သဘာ၀ကျမှု၊ လျင်မြန်မှုနဲ့ တည်ငြိမ်မှုတို့ကို အမိအရယူလိုက်ပါ
နောက်မျိုးဆက်သစ် PixelMaster 3.0 က ZenFone 3 ရဲ့ ဓာတ်ပုံရိုက်ကူးမှုကို စမတ်ဖုန်းသတ်မှတ်ချက်ထက် ကျော်လွန်သွားစေရန် မြှင့်တင်ပေးထားပါတယ်။ သဘာ၀ကမ္ဘာ စစ်စစ်ကို ရိုက်ကူးဖို့အတွက် PixelMaster 3.0 မှာ နောက်ဆုံးပေါ် Sony® IMX298 အာရုံခံစနစ်၊ ကြီးမားသော f/2.0 အပါချာအလင်း၀င်ပေါက်နဲ့ ခြောက်လုံးတွဲ Largan မှန်ဘီလူးတို့ပါရှိတဲ့ 16MP ကင်မရာတစ်လုံးနဲ့ အမျိုးမျိုးသော အကွာအဝေး၊ ၀.၀၃ စက္ကန့်အတွင်း ရှင်းလင်းစွာ မီးထိုးပေးခြင်းတို့အတွက် ပုံရိပ်ခြေရာခံ TriTech အလိုအလျောက်ဆုံချက်တို့ကို ထည့်သွင်းထားပါတယ်။ ဒါတွေအားလုံးကို ခြစ်ရာ၊ ရှရာဒဏ်ကို အသေအချာခံနိုင်ရန် လုံး၀ဥသုံ ရှင်းလင်းပြတ်သားသော နီလာမှန်များဖြင့် ကာကွယ်ပေးထားပါတယ်။ မှုန်ဝါးမှုကင်းသော ရိုက်ချက်နဲ့ ဗွီဒီယိုများအတွက် အမြင်အာရုံနှင့် အီလက်ထရောနစ် ပုံရိပ်တည်ငြိမ်စေခြင်း၊ စစ်မှန်သောအရောင်များပါရှိသော ဓာတ်ပုံရိုက်ကူးမှုအတွက် အရောင်ပြင်အာရုံခံစနစ်၊ စစ်မှန်သော 4K UHD ဗွီဒီယိုမှတ်တမ်းတင်ခြင်းတို့နဲ့ဆိုရင် စမတ်ဖုန်းကင်မရာများအကြောင်း သင်သိသမျှကို မေ့ပစ်လိုက်ပါ။ PixelMaster 3.0 တော်လှန်ရေးက ဒီနေရာကို ရောက်ရှိနေပါပြီ။
16MP
ဓာတ်ပုံများ
Sony
IMX298
ကင်မရာအာရုံခံစနစ်
4K
ဗွီဒီယိုများ
ƒ/2.0
အပါချာအလင်း၀င်ပေါက်
6P
Largan မှန်ဘီလူး
၀.၀၃ စက္ကန့်
TriTech AF
OIS & EIS
ဓာတ်ပုံများနှင့်ဗွီဒီယိုများ
နီလာ
မှန်ဘီလူးကာကွယ်မှု
အလွန့်အလွန်လျင်မြန်သည့် ၀.၀၃ စက္ကန့်သာရှိသော ပုံရိပ်ဆုံချက်နဲ့ ရွေ့လျားရိုက်ကူးမှု
ZenFone 3 မှာ အခြားစမတ်ဖုန်းကင်မှာမရှိတဲ့ တစ်စုံတစ်ခုရှိနေပါတယ်။ အဲဒါကတော့ ယင်းရဲ့မူပိုင်ဖြစ်တဲ့ TriTech အလိုအလျောက်ဆုံချက် နည်းပညာပဲ ဖြစ်ပါတယ်။ စမတ်ဖုန်းကမ္ဘာမှာ ပထမဦးဆုံးအကြိမ်အဖြစ် ဆုံချက်နည်းပညာသုံးမျိုးဖြစ်သော လေဆာ၊ ရှုထောင့်ဖမ်းစနစ်နဲ့ စဉ်ဆက်မပြတ် အလိုအလျောက်ဆုံချက်တို့ကို — သဟဇာတဖြစ်သော စနစ်တစ်ခုအဖြစ် ပေါင်းစည်းပေးခြင်းပဲ ဖြစ်ပါတယ်။ ရှင်းလင်းတဲ့ ဆုံချက်တစ်ခုကို ရှုခင်းအားလုံးအတွက် အခြေအနေအမျိုးမျိုးမှာ ၀.၀၃ စက္ကန့်မျှသာ ကြာတဲ့အချိန်အတွင်း ရရှိနိုင်ပြီး ဤမြန်နှုန်းက သင့်ရဲ့ မျက်စိတစ်မှိတ်တာကာလထက် ဆယ်ဆ (၁၀×) အထိ ပိုမြန်ပါတယ်။
0.03 စက္ကန့်
လေဆာစနစ်သုံး အလိုအလျောက်ဆုံချက်
၀.၀၃ စက္ကန့်
ရှုထောင့်ဖမ်း အလိုအလျောက်ဆုံချက်
စဉ်ဆက်မပြတ်
အလိုအလျောက် ဆုံချက်
ဒုတိယမျိုးဆက် လေဆာစနစ်သုံးအလိုအလျောက်ဆုံချက်နဲ့ အလင်းတမျှ လျင်မြန်သော ရိုက်ချက်
ZenFone 3 ရဲ့ ကျောဘက်ကင်မရာမှာ လေဆာစနစ်သုံး အလိုအလျောက်ဆုံချက် နည်းပညာတစ်ရပ် ရှိပါတယ်။ ယင်းက အနီးကပ် ပုံရိပ်တွေအတွက် ဆုံချက်ကို ၀.၀၃ စက္ကန့်မျှနဲ့ ရရှိနိုင်ပြီး အလင်းရောင်နည်းပါးတဲ့ အခြေအနေတွေအောက်မှာ ခံ့ညားထည်ဝါမှုရှိပါတယ်။ ယင်းက အကွာအဝေးကို အလင်းတမျှလျင်မြန်မှုနဲ့ တိုင်းတာဖို့အတွက် လေဆာအလင်းတန်းတွေကို ထုတ်လွှတ်ခြင်းအားဖြင့် ဆောင်ရွက်ပေးပါတယ်။ အဲဒီနောက်မှာတော့ အနီးကပ်ဆုံချက်အတွက် မြန်ဆန်တဲ့ မှန်ဘီလူးချိန်ညှိမှုကို ပြုလုပ်ပေးပါတယ်။ ဒါ့အပြင် ZenFone 3 ရဲ့ လေဆာစနစ်သုံး အလိုအလျောက်ဆုံချက်က အခြားသောစမတ်ဖုန်းတွေထက် သုံးဆ (၃×) ကျော်မျှ ပိုဝေးတဲ့နေရာကို ရောက်ရှိနိုင်ပါတယ်။ ၁.၂ မီတာအထိ အကွာအဝေးကို ဆိုလိုခြင်းပါ။
၀.၀၃ စက္ကန့်
လေဆာစနစ်သုံး အလိုအလျောက်ဆုံချက်
၃ ×
အကွာအဝေး
၀.၀၃ စက္ကန့်မျှသာကြာတဲ့ လျင်မြန်တိကျသော ရှုထောင့်ဖမ်းအလိုအလျောက်ဆုံချက်
ZenFone 3 မှာ တိကျ၍ အလွန့်အလွန်လျင်မြန်သော ပုံရိပ်ရှင်တွေကို တောက်ပတဲ့ အလင်းရောင်အတွင်းမှာ ရရှိနိုင်စေမယ့် ပရော်ဖက်ရှင်နယ်စတိုင် ရှုထောင့်ဖမ်း အလိုအလျောက်ဆုံချက် ပါရှိပါတယ်။ ဤ DSLR စတိုင် နည်းပညာက ၀င်ရောက်လာတဲ့ အလင်းတန်းလမ်းကြောင်းတွေကို ဖမ်းယူပေးသလို ဆုံချက်တွေကို စုယူဖို့အတွက် မှန်ဘီလူးတွေကို ချိန်ညှိပေးပြီး ရှင်းရှင်းလင်းလင်း ဖြစ်လာတဲ့အချိန်လောက်အထိ လျင်မြန်စွာ အလိုအလျောက် ဖော်ဆောင်ပေးပါတယ်။
၀.၀၃ စက္ကန့်
ရှုထောင့်ဖမ်း အလိုအလျောက်ဆုံချက်
မည်သည့်အခါတွင်မှ ဆုံချက်ပျောက်ဆုံးခြင်း မဖြစ်ပေါ်စေတဲ့ ဆုံချက်
PixelMaster 3.0 မှာ မြန်နှုန်းမြင့် ရှင်းလင်းမှုအတွက် လေဆာနဲ့ ရှုထောင့်ဖမ်း အလိုအလျောက် ဆုံချက်နှစ်မျိုးစလုံး ပါရှိပြီး သင်ရိုက်ကူးမယ့်ပုံရိပ်တွေရဲ့ အကွာအဝေးသို့မဟုတ် လျင်မြန်မှုနဲ့ ရွှေ့လျားခြင်းတို့ဖြင့် သက်ဆိုင်ခြင်းမရှိဘဲ သင့်ရဲ့မြင်ကွင်းရှာစနစ်အတွင်းမှာ အရာရာတိုင်းကို ထိန်းသိမ်းပေးထားမယ့် စဉ်ဆက်မပြတ် အလင်းဆုံချက်က ပြတ်သားထင်ရှားအောင် ပြုလုပ်ပေးပါတယ်။
စဉ်ဆက်မပြတ်
အလိုအလျောက်ဆုံချက်
တည်တည်ငြိမ်ငြိမ် ရိုက်ကူးလိုက်ပါ
သင့်ကိုယ်ပိုင် ဗားရှင်းကဲ့သို့
သင့်ကိုယ်ပိုင် ဗားရှင်းကဲ့သို့
ZenFone 3 ရဲ့ ကင်မရာက လှုပ်ရမ်းတုန်ခါမှုများကို ပြေပျောက်စေရန်အတွက် မှန်ဘီလူးများကို အရပ်မျက်နှာရှစ်မျက်နှာသို့ ရွှေ့လျားပေးသည့် ဆန်းသစ်တီထွင်မှုရှိသော ၀င်ရိုးလေးချောင်းပါ လက်လှုပ်ခြေလှုပ်ထိန်း (OIS) တစ်ခုကို အသုံးပြုထားပါတယ်။ သင်က လှုပ်လှုပ်ခါခါ ဖြစ်နေတယ်ဆိုရင်တောင်မှန်ဘီလူးတွေက တည်ငြိမ်နေတယ်လို့ ဆိုလိုခြင်းပါ။ လုံး၀ဥသုံတည်ငြိမ်မှုနေခြင်းက နေ့စဉ်တုန်ခါမှုများကို ပယ်ဖျက်ပေးတာကြောင့် သင့်ရဲ့ ရိုက်ချက်တိုင်းက သင်ရည်ရွယ်ထားတဲ့အတိုင်း ထင်ရှားပြတ်သားနေပါလိမ့်မယ်။ ပြီးတော့ အဆင့်မြင့် OIS ဆိုခြင်းက ZenFone 3 ဟာ အလင်းရောင်နည်းပါးတဲ့အခြေအနေတွေမှာ ဝိဇ္ဖာတစ်ပါး ဖြစ်နေပါတယ်။ တစ်နည်းအားဖြင့် ရှတ္တာမြန်နှုန်းကို ၀င်ခွင့်ပြုအလင်းပမာဏ ၄ ဆအထိ လွတ်လပ်စွာ အသုံးပြုနိုင်မှာပါ။ ဆိုလိုရင်းကတော့ မှုန်ဝါးမှုမရှိဘဲ အလင်းပိုရဖို့အတွက် ပိုမိုရှည်ကြာတဲ့ အလင်းဖွင့်ချိန်ကို သင်သတ်မှတ်နိုင်ခြင်းပါဘဲ။
၀င်းရိုး ၄ ချောင်း
OIS
အရပ်မျက်နှာ ၈ မျက်နှာ
OIS ဖာထေးမှု
၀င်ခွင့်ပြုအလင်းပမာဏ ၄ ဆ
OIS တည်ငြိမ်မှု
လှုပ်ရှားမှုမရှိသော ရုပ်ရှင်များ
With ZenFone 3 ရဲ့ အီလက်ထရောနစ်ပုံရိပ်တည်ငြိမ်မှု (EIS) နဲ့ဆိုရင် သင်နဲ့ သင့်ပုံရိပ်က လှုပ်ရှားနေတဲ့ အခြေအနေမှာတောင် တည်ငြိမ်တဲ့ပုံရိပ်ကို ရရှိပါလိမ့်မယ်။ ထက်မြက်ကောင်းမွန်သော ဆော့ဖ်ဝဲအယ်လ်ဂိုရီသမ်တွေက ၀င်ရိုးသုံးချောင်းအတွင်းက တုန်ခါမှုတွေနဲ့ အမှတ်တမဲ့ လှုပ်ရှားမှုတွေကို ရှာဖွေပေးပြီး သင့်ရုပ်ရှင်က အချောမွေ့တကာ့ အချောမွေ့ဆုံးနဲ့ တည်ငြိမ်နိုင်သမျှ အတည်ငြိမ်ဆုံးအနေအထားမှာ ဖြစ်နေတယ်လို့ ခံစားစေမယ့် ရုပ်ရှင်ကားတစ်ခုအဖြစ် အလိုအလျောက် ဖာထေးပေးပါတယ်။
၀င်ရိုး ၃ ချောင်း
EIS
အရပ်မျက်နှာ ၆ မျက်နှာ
EIS ဖာထေးမှု
ပိုမိုရှင်းလင်းသော ဓာတ်ပုံများအတွက် ဆန်းသစ်တီထွင်မှုရှိသော အလင်းကာအကန့် ထည့်သွင်းခြင်း
ZenFone 3 ရဲ့ Sony IMX298 ကင်မရာအာရုံခံစနစ်အတွင်းသို့ စံချိန်ချိုးဖျက်လိုက်တဲ့ ၁၆ မီလီယံမျှသော ရုပ်သံဖမ်းစက်တွေ ထုပ်ပိုးလိုက်ခြင်းက ဤဆောင်ရွက်ချက်အတွင်းက ကြီးမားသော နည်းပညာပိုင်းဆိုင်ရာ အောင်မြင်မှုတစ်ရပ်ဖြစ်ပါတယ်။ တကယ်တော့ ဒါတင်မကသေးပါဘူး။ အလင်းကာအကန့် ထည့်သွင်းခြင်း (DPI) လို့ခေါ်တဲ့ အနုစိတ်နည်းပညာက အလင်းဖိုတွန်တွေကို ယင်းတို့သွားဖို့လိုအပ်တဲ့ နေရာတွေကို သွားဖို့အတွက် လမ်းညွှန်ပေးပါတယ်။ အာရုံခံစနစ်ရဲ့ အလင်းသိရုပ်သံဖမ်းစက်တွေကြားက အနုစိတ်ကျကျ ပုံဖော်ထားသော လိုင်းတွေအကြားမှာ ရုပ်သံဖမ်းစက်တစ်ခုကနေ ကပ်လျက်ရှိသော အခြားတစ်ခုအတွင်းသို့ လျှံကျလာသော အလင်းဖိုတွန်တွေကို ရပ်တန့်ပေးတဲ့ လျှပ်ကာတစ်ခုကို ဖန်တီးပေးပါတယ်။
စစ်မှန်သော အရောင်တွေအတွက် အရောင်ပြင်အာရုံခံစနစ်
စမတ်ဖုန်းဓာတ်ပုံတွေက သဘာ၀အတိုင်းမဟုတ်တဲ့ အရောင်တွေကြောင့် ပျက်ဆီးကြရပါတယ်။ အထူးသဖြင့် လူလုပ်အလင်းရောင်တွေကြောင့် ဖြစ်ပွားရတာပါ။ ဒါကြောင့် ZenFone 3 မှာ စစ်မှန်တဲ့ ရှုခင်းကို ရိုက်ကူးဖို့အတွက် အရောင်ပြင်အာရုံခံစနစ်တစ်ခု ထည့်ထားပါတယ်။ ယင်းက အလင်းရောင်အမျိုးအစားကို ရှာဖွေဖမ်းယူပေးပြီး သဘာ၀ကျတဲ့ အသွင်အပြင်နဲ့ အရောင်တွေအတွက် အကောင်းဆုံးသော ဟန်ချက်ကို ရရှိစေမယ့် အကောင်းဆုံးသော အပြင်အဆင်များအဖြစ် အလိုအလျောက် ထည့်သွင်းပေးပါတယ်။
၄ ဆရှိ ဓာတ်ပုံ မြင်ကွင်းပြတ်သားမှုနဲ့ သင့်မျက်လုံးတွေကို နှိုးထကြည့်လိုက်ပါ
ZenFone 3 ရဲ့ Super Resolution အနေအထားက ရင်သပ် ရှုမောဖွယ်ကောင်းလောက်အောင် အနုစိတ်ဆန်တဲ့ အထူးဓာတ်ပုံတည်းဖြတ်ရေးနည်းပညာကို အသုံးပြုထားပါတယ်။ ဤအနေအထားမှာ ZenFone 3 က ၁၆-မီဂါရုပ်သံဖမ်းစက် ငါးလုံးသုံး ဓာတ်ပုံတွေကို ထူးထူးခြားခြား ရိုက်ကူးပေးပြီး လေးဆမျှ (၄×) အထိရှိတဲ့ သူမတူအောင်ရှင်းလင်းသော တစ်ပုံတည်းဓာတ်ပုံအဖြစ်သို့ ဖန်တီးရန်အတွက် ချက်ခြင်းပေါင်းစပ်ပေးပါတယ်။ လင်းသည်ဖြစ်စေ၊ မှောင်သည်ဖြစ်စေ ၅၂ မီဂါအလင်းဖမ်းစက်တွေနဲ့ ညီမျှတဲ့ ထိပ်တန်းကျသော ရှင်းလင်းပြတ်သားဖြင့် ဆူညံမှုနည်းပါးတဲ့ ပိုမိုအနုစိတ်ဆန်သောဓာတ်ပုံတွေကို ရိုက်ကူးနိုင်ပါလိမ့်မယ်။
64MP
Super Resolution
အံ့သြဖွယ်ရာ အရည်အသွေးနဲ့ ဗွီဒီယို
ZenFone 3 က 4K UHD မြင်ကွင်းပြတ်သားမှု သို့မဟုတ် Full HD အရည်အသွေးထက် လေးဆမျှ (၄×) ပိုကောင်းသော ဗွီဒီယိုတွေကို ရိုက်ကူးပေးပါတယ်။ ယုံကြည့်နိုင်ဖွယ်ရာပင် မရှိလောက်အောင်ကောင်းမွန်တဲ့ အနုစိတ်ကျသော သင့်အမှတ်တရဓာတ်ပုံတွေ အားလုံးကို ချိန်ရွယ်၊ ရိုက်ကူး မျှဝေလိုက်ရုံပါဘဲ။ ရှုပ်ရှုပ်ထွေးထွေး လုပ်ဆောင်ရမယ့်အရာရယ်လို့ မရှိပါဘူး။ ဒါပေမယ့်လည်း သင့်သိုလှောင်ရုံနေရာလွှတ်တွေအားလုံးမှာ နေရာယူသွားမယ့်အရေးအတွက် စိတ်ပူစရာမရှိပါဘူး။ ZenFone 3 က ရုပ်သံဖမ်းစက်အရည်အသွေးကို ထိခိုက်စေခြင်းမရှိဘဲ သင့်ရဲ့ 4K UHD ဖိုင်အရွယ်အစားကို အနိမ့်ဆုံးအရွယ်အစားအဖြစ် သိမ်းထားစေဖို့ အကျိုးမြင့်ဗွီဒီယိုကုဒ်ရေးသားမှု နည်းပညာ (HEVC) ကို အသုံးပြုထားပါတယ်။
4K
ဗွီဒီယိုများ
သင့်မျက်လုံးတွေရဲ့ ရှေ့မှောက်မှာတင် ပိုကောင်းလာတဲ့ HDR ဓာတ်ပုံများ
ZenFone 3 မှာ အသစ်ပါလာတဲ့ ပိုကောင်းသော နောက်ခံအလင်း (Super HDR) အနေအထားက ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေကို ရှတ္တာခလုတ်မနှိပ်ခင်မှာပင် သင်မြင်တွေ့ရမယ့်ပုံတွေကို တိတိကျကျ ပြသပေးပါတယ်။ ဤသို့ အချိန်ကိုက် ပြန်လည်ကြည့်ရှုနိုင်ခြင်းက သင့်အား ရလဒ်များကိုပင် ပိုမိုကောင်းမွန်စွာ ထိန်းချုပ်လာနိုင်စေပြီး ဥပမာအားဖြင့် နေရောင်အတွင်းမှာလို ခက်ခဲတဲ့ အလင်းရောင်အခြေအနေတွေမှာတောင် ပိုမိုလွယ်ကူစွာ ဓာတ်ပုံရိုက်ကူးနိုင်စေပါတယ်။ နောက်ခံအလင်း သို့မဟုတ် အလင်းကာပါရှိတဲ့ ZenFone 3 က ဓာတ်ပုံတွေကို လေးဆမျှ (၄×) အထိ ပိုမိုတောက်ပတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးပေးပါတယ်။
Real-time
HDR
၄ ×
တောက်ပမှု
လုံး၀ဥသုံ ရှင်းလင်းမှုအတွက် နီလာသတ္ထုသုံးခြစ်ရှခံ
မှန်ဘီလူးတွေပေါ်က အလွန်သေးကွေးသော ခြစ်ရှရာတစ်ခုတည်းဖြင့်ပင် သင့်ပုံရိပ်တွေကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ZenFone 3 ရဲ့ အရည်သွေးမြင့် ဓာတ်ပုံမျက်လုံးကို ကမ္ဘာ့အမာကြောဆုံးသတ္ထုဖြစ်တဲ့ နီလာနဲ့ ကာကွယ်ပေးထားရခြင်း ဖြစ်ပါတယ်။ ပြီးတော့ နီလာက မာကျောကြွပ်ဆပ်ယုံတင်မကပါဘူး၊ မြင့်မားသော အလင်းထုတ်လွှတ်မှုအတွက် လက်ဖျားခါလောက်တဲ့ ကြည်လင်ပြတ်သားမှုလည်း ရှိနေပါတယ်။ တကယ့်တကယ်ကို လုံး၀ဥသုံ ရှင်းလင်းပြတ်သားနေတာပါ။ ZenFone 3 ရဲ့ နီလာသတ္ထုသုံး မှန်ဘီလူးကာနဲ့ဆိုရင် သင်က အလွန်ဆိုးရွားတဲ့ အခြေအနေတွေမှာတောင် လွတ်လပ်စွာ ဓာတ်ပုံရိုက်ကူးနိုင်ပါတယ်။ တစ်နည်းအားဖြင့် သင့်အိပ်ကပ် သို့မဟုတ် ပိုက်ဆံအိတ်အနီးအနားမှာ ဝဲပျံနေတဲ့ အရာ၀တ္ထုတွေကြောင့်ဖြစ်ရတဲ့ ခြစ်ရှရာတွေအတွက် စိုးရိမ်ပူပန်မှုကို အဆုံးသတ်လိုက်ရုံပါပဲ။
နီလာသတ္ထုသုံး
မှန်ဘီလူးကာ
အလင်းရောင်နည်းပါးသော အခြေအနေမှာပင် ပိုမိုကြည်လင်စွာ တွေ့မြင်နိုင်ခြင်း
ZenFone 3 ရဲ့ အလင်းရောင်နည်းပါးသော အနေအထားက ကပ်လျက်ရှိသော အလင်းဖမ်းစက် လေးလုံးကိုအလင်းဖမ်းစက်ပေါင်းစည်း နည်းပညာအသုံးပြုပြီး တစ်လုံးတည်းအဖြစ်သို့ ပေါင်းစည်းပေးခြင်းအားဖြင့် အလင်းတို့ထိခံစားနိုင်မှုကို ၄၀၀ % အထိ တိုးမြှင့်ပေးပါတယ်။ အလွန်တရာတည်ငြိမ်သော ရိုက်ကူးမှုအတွက် တစ်ဆက်တည်းပါရှိသော အမြင်အာရုံနှင့် အီလက်ထရောနစ်ပုံရိပ် တည်ငြိမ်စေမှု (OIS နှင့် EIS) နည်းပညာကို အသုံးပြုထားတဲ့ ZenFone 3 က အလင်းရောင်ပါ၀င်မှု နည်းပါးတဲ့ အခြေအနေမှာတောင် ပိုမိုရှင်းလင်းစွာ ရိုက်ကူးပေးနိုင်တာကြောင့် ဖလက်ရှ် မသုံးနိုင်တဲ့ ဒါမှမဟုတ် မသုံးချင်တဲ့အခါမှာ ရိုက်ကူးဖို့အတွက် အကောင်းဆုံးပဲဖြစ်ပါတယ်။
၄၀၀%
အလင်းရောင် ထိတွေ့ခံစားနိုင်မှု
အလွန်ကောင်းသော သက်ရောက်မှုများအတွက် တိုးမြှင့်ပေးထားသော အလင်းဖွင့်ချိန်
ZenFone 3 ကို အလင်းဖွင့်ချိန် ၃၂ စက္ကန့်အထိ ကြာမြင့်ဖို့အတွက် အလင်းဖွင့်ချိန်ကို လက်ဖြင့်ချိန်ညှိနိုင်စွမ်းရှိခြင်းအပါအ၀င် အထိန်းခလုတ်များ တပ်ဆင်ထားပါတယ်။ အလင်းဖွင့်ပေးချိန် ရှည်ကြာမယ့် ရှု့ခင်းတွေကို ရိုက်ဖို့အတွက် ကင်မရာကို ချိန်လိုက်ပြီဆိုတာနဲ့ ရင်သပ်ရှုမောဖွယ်ရာ သက်ရောက်မှုမျိုးစုံနဲ့ သင်ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် သင့်မျက်လုံးနဲ့တောင် မြင်တွေ့ရဖို့ ခက်ခဲတဲ့ ကြယ်တွေနဲ့ ကောင်ကင်တစ်ခုအောက်က အဝေးပြေး လမ်းမတစ်လျောက်မှာ အရှိန်ပြင်းပြင်း မှောင်းနှင်နေတဲ့ ကားတွေကို စိတ်ကူးယဉ် သိပ္ပံဇာတ်ကားနမူနာတွေထဲကလို ပုံစံမျိုးတွေလည်း ပါ၀င်ပါတယ်။ ဒါက သင့်ရဲ့ စိတ်ကူးယဉ်မှုလို အရမ်းအံ့သြဖို့ ကောင်းပါတယ်။
၃၂ စက္ကန့်
ပိုမိုရှည်ကြာသော အလင်းဖွင့်ချိန်