ASUS Perfect Warranty (ပြီးပြည့်စုံသည့်အာမခံ) ဆိုတာ ဘာလဲ?

ကျွန်ုပ်တို့ရဲ့ 2-Year International Warranty အနေဖြင့် ASUS Perfect Warranty (APW) သည် ASUS ထုတ်လုပ်သူ အာမခံအောက်တွင် အကျုံးမဝင်သည့် အသုံးပြုသူကြောင့် ဖြစ်ပွားသော မတော်တဆ ထိခိုက်မှုများအတွက် ၁ နှစ် အတွင်း အကာအကွယ်ပေးသွားမည့် ASUS Laptop များ အတွက် အပိုထပ်ဆောင်း အကာအကွယ် ဝန်ဆောင်မှု တစ်ခုပဲ ဖြစ်ပါသည်။ အဆိုပါ ထပ်ဆောင်း ဝန်ဆောင်မှု အတွက် ASUS မှ မတော်တဆ ပြုတ်ကျခြင်း၊ မတော်တဆ ကွဲအက်ပျက်စီးခြင်း၊ အရည်တစ်ခုခု ဖိတ်ကျခြင်း (သို့မဟုတ်) လျှပ်စစ်ရှေ့ာခ်ဖြစ်ခြင်း များ အတွက် အစားထိုး ကုန်ကျစရိတ် 80% ကို သက်သာခွင့် ရမည်ဖြစ်သည်။ ဝယ်ယူသူများသည် အစားထိုးအစိတ်အပိုင်းရဲ့ ကျန်ရှိသော ကုန်ကျစရိတ် 20% ကိုသာ ပေးဆောင် ရမှာဖြစ်ပါသည်။

မတော်တဆ ပြုတ်ကျမှုများ
မတော်တဆ ကွဲအက်ပျက်စီးမှုများ
အရည်တစ်ခုခု ဖိတ်ကျမှုများ
လျှပ်စစ်ရှေ့ာခ်ဖြစ်ခြင်း
၂ နှစ် Perfect Warranty (ပြည်တွင်းမှ မတော်တဆထိခိုက်မှုတွေကို ကာကွယ်ပေးခြင်း) စက်ပစ္စည်းဖိုး ၂၀ ရာခိုင်နှုန်း ၂ နှစ် အာမခံအတွင်းမှ ပထမဆုံး ၁ နှစ်အတွင်း 1
International Warranty Perfect Warranty (ပြည်တွင်းမှ မတော်တဆထိခိုက်မှုတွေကို ကာကွယ်ပေးခြင်း)
သုံးစွဲသူကြောင့်ဖြစ်သော ထိခိုက်မှုများအတွက် ကုန်ကျစရိတ် အာမခံသက်တမ်း ပြင်ဆင်နိုင်သော အကြိမ်အရေအတွက်
၂ နှစ် စက်ပစ္စည်းဖိုး ၂၀ ရာခိုင်နှုန်း ပြင်ဆင်နိုင်သော အကြိမ်အရေအတွက် 1

ASUS Service Center သို့ ဆက်သွယ်ရန်

Website: https://www.asus.com/support/
Hotline: 09 262 600 288 (KMD), 09 400 685 778 (DGW)
Hotline Operation Hours: တနင်္လာနေ့ မှ စနေနေ့ အထိ (အစိုးရရုံးပိတ်ရက်များ နှင့် နယ်မြေဒေသအလိုက် ရုံးပိတ်ရက်များမှ အပ)
KMD 09:00 am - 05:00pm

DGW 09:30 am - 06:00 pm
Authorized ASUS Service Center: https://www.asus.com/support/Service-Center/Myanmar

စည်းကမ်း နှင့် သတ်မှတ်ချက်များ

မတော်တဆ ဖြစ်တတ်ပါသည်။ ASUS Perfect Warranty က သင့် Device များကို ပုံမှန် အသုံးပြုနေစဉ်အတွင်း ဖြစ်ပေါ်တတ်သော မတော်တဆမှုများကြောင့် ကုန်ကျမည့် ပြုပြင်မှု (သို့မဟုတ်) အစားထိုးစရိတ်များကို လျှော့ချပေးပါသည်။

  • ASUS ရဲ့ ပြီးပြည့်စုံသည့် အာမခံ ကတော့ သင့် ASUS ထုတ်ကုန် ဝယ်ယူသည့်နေ့မှ ရက်ပေါင်း 180 အတွင်း Activate လုပ်ရပါမည်။ အာမခံအချက်အလက် အတွက် ကျေးဇူးပြု၍ သင့် အာမခံအချက်အလက် Form ကို ဖြည့်သွင်းပါ။
  • ASUS Perfect Warranty သည် ပုံမှန် အသုံးပြုမှုကြောင့် ဖြစ်ပေါ်လာသည့် မတော်တဆထိခိုက်မှု အမျိုးအစားများအတွက် အကျုံးဝင်ပါသည်- ပြုတ်ကျခြင်း၊ လျောကျခြင်း (သို့မဟုတ်) ထိခိုက်မိခြင်း၊ အရည်တခုခု ကြောင့် ပျက်စီးခြင်း၊ လျှပ်စစ်လျှော့ခ် ဖြစ်ခြင်း နှင့် မတော်တဆ ကွဲအက်ခြင်းတို့ အတွက် အကျုံးဝင်ပါသည်။
  • ဝန်ဆောင်မှုတွင် ခိုးယူခံရမှု၊ ပျောက်ဆုံးမှု၊ သဘာဝ ဘေးအန္တရယ်ကြောင့် ပျက်စီးမှုများ မိုး၊ မီး၊ ရေမြုပ်ခြင်း (သို့မဟုတ်) ရည်ရွယ်ချက်ရှိရှိ ပျက်စီး ဆုံးရှုံးစေမှုများ အတွက် အကျုံးမဝင်ပါ ။
  • ယခု Service Package မှာတော့ ဝယ်ယူသူဘက်မှ သတ်မှတ်ထားသည့် ကာလအတွင်း တစ်နှစ်လျှင် ဝန်ဆောင်မှုအတွက် တောင်းဆိုချက် (၁) ကြိမ် အကျုံးဝင်ပါသည်။ Service Package အတွက် စတင်သည့်ရက်စွဲမှာ ASUS ထုတ်ကုန်ကို ဝယ်ယူ/စတင် အသုံးပြုသည့်နေ့ ဖြစ်ပါသည်။ (မည်သည့် ရက်ပင် ဖြစ်စေ)
  • ယခု Service Package အောက်ရှိ သုံးစွဲသူများမှ ရရှိမည့် ပြုပြင်ဝန်ဆောင်မှုများရဲ့ စုစုပေါင်းကုန်ကျစရိတ်မှာ သုံးစွဲသူ ဝယ်ယူသည့် စျေးနှုန်းထက် မကျော်လွန်စေရပါ။
  • ASUS Service Center မှ ပြုပြင်ထားသော (သို့မဟုတ်) အစားထိုးထားသည့် အစိတ်အပိုင်းများ အားလုံးသည် အာမခံသက်တမ်း ၃လ (သို့မဟုတ်) ကျန်ရှိသေးသည့် အာမခံသက်တမ်း မည်သည့်အချိန်မဆို အကျုံးဝင်ပါသည်။
  • ယခု Service Package အောက်တွင် တောင်းဆိုမှု ပြုလုပ်ရန်အတွက် သင့်အနေဖြင့် ထိခိုက်မှု ဖြစ်ပွားသည့် နေရာနှင့် မည်သည့် အချိန်တွင် ဖြစ်ပွားခဲ့သည်ကို အကျဉ်းချုပ်နှင့် အဖြစ်အပျက် အသေးစိတ်ဖော်ပြချက်တို့ကို ပြောပြပေးရန် လိုအပ်ပါသည်။ လုံလောက်သည့် အချက်အလက် (သို့မဟုတ်) တောင်းဆိုထားသည့် စာရွက်စာတမ်းများကို ပံ့ပိုးပေးရန် ပျက်ကွက်ပါက တောင်းဆိုမှုကို ပယ်ချသွားမှာ ဖြစ်ပါသည်။
  • ပြည်တွင်း သတ်မှတ်ချက်များမှာ သက်ဆိုင်သည့် စည်းမျဉ်းစည်းကမ်း များနှင့်အညီ ဖြစ်ရပါမည်။ အကယ်၍ သိရှိလိုသည့် အချက်များကို သင်ဝယ်ယူခဲ့သည့် ASUS Official (သို့မဟုတ်) ASUS တရားဝင် ကိုယ်စားလှယ်ဆိုင်များနှင့် တိုင်ပင်ပါ။ ကြိုတင် သတိပေးခြင်းမရှိဘဲ ဝန်ဆောင်မှုကို ချက်ချင်း ရပ်စဲနိုင်ပါသည်။