enthusiast-level
gameplay in smaller, slimmer, and more portable devices than ever.
Bolstered by comprehensive cooling, this 8-core, 16-thread
processor clocks up to an astounding 4.9GHz to blaze through even
the most heavy duty workloads.
*Performance may vary based on system configuration.
GAME AT A NEW LEVEL
သင့်ရဲ့ Gaming Graphic တွေကို အဆင့်မြှင့်တင်လိုက်ပါ။ ကျွန်တော်တို့ရဲ့ အမြင့်မားဆုံး Config မှာ 1630MHz at 90W with GPU Boost အထိ Clock Speed ရရှိနိုင်သည့် NVIDIA® GeForce RTX™ 3060 ပါဝင်မှာဖြစ်ပြီး Dynamic Boost ကနေတစ်ဆင့် နောက်ထပ် 5W Power ရရှိနိုင်ဦးမှာဖြစ်ပါသည်။ Ampere Architecture ၊ NVIDIA ၏ 2nd Gen RTX Platform ၊ Programmable Shading အတွက် ပုံမှန် CUDA Core များ၊ Real-time Ray Tracing နှင့် AI ပိုင်းအတွက် 2nd Gen RT နှင့် 3rd Gen Tensor Core တွေပါဝင်ပြီး အခုလိုပေါင်းစပ်မှုဟာ သဘာဝအကျဆုံးသော In-game Lighting တွေနှင့် တခြားသော Effect တွေကို ရရှိစေနိုင်သလို Video နှင့် Photo Editing ပိုင်းလိုမျိုး Content Creation တွေကိုပါ ပိုမိုမြန်ဆန်စေမှာဖြစ်ပါသည်။
*Performance may vary based on system configuration. Benchmark
tested with NVIDIA® GeForce RTX™ 3060 GPU,
Intel® Core™ i9-11900H CPU, 32GB DDR4 SDRAM,
and 1TB SSD on FHD resolution settings.
3DMARK FIRESTRIKE
20368
GRAPHIC SCORE
FAR CRY 5
102 FPS
ON HIGH
SHADOW OF THE TOMB RAIDER
96 FPS
ON HIGHEST SETTINGS
EXPANDABLE STORAGE
Game တွေနှင့် App တွေဟာ NVM Express® (NVMe®) SSD ဖြင့် လျှင်မြန်စွာလုပ်ဆောင်နိုင်မှာဖြစ်ပါသည်။ သင့် Program တွေအားလုံးအတွက် ပိုမိုမြန်ဆန်လာသည့် Loading Time တွေဟာ သင့်ကို စောင့်ဆိုင်းရသည့်အချိန်လျော့နည်းပြီး ပိုမိုဆော့ကစားနိုင်စေမှာဖြစ်ပါသည်။ သင်ဆော့ကစားမှုအများဆုံး Title ဂိမ်းတွေကို အမြင့်ဆုံး 1TB PCIe® Drive မှာ သွားလေရာသယ်ဆောင်သွားနိုင်သလို M.2 SSD Slot ကနေတစ်ဆင့် နောက်ထပ် Drive တစ်ခုထပ်ထည့်ပြီး Collection အကုန်လုံးအတွက် Terabyte နှင့်ချီသည့် Space တွေကို ရယူလိုက်ပါ။
DO MORE MULTITASKING
အမြင့်ဆုံး 32GB Dual-channel DDR4-3200 Memory ဟာ Multitasking မှအစ Multimedia Rendering တွေအထိ မြန်ဆန်ချောမွေ့စွာဆောင်ရွက်နိုင်ဖို့ တာဝန်ယူမှုဖြစ်ပါသည်။ High-performance RAM ဟာ သင့်ကို Gaming ၊ Streaming နှင့် Web-browsing တွေအတွက် လှစ်ဟာမှုမရှိဘဲ ပြောင်းလဲနိုင်စေမှာဖြစ်ပါသည်။ သင့်မြင်ကွင်းထဲမှာ နှေးကွေးမှုကို ဖယ်ရှားလိုက်ပြီး အမြဲတမ်း အာရုံစိုက်ပြီး Active ဖြစ်ဖြစ် လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်နိုင်ပါပြီ။
Experience Ultrafast Networking
အလွန်မြန်ဆန်သည့် Wi-Fi 6 (802.11ax) ဟာ သင့်တော်သည့် Connection ရှိသည့်နေရာတိုင်းမှာ သင့်ရဲ့ Game တွေကို LAN ဖြင့်ချိတ်ဆက်ထားသလို မြန်ဆန်စွာဆော့ကစားနိုင်မှာဖြစ်ပါသည်။ Wi-Fi 6 ဟာ Network Speed နှင့် Efficiency ပိုင်းမှာ သိသာစွာပိုကောင်းမွန်လာမှာဖြစ်ပြီး သင့်ကို အသုံးပြုသူများပြားသည့် နေရာတွေမှာ ပိုကောင်းသည့် ချိတ်ဆက်မှုကို ရရှိစေမှာပါ။ Wi-Fi 6 မှာပါဝင်သည့် TWT Mechanism နှင့် WPA3 Security Standard တွေဟာ သင့်ကို ဂိမ်းဆော့ကစားသည့်အချိန်မှာ ပိုမို Battery အသုံးခံစေမှာဖြစ်သလို လုံခြုံရေးပိုင်းအရလည်း ပိုပြီး စိတ်ချထားနိုင်မှာပါ။
Pair your TUF Gaming laptop with an ASUS Wi-Fi 6 router to
experience the full networking potential of Wi-Fi 6. Learn more about Wi-Fi 6. Find out more about ASUS gaming routers.
Pair your TUF Gaming laptop with an ASUS Wi-Fi 6 router to
experience the full networking potential of Wi-Fi 6. Learn more about Wi-Fi 6. Find out more about ASUS gaming routers.
Stream and video chat anywhere
ကျွန်တော်တို့မှာ ပါဝင်ပြီးသားဖြစ်သည့် Webcam ဟာ သင့်ကို Stream ဖို့နှင့် Content တွေကို On The Go ဖန်တီးနိုင်ဖို့အတွက် ပိုမိုလွယ်ကူစေမှာဖြစ်ပါသည်။ ပုံမှန် Camera တွေဟာ Frame တစ်ခုချင်းစီကို ခွဲခြမ်းစိတ်ဖြာပြီး Noise ကို မှန်ကန်စွာပြင်ဆင်ဖို့အတွက် 2DNR နည်းပညာ သို့မဟုတ် Frame တွေကို Sequence အနေနဲ့ ရုပ်ထွက်ပိုမိုကောင်းမွန်စေဖို့အတွက် 3DNR နည်းပညာတွေထဲက တစ်ခုကိုပဲ အသုံးပြုကြတာဖြစ်ပါသည်။ ကျွန်တော်တို့ Webcam တွေဟာ 2DNR နှင့် 3DNR နည်းပညာတွေကို ပေါင်းစပ်အသုံးပြုထားပြီး ရုပ်ထွက်အရည်အသွေးပိုင်းအရရော၊ ရုပ်ပုံ Sequence တွေအလိုက် Noise ကို လျော့ချပေးနိုင်ပြီး နည်းပညာ ၂ ခုစလုံးရဲ့ အကောင်းဆုံးတွေကို ရရှိစေမှာဖြစ်ပါသည်။
Heat Dissipation
ကောင်းမွန်စွာစွမ်းဆောင်နိုင်သည့် အပူကို ပြောင်းလဲဖြန့်ဝေမှုဟာ ပိုမိုမြန်ဆန်စွာ အပူချိန်ကိုကျဆင်းစေပြီး Thermal Throttling ဖြစ်မှုကို လျော့နည်းစေပါသည်။ TUF Gaming A15 မှာပါဝင်သည့် Heatpipe ၄ ခုနှင့် Heatsink ၃ ခုဖြင့် ကွက်တိဖြစ်အောင် ပြုလုပ်ထားသည့်စနစ်ဟာ CPU နှင့် GPU မှ အပူကိုစုတ်ယူပြီး လျှင်မြန်စွာဖယ်ရှားပေးပါသည်။ CPU မှာပါဝင်သည့် Extended Heat Spreader ဟာ အလွန်ပြင်းထန်သည့်အခြေအနေမျိုးမှာတောင် စိတ်ချယုံကြည်ရသည့်စွမ်းဆောင်ရည်ကို ကောင်းမွန်သည့်အပူချိန်တစ်ခုအောက်မှာ ရရှိစေဖို့ ကူညီပေးနိုင်ပါသည်။
Self-Cleaning Cooling 2.0
Fan တွေရဲ့ အစွမ်းဘက်မှာရှိသည့် Anti-dust Tunnel ၂ ခုဟာ ဝင်ရောက်လာသည့် ဖုန်နှင့်တခြားသော အမှုန်တွေကို Chassis ကိုယ်ထည်ထဲကနေ ထွက်သွားအောင် ဆောင်ရွက်ပေးနိုင်ပါသည်။ အဆင့်မြှင့်တင်ထားသည့်ဒီဇိုင်းဟာ Tunnel တွေကို ပိုမိုတိုတောင်းစေပြီး လေစီးဆင်းမှုအတွက် နေရာပိုမိုရရှိစေမှာဖြစ်ပါသည်။ ဒါဟာ ယခင် Generation နှင့်နှိုင်းယှဥ်လျှင် Fan Performance ပိုင်းမှာ ၁၅ ရာခိုင်ှုန်းအထိ ပိုမိုကောင်းမွန်စေမှာဖြစ်ပါသည်။ အခုလိုမျိုး ပြုလုပ်သည့်အတွက် အတွင်းပိုင်း Cooling Component တွေရဲ့ စွမ်းဆောင်ရည်ပိုင်းမှာ ဖုန်တွေကြောင့် ကျဆင်းနိုင်မှုကို ကာကွယ်ပေးနိုင်ပြီး Overall System တည်ငြိမ်မှုကို ပိုကောင်းမွန်စေမှာပါ။ Self-cleaning Cooling 2.0 ဟာ TUF နာမည်အတိုင်း System အတွက် ရေရှည်စိတ်ချရမှုကို အာမခံပေးနိုင်မှာဖြစ်ပါသည်။
83-Blade LCP Fans
သင့်ရဲ့ လေစီးဆင်းမှုကို 83-Blade Fan ၂ ခုဖြင့် အစွမ်းကုန်မြှင့်တင်လိုက်ပါ။ သေချာဂရုစိုက်ပြုလုပ်ထားသည့် Intake Shroud တွေဟာ ကွေးညွတ်ထားသည့် အစွန်းတွေပါဝင်ပြီး ဘေးဘက်တွေကို မြှင့်တင်ထားသည့်အတွက် Fan တွေကို လေပိုမိုဝင်ရောက်စေဖို့ ကူညီပေးနိုင်ပါသည်။ သန့်စင်အေးမြသည့် လေအထဲကို ရောက်သွားတာနှင့် 0.25mm ပဲအထူရှိပြီး ပုံမှန်ထက် ၅၅ ရာခိုင်နှုန်းပိုမိုပါးလွှာသည့် 83-Blade Fan တွေက Heatsink ဆီကို မှုတ်ထုတ်မှာဖြစ်ပါသည်။ အဆိုပါ Fan တွေဟာ High RPM မှာ မောင်းနှင်နိုင်ပြီး စွမ်းဆောင်ရည်မြင့်မားသည့်အတွက် သင့်ရဲ့ စက်ကို ယခင်ထက် လေစီးဆင်းမှုပိုင်းမှာ ၁၀ ရာခိုင်နှုန်းပိုမိုကောင်းမွန်စေပါသည်။
0dB နည်းပညာကြောင့် Silent Operating Mode မှာ CPU နှင့် GPU တွေဟာ အပူချိန် 60°C အောက် ရောက်ရှိတာနှင့် Fan တွေကို ပိတ်ချထားမှာဖြစ်ပါသည်။ ဒါဟာ ပေါ့ပါးသည့်အလုပ်တွေအတွက် လုံးဝကို တိတ်ဆိတ်သည့် Cooling ကို ရရှိစေမှာဖြစ်ပြီး CPU သို့မဟုတ် GPU အပူချိန်ပြန်လည်မြင့်တက်လာတာနှင့် Fan တွေဟာ အလိုအလျောက်ပြန်လည်အလုပ်လုပ်မှာဖြစ်ပါသည်။
0dB နည်းပညာကြောင့် Silent Operating Mode မှာ CPU နှင့် GPU တွေဟာ အပူချိန် 60°C အောက် ရောက်ရှိတာနှင့် Fan တွေကို ပိတ်ချထားမှာဖြစ်ပါသည်။ ဒါဟာ ပေါ့ပါးသည့်အလုပ်တွေအတွက် လုံးဝကို တိတ်ဆိတ်သည့် Cooling ကို ရရှိစေမှာဖြစ်ပြီး CPU သို့မဟုတ် GPU အပူချိန်ပြန်လည်မြင့်တက်လာတာနှင့် Fan တွေဟာ အလိုအလျောက်ပြန်လည်အလုပ်လုပ်မှာဖြစ်ပါသည်။
Scenario Profiles
Scenario Profile တွေဟာ မတူညီသည့် Game တွေနှင့် Application တွေအတွက် စွမ်းဆောင်ရည်ပိုင်းနှင့် အသံထွက်ကို Optimize ပြုလုပ်ဖို့အတွက် Operating Mode ကို အလိုအလျောက်ပြောင်းလဲနိုင်မှာဖြစ်ပါသည်။ Turbo Mode ဟာ အမြင့်မားဆုံး Fan Speed နှင့် Clock Speed တွေကို အမြင့်ဆုံးအမြန်နှုန်းဖြင့် မောင်းနှင်မှာဖြစ်ပြီး Performance Mode ဟာ Clock Speed နှင့် Cooling ပိုင်းကို ဂိမ်းဆော့ကစားသည့်အချိန်မှာ အသံဆူညံမှုသက်သာဖို့အတွက် ထိန်းညှိထားပြီး Silent Mode ကတော့ ပေါ့ပါးသည့်အလုပ်တွေနှင့် Entertainment ပိုင်းအတွက် တိတ်ဆိတ်စွာ အသုံးပြုနိုင်မှာဖြစ်ပါသည်။ သင့်အနေနဲ့ စိတ်ကြိုက် Scenario Profile တွေကို မသိသာအောင်ပြောင်းလဲနိုင်သလို Keyboard Shortcut တွေကို အသုံးပြုပြီး Mode တွေကို ပြောင်းလဲနိုင်ပါသည်။
TUF BACKPACK
TUF GAMING M5
-
Design
-
Performance
-
Visuals
-
Audio
-
Thermal
-
Portability
-
Durability
-
Keyboard
-
Upgradeability
-
Input/Output
-
Exclusive Software
-
Bundles