Ubiquity
ဘယ်နေရာ၊ ဘယ်အချိန်ပဲဖြစ်ဖြစ် ၃ ဆမျှ မြင်ကွင်းချုံ့/ချဲ့နိုင်တဲ့ ကင်မရာကို နှစ်သက်သဘောကျစွာ အသုံးပြုပါ
ZenFone Zoom မှာ ၃၉ မိနစ်လောက်နဲ့ ဘထ္ထရီအား ၆၀ ရာနှုန်းလောက်ကို အလျင်အမြန် အားဖြည့်ပေးသော ASUS BoostMaster နည်းပညာ ပါရှိခြင်းကြောင့် သုံးဆမျှ မြင်ကွင်းချုံ့/ချဲ့မှုပြုနိုင်သောကင်မရာနဲ့ ဓာတ်ပုံရိုက်ကူးနိုင်သော အခွင့်အလမ်းတွေ ပိုမိုရရှိစေဖို့အတွက် စွမ်းအင်များစွာရှိနေပါတယ်။ ZenFone Zoom မှာ သင်သွားလေရာနေရာတိုင်းတွင် အလွန်လျင်မြန်စွာ ချိတ်ဆက်မှုပြုနိုင်တဲ့ Category 4+ LTE လည်း ပါရှိပါသေးတယ်။
ZenFone Zoom မှာ ၃၉ မိနစ်လောက်နဲ့ ဘထ္ထရီအား ၆၀ ရာနှုန်းလောက်ကို အလျင်အမြန် အားဖြည့်ပေးသော ASUS BoostMaster နည်းပညာ ပါရှိခြင်းကြောင့် သုံးဆမျှ မြင်ကွင်းချုံ့/ချဲ့မှုပြုနိုင်သော ကင်မရာနဲ့ ဓာတ်ပုံရိုက်ကူးနိုင်သော အခွင့်အလမ်းတွေ ပိုမိုရရှိစေဖို့အတွက် စွမ်းအင်များစွာရှိနေပါတယ်။ ZenFone Zoom မှာ သင်သွားလေရာနေရာတိုင်းတွင် အလွန်လျင်မြန်စွာ ချိတ်ဆက်မှုပြုနိုင်တဲ့ Category 4+ LTE လည်း ပါရှိပါသေးတယ်။
မျှသာ
၃၉ မိနစ်
ဘထ်ထရီအား ၀-၆၀%
အထိ
တစ်မိနစ်လျင်၂၅၀ မက်ဂါဘိုက်
LTE CAT4 +
အထိ
တစ်မိနစ်လျင် ၄၃၃ မက်ဂါဘိုက်
Wi-Fi 802.11ac
လိုင်းဆွဲအားကောင်းသော ဆစ်ဂနယ်
4 LDS
အင်တာနာတိုင်
၃၉ မိနစ်မျှဖြင့် ၆၀ ရာနှုန်း အားသွင်းပေးသည်
ZenFone ရဲ့ စွမ်းရည်မြင့် ၃၀၀၀mAH ပမာဏဆန့် ဘထ္ထရီက အာရုဏ်ဦးကနေ မိုးချုပ်တဲ့ အချိန်အထိ အလုပ်လုပ်ခြင်းနဲ့ ဆော့ကစားခြင်းတို့အတွက် သင်လိုအပ်သော စွမ်းအင်ပမာဏထက် ကျော်လွန်ပေးအပ်ထားပါတယ်။ ZenFone Zoom မှာ မူပိုင် ASUS BoostMaster နည်းပညာလည်း ပါ၀င်ပါသေးတယ်။ ၅ ၀ပ်မျှရှိ အသုံးပြုနေကျ အားသွင်းကြိုးတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ၁၈ ၀ပ်ရှိတဲ့ BoostMaster အားသွင်းကြိုးက အားသွင်းရာမှာ ၃.၆ ဆ ပိုမိုမြန်ဆန်တာကြောင့် ဘထ္ထရီအားက ၃၉ မိနစ်ထဲနဲ့ ၆၀ % အထိ ရရှိစေမှာ ဖြစ်ပါတယ်။
၃.၆ ×
ပိုမိုမြန်ဆန်သော အားသွင်းမှု
၃၉ မိနစ်
၃၀၀၀ mAh
စွမ်းအား
ZenFone Zoom
ကုန်အမှတ်တံဆိပ်တစ်ခုရဲ့ အထင်ကရ စမတ်ဖုန်း
၀-၆၀% (မိနစ်)
၃၉
၆၉
စွမ်းအား (mAh)
၃၀၀၀
၂၉၁၅
အနည်းငယ်စောင့်ဆိုင်းပြီး စကားပြောချိန် ပိုယူပါ
သင်အလျင်လိုနေတဲ့အချိန်မှာဆိုရင် BoostMaster နည်းပညာက လေးနာရီမျှကြာမြငေ့်သာ 2G စကားပြောဆိုချိန်ကို ဆယ်မိနစ်အတွင်း ရရှိစေနိုင်မှာဖြစ်ပြီး သင်မသွားခင်မှာ အားဖြည့်ဖို့အတွက် အကောင်းဆုံးသောအခြေအနေတစ်ခုပါ။
၁၀ မိနစ္
အားသွင်းခြင်း
၄ နာရီ
ပြောဆိုချိန်
9V / 2A 18W အားသွင်းကြိုး
လမ်းသစ်ရှာဖွေသော ဘထ္ထရီ နည်းပညာ
ZenFone Zoom ဘထ္ထရီက များပြားလှသော ၃၀၀၀ mAh ပမာဏရှိ စွမ်းအင်တွေကို ပိုင်ဆိုင်ထားတာကြောင့် စမတ်ဖုန်းကဏ္ဍရဲ့ ရှေ့ဆောင်အဖြစ် ရပ်တည်နေပါတယ်။ သို့ပေမယ့် ဤဘထ္ထရီက စွမ်းအင်ဆဲလ်တစ်ခုထက် ပိုပါတယ်။ ကျွန်ုပ်တို့ရဲ့ အင်ဂျင်နီယာတွေက ပြိုင်ဘက်ကင်းမြန်နှုန်းနဲ့ အားသွင်းပေးတဲ့ ကျစ်လစ်ကျယ်ပြန့်ပြီး အကျိုးရှိမှုမြင့်မားတဲ့ ဘထ္ထရီအဖြစ် ပေါ်ထွက်လာစေဖို့ အလျင်အမြန် အားသွင်းနိုင်ခြင်းနဲ့အတူ အလွန်တရာကောင်းမွန်တဲ့ စွမ်းအင်သိပ်သည်းမှု အချို့ကို ရရှိစေမယ့် ဓာတုဗေဒဆိုင်ရာ အထူးဖော်မြူလာတစ်ရပ်ကို အသုံးပြုခဲ့ပါတယ်။
အနှုတ်သငေ်္ကတပါသော လျှပ်ခေါင်း (ဓာတ်ဖိုတိုင်)
လျှပ်လိုက်ရည်/ စိမ့်၀င်နိုင်စွမ်းရှိသော အလွှာ
အပေါင်းသငေ်္ကတပါသော လျှပ်ခေါင်း (ဓာတ်မတိုင်)
မြန်နှုန်းမြင့် LTE ဖြင့် အရှိန်မြှင့်တင်ပါ
ZenFone Zoom မှာ ရှင်းလင်းသော အသံဆက်သွယ်မှုများနဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် တစ်မိနစ်လျင် ၂၅၀ မက်ဂါဘိုက်မျှ အချက်အလက်ကူးပြောင်းနိုင်တဲ့ အလွန်လျင်မြန်သော ရွှေ့လျားစနစ်တို့အတွက် 4G/LTE (Category 4+) ကို တစ်ပါတည်း ထည့်သွင်းထားပါတယ်။
အထိ
တစ်မိနစ်လျင်၂၅၀ မက်ဂါဘိုက်
LTE CAT4 +
သုံးဆမျှ ပိုမိုလျင်မြန်သော ၀ိုင်ဖိုင်
ZenFone Zoom ရဲ့ စွမ်းရည်ပြည်၀လှတဲ့ 802.11ac ၀ိုင်ဖိုင်က ကွက်လပ်ရှစ်ခုအထိ ရောက်ရှိ လည်ပတ်နိုင်ပြီး အားနည်းနည်းဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နိုင်စေဖို့နဲ့ တစ်မိနစ်လျင် ၄၃၃ မက်ဂါဘိုက် အထိရှိသော ကြိုးမဲ့ချိတ်ဆက်မှုများပြုလုပ်ရန်တို့အတွက် "Beamforming" နည်းပညာကို အသုံးပြုထားပါတယ်။
* 802.11b/g/n (72Mbps) နဲ့နှိုင်းယှဉ်ပါက အချက်အလက်စီးဆင်းမှုနှုန်း ၆ ဆမျှ ပိုမိုမြန်ဆန်ပါတယ်
** ၄ ဆမျှ ပိုမိုမြန်ဆန်သော ဘန်းဒ၀ှစ်: 802.11ac - 80MHz, 802.11b / g / n - 20MHz
802.11 ac
WLAN
၆ ×
အချက်အလက်စီးဆင်းမှုနှုန်း *
အထိ
တစ်မိနစ်လျင် ၄၃၃ မက်ဂါဘိုက်
မြန်နှုန်း
၄ ×
ဘန်းဒ၀ှစ် **
ဘယ်နေရာမှာမဆို အလုပ်လုပ်နိုင်တဲ့ ၀ိုင်ဖိုင်
ZenFone Zoom ရဲ့ ၀ိုင်ဖိုင်အင်တာနာတိုင်က ယင်းရဲ့ ဆစ်ဂနယ်ကို တံခါးပြင်ပမှာ ၃၀၀ မီတာအထိ ဖြန့်ကျက် ထိန်းသိမ်းထားမှာဖြစ်ပြီး အတားအဆီးအမျိုးမျိုးရှိနေတဲ့ အခန်းတွေအတွင်း မှာတောင် အလုပ်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တံခါးတွေ၊ အုတ်နံရံတွေ ရှိနေတဲ့ အခြေအနေမှာတောင့် သင်နဲ့ ရောက်တာအကြားမှာ ဆက်လက် ချိတ်ဆက် နိုင်မှာဖြစ်ပါတယ်။
* အချက်အလက် အမှန်တကယ်စီးကူးနိုင်သော အနေအထားကကွန်ယက်အခြေအနေတွေ ပတ်၀န်ကျင် အကြောင်းတရားတွေ အပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားနိုင်ပါတယ်။
လေဆာဘောင်ခတ် အင်တာနာတိုင်လေးခု
Laser Direct Structuring (LDS) လို့ လူသိများတဲ့ သုံးဘက်မြင် လေဆာဘောင်ခတ်နည်းပညာတစ်ရပ်ကို ZenFone Zoom ရဲ့ အတွင်းပိုင်း သတ္ထုပြားကို မှတ်သားဖို့ အသုံးပြုပါတယ်။ ထို့နောက်မှာတော့ အင်တာနာတိုင် လေးခု ပြုလုပ်ဖို့အတွက် မတူညီတဲ့ သတ္ထုရည်သုံးမျိုးအဖြစ် ပြောင်းလဲပေးပါတယ်။ သင့်အတွက် ပိုမိုအားကောင်းကျယ်ပြန့်တဲ့ ဆင်ဂနယ်လို့ ဆိုလိုခြင်းပါဘဲ။
aux အင်တာနာတိုင်
၀ိုင်ဖိုင်/ဘလူးတူ့ အင်တာနာတိုင်
ပင်မ အင်တာနာတိုင် 2G/3G/4G
GPS/
GLONASS အင်တာနာတိုင်
GLONASS အင်တာနာတိုင်
ပထမတန်းစားလိုင်းဆွဲအားကောင်းမွန်မှုအတွက် Omnidirectional အင်တာနာတိုင်များ
ZenFone Zoom မှာ PIFAs လို့ လူသိများတဲ့ နှစ်မျိုးနှစ်သွယ်သုံး နှစ်လမ်းသွား အင်တာနာတိုင်တွေ ရှိပါတယ်။ ယင်းတို့က တည်ငြိမ်စိတ်ချရတဲ့ ချိတ်ဆက်မှုတွေကို ပေါ်ပေါက်စေမယ့် နေရာအနှံ့ ဆစ်ဂနယ် ဖြန့်ကျက်ပေးခြင်းကို ပူးပေါင်းဖန်တီးပေးကြပါတယ်။
၂ ×
ပိုမိုထိရောက်သော
အင်တာနာတိုင်တစ်တိုင်အား
အင်တာနာတိုင်နှစ်တိုင်အား (ပင်မ + ဖြနေ့်၀ချိတ်ဆက်ပေးသောစနစ်)
POWER (DBM)
အင်တာနာတိုင် ငါးခုပါသော လမ်းညွှန်ပြသမှုစနစ်များ
ZenFone Zoom က GPS ၊ GLONASS ၊ BDS ၊ QZSS နဲ့ SBAS အပါအ၀င် ကမ္ဘာ့့ဂြိုလ်တု ဆက်သွယ်ရေး အသုံးပြု လမ်းညွှန်စနစ်ငါးခုအတွက် အဆင်ပြေပါတယ်။ ဂြိုလ်တုပေါင်း ၆၀ အထိ ချိတ်ဆက်နိုင်ခြင်းနဲ့အတူ ZenFone Zoom က သင့်ကို နေရာမရွေး၊ အချိန်မရွေး အတိကျအသေချာဆုံးသော တည်နေရာတစ်ခုကို ဖော်ဆောင်ပေးနိုင်ပါတယ်။ ဆောက်လက်စ မြို့ပြဒေသတွေမှာတောင် အလားတူဆောင်ရွက်ပေးနိုင်ပါတယ်။
တိကျသော ဂြိုလ်တုသုံး လမ်းညွှန်ပြသမှု
ZenFone Zoom က ကားတစ်စီးကို မှောင်းနှင်နေသောအချိန်၊ ခြေနှင်းအပျော်စီးလှေငယ်နဲ့ ခရီးဆန့်နေသော အချိန် သို့မဟုတ် ခြေလျင်လျှောက်နေသော အချိန်တွေအပါအ၀င် ဘယ်လိုအနေအထားမျိုးနဲ့ ဖြစ်ဖြစ် မှန်ကန်သော လမ်းကြောင်းကို ညွှန်ပြမြဲ ညွှန်ပြပေးပါတယ်။ များပြားလှတဲ့ ဂြိုလ်တုတွေနဲ့ ချိတ်ဆက်နိုင်စွမ်းရှိတာကြောင့် ZenFone Zoom က ဆင်ဂနယ် ပျောက်ဆုံးမှုကို လျော့ချပေးသလို တိကျမှုကိုလည်း မြှင့်တင်ပေးပါတယ်။ ဒါကြောင့် ဘယ်နေရာမှာသင်ရှိနေတယ်ဆိုတာကို အတိအကျ သိရှိရပါလိမ့်မယ်။