Zen ရဲ့ အလှတရား

အလွန်ပါးလွှာသော အနားစောင်းဖြင့် လှပကျွမ်းကျင်စွာ ဖန်တီးထားခြင်း

ZenFone 2 Laser (ZE500KL) ရဲ့ ထူထဲမှုကို လျော့ချဖို့အတွက် အသံတိုးချဲ့နဲ့ ရှတ္တာခလုတ်တွေကို ၃.၅ မီလီမီတာမျှ နောက်ဆုတ်ထားပါတယ်။ တစ်ချိန်တည်းမှာ အလွန်တရာ သက်တောင့်သက်သာရှိတဲ့ သုံးစွဲမှုအတွေ့အကြုံကိုလည်း ပေးအပ်ထားပါတယ်။ အစိတ်အပိုင်းတွေကို အသေးငယ်ဆုံးဒီဇိုင်းအဖြစ် အံ၀င်ဂွင်ကျဖြစ်စေရန် ကျကျနန ဒီဇိုင်းဖော်ထားတဲ့အတွက် ဤနောက်ဆုံးမွမ်းမံပြင်ဆင်မှုက ဖွဲ့စည်းပုံပိုင်း ဆိုင်ရာ စိန်ခေါ်မှုတွေကို ပေါ်ပေါက်စေခဲ့ပါတယ်။

အလေးချိန်ကို လျော့ချထားစဉ်မှာပဲ ညှို့အားကောင်းတဲ့ သတ္ထုအသွင်အပြင်နဲ့ ခိုင်မာသော အာရုံဖမ်းစားမှုတွေကို ရရှိဖို့အတွက် တစ်မူထူးခြားသော NCVM ပုံသွင်းနည်းပညာတွေကို လက်တွေ့အသုံးချထားပါတယ်။

လူသိထင်ရှား အလှတရား

ဆန်းသစ်တီထွင်မှုနဲ့ အလွန်တရာ ကောင်းမွန်မှုတို့ရဲ့ ရှည်လျားသော အဆက်အနွယ်တစ်ရပ်ဖြင့် ပေါင်းစပ်ထားတဲ့ ZenFone 2 Laser က 2015 iF Design ဆု ရရှိနိုင်ခဲ့ခြင်းအပါအ၀င် ယင်းရဲ့ ရင်သပ်ရှုမောဖွယ်ရာ ဒီဇိုင်းအတွက် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လူသိများပါတယ်။

Zen ဆိုတာ
အလှတရားနဲ့ ကြံ့ခိုင်မှုတို့ရဲ့ အဆုံးမဲ့ဟန်ချက်

Zen ဆိုတာ အလှတရားနဲ့ ကြံ့ခိုင်မှုတို့ရဲ့ ဟန်ချက်တစ်ခုပါ။ ယင်းက လုံးလုံးလျားလျားဆန်းသစ်သောနည်းလမ်းတွေရဲ့အလယ်မှာ သင့်အတွေ့အကြုံကို မြှင့်တင်ပေးမယ့် တန်ဖိုး စံအသစ်တစ်ခုရဲ့ ပဏာမမိတ်ဆက်မှုတစ်ရပ်လည်း ဖြစ်ပါတယ်။ နည်းပညာနဲ့ အတွေးအခေါ်တို့ တစ်ပေါင်း တစ်စည်းတည်း ဖြစ်လာတဲ့ တက်ကြွသော လူမှုဘ၀တွေရဲ့ အာရုံဦးအတွက် သုံးစွဲသူ လိုအပ်ချက်နဲ့ အညီ တည်ဆောက်ထားလို့ပဲ ဖြစ်ပါတယ်။

၃.၅ မီလီမီတာမျှရှိသည့်
အလွန်ပါးလွှာသော အနားစောင်း

၃.၅ မီလီမီတာမျှရှိသည့်
အလွန်ပါးလွှာသော အနားစောင်း

ZenFone 2 Laser (ZE500KL) မှာ အံ့သြဖွယ်ကောင်းလောက်အောင် ပါးလွှာတဲ့ ပုံစံတစ်ရပ်ရှိပြီး အပါးဆုံး အနားစောင်းက ၃.၅ မီလီမီတမျှသာ ရှိပါတယ်။ ဤအချက်က စွမ်းအားထက်မြက်သော Qualcomm ပရိုဆက်ဆာကို ကျွန်ုပ်တို့ ချုံ့ခဲ့တဲ့ အထင်ကြီး လေးစားဖွယ် အင်ဂျင်နီယာစွမ်းရည်တစ်ရပ်ထက်တောင် ပိုပါသေးတယ်။ ဆင်းမ်ကင်းနှစ်မျိုး အသုံးပြုနိုင်တဲ့ ပါးလွှာသော ဒီဇိုင်းပုံစံကလည်း ကိုင်တွယ်ရန် အလွန်အမင်း သက်တောင့်သက်သာရှိလှပြီး ZenFone 2 Laser ကို အသုံးပြုရာမှာ ပိုမိုလွယ်ကူစေပါတယ်။ ဤအချက်က ZenFone 2 Laser ကို အနားပေါ်မှာ အမြင်အားဖြင့်ဖြစ်စေ၊ ရုပ်အားဖြင့်ဖြစ်စေ ကိုးရို့ကားယား ဖြစ်စေတဲ့ အရာကို ဖယ်ရှားပေးခြင်းကြောင့် ကြည့်လို့အကောင်းဆုံးသော စမတ်ဖုန်းတစ်လုံး ဖြစ်လာစေပါတယ်။

အလိုအလျောက်သိရှိသည့် ကျောဘက်ခလုတ်တွေပါ၀င်တဲ့ Ergonomic Arc ဒီဇိုင်း

ZenFone 2 Laser ကို ဒီဇိုင်းဖော်တဲ့အခါမှာ ကျွန်ုပ်တို့က သင့်အတွက်ရည်မှန်းပြီး စတင်ခဲ့တာပါ။ ရလဒ်ကတော့ ZenFone 2 Laser မှာ Ergonomic Arc ဒီဇိုင်းသစ်ရဲ့ အစိတ်အပိုင်းအဖြစ် ကိုင်တွယ် ထိတွေ့လို့ရတဲ့ ကျောဖက်ပါသော့တစ်ခု ပေါင်းစပ်ထားတဲ့ အလွန်အဆင့်မြင့်သော အလိုအလျောက်သိရှိသည့် အလွှာတစ်ခု ပါ၀င်ပါတယ်။ ဆယ်လ်ဖီရိုက်ခြင်း၊ အသံအတိုး/အကျယ် ချိန်ညှိခြင်းနဲ့ သင့်ရဲ့ ခြေလှမ်းတွေကို ခြေရာ ပြန်ကောက်ခြင်း တွေဟာ ယခုဆိုရင် ဘယ်လက်ကိုသုံးသုံး လုံး၀ဥသုံသဘာ၀ကျတယ်လို့ ခံစားရပါတယ်။ ကျော့ရှင်းသောပုံစံသစ်က ကိုင်တွယ်ရန် ဘေးကင်းလုံခြုံမှုရှိပြီး အလွန်အမင်း သက်တောင့်သက်သာဖြစ်တယ် လို့လည်း ခံစားရပါတယ်။

အကောင်းဆုံးသော တိကျမှု

ZenFone 2 Laser က လွယ်ကူကျော့ရှင်းအနုစိတ်ဆန်တဲ့ လက်ရာမြောက်ဖန်တီးမှုတစ်ခု ပါရှိခြင်းနဲ့အတူ ရိုးရှင်းမှုနဲ့ ခေတ်မီဆန်းပြားမှုတို့ရဲ့ သဟဇာတအဖြစ်ဆုံးသော စံနမူနာတစ်ခု ဖြစ်ပါတယ်။ အမှတ်အသား တစ်ခုနဲ့ တစ်ခုအကြားမှာ ၀.၁၃ မီလီမီတာမျှရှိတဲ့ ပြောင်းလဲနေသောလှည့်ကွင်းတစ်ခု ပါရှိတဲ့ စိန်ဖြတ်တောက်ခြင်း နည်းပညာကို အထင်ကရ စုံချက်တူ စက်၀ိုင်းများအတွက် အကောင်းဆုံးသော မြင်ကွင်း သက်ရောက်မှုကို ရရှိစေရန် အသုံးပြုထားပါတယ်။

နည်းလေကောင်းလေ

အံသြဖွယ်ကောင်းတဲ့ စီမံဆောက်လုပ်မှုက အနားကွပ်အကျယ်ကို လျော့ချနိုင်စေခဲ့ပြီး ZenFone 2 Laser (ZE500KL) ရဲ့ ဖန်းသားမျက်နှာပြင်နဲ့ခန္ဓာကိုယ်အချိုးအစားကို အံသြဖွယ်ကောင်းတဲ့ ၇၀ ရာခိုင်နှုန်းအထိ ဖြစ်စေခဲ့ပါတယ်။

သင့်စတိုင်အတွက် စွဲမက်ဖွယ်ဖြစ်စေသော ပထမတန်းစားအရောင်များ

ZenFone 2 Laser (ZE500KL) မှာ သင့်ပင်ကိုယ်စရိုက်နဲ့ စိတ်အနေအထားကို ထင်ဟပ်စေမယ့် ပေါ်လွင်ထင်ရှားသော အရောင် ၆ မျိုး ပါရှိပါတယ်။ မိုးပြာရင့်ရောင်၊ ရွှေမှုန်ရောင်၊ အနက်နုရောင်၊ သင်္ကန်းရောင်၊ ကြွေရောင်နဲ့ ခရမ်းနုရောင်တို့အနက်မှ ရွေးချယ်ပြီး ASUS ZenUI theme နဲ့ တွဲဖက်ရွေးချယ်ခြင်းအားဖြင့် ပျော်ရွှင်ကျေနပ်ပါစေ။