ASUS မားသားဘုတ်တာရှည်ခံအစီအစဉ်
၅ နှစ်ခံ ပံ့ပိုးဖြည့်စွက်မှုအာမခံ | EOL တင်ကြိုအသိပေးစာ | ECN ထိန်းချုပ်မှု
ဤအစီအစဉ်အကြောင်း တစ်စေ့တစ်စောင်း
စီးပွားရေးဈေးကွက်နဲ့ အခိုင်အမာခြေကုပ်ယူထားတဲ့ ဈေးကွက်နှစ်မျိုးစလုံးမှာ ထုတ်ကုန်သက်တမ်းရဲ့ အရေးပါမှုကို ASUS မှ နားလည်သဘောပေါက်ထားပါတယ်။ ပြန်လည်အထောက်အထားပြုခြင်းနဲ့ သက်သေခံပြန်လုပ်ခြင်းတို့ရဲ မြင့်မားတဲ့ အကူးအပြောင်းစရိတ်ကို ထည့်သွငး်တွက်ချက်တဲ့ ကျွန်ုပ်တို့က ၅ နှစ်တာပံ့ပိုးမှုအာမခံတစ်ရပ်ပါရှှိတဲ့ မားသားဘုတ်တွေက ကမ်းလှမ်းရောင်းချပေးဖိုု့အတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။
ASUS ၅ နှစ်သက်တမ်းခံ မားသားဘုတ်အစီအစဉ်ရဲ့ အားသာချက်များ
-
ပံံ့ပိုုးဖြည့်စည်းမှုတွင် ပျော့လွယ်ပြင်လွယ်ရှိခြင်း
ကမ္ဘာ့နံပါတ်တစ် မားသားဘုတ်ကုန်အမှတ်တံဆိပ်ဖြစ်တဲ့ ASUS မှာ ပစ္စည်းပစ္စယ-ပံ့ပိုးဖြည့်စည်းမှုတွင် ပျော့လွယ်ပြင်လွယ်ရှိမှုကို ပိုင်ဆိုင်ထားပါတယ်။ အလားတူ အချိန်နဲ့တစ်ပြေးညီဖြစ်ပေါ်နေတဲ့ အပြောင်းအလဲကို ခန့်မှန်းရန်အတွက်လည်း တုံ့ပြန်နိုင်စွမ်းရှိပါတယ်။ ASUS နဲ့ အတူတကွအလုပ်လုပ်ခြင်းက ပစ္စည်းပစ္စယ-ပံ့ပိုးမှုပိုုင်းဆိုင်ရာ လိုအပ်ချက်တွေအတွက် စိုးရိမ်ပူပန်မှုကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။
-
သက်တမ်းတိုးပေးသော ပံ့ပိုးဖြည့်စည်းမှု
လုပ်ငန်းစီမံချက်တွေမှာ ပံ့ပိုးဖြည့်စည်းမှုအာမခံတစ်ခုကိုု ငါးနှစ်ထက်ပိုမိုလိုအပ်လာပြီဆိုရင်လည်း ကျွန်ုပ်တို့က ရွေးချယ်နိုင်တဲ့ သက်တမ်းတိုးပေးသော ပံ့ပိုးဖြည့်စည်းမှုကို ဆွေးနွေးဖို့အတွက် လှိုက်လှိုက်လှဲလှဲရှိနေမှာပါ။ အနိမ့်ဆုံးအော်ဒါအရေအတွက်နဲ့ပတ်သက်လို့ မေးမြန်းချင်တယ်ဆိုရင်တော့ ကျေးဇူးပြုပြီး သင့်ရဲ့ ASUS ကိုယ်စားလှယ်ထံဆက်သွယ်ကာ အသေးစိတ်မေးမြန်းနိုင်ပါတယ်။
-
EOL အသိပေးစာနှင့် ECN ထိန်းချုပ်မှု
ကျွန်ုပ်တို့က ထုန်ကုန်ပြန်လည်သုံးသပ်မှုတွေ မပြုလုပ်ခင်မှာ အင်ဂျင်နီယာပညာရပ်ပိုင်းဆိုင်ရာ အပြောင်းအလဲအသိပေးစာ (ECN) တစ်စောင်ကို ထုတ်ပြန်ပေးသကဲ့သို့ ထုတ်ကုန်သက်တမ်းကုန်ဆုံးခြင်းမပြုမီ တစ်နှစ်အလိုမှာ သက်တမ်းကုန်ဆုံးကြောင်း (EOL) အသိပေးစာတစ်စောင်ကိုလည်း ထုတ်ပြန်ပေးပါတယ်။ အလားတူ ထုတ်ကုန်သက်တမ်းကုန်ဆုံးခြင်းမပြုမီ ခြောက်လအလိုမှာ နောက်ဆုံးအကြိမ်အ၀ယ်အော်ဒါ (LBO) တစ်ခုအတွက်လည်း အချိန်သတ်မှတ်ချက် ထုတ်ပြန်ပေးပါတယ်။ သင့်အဖွဲ့အစည်းကို ထုတ်ကုန်အသွင်ကူးပြောင်းမှုအတွက် အဆင်သင့်ဖြစ်စေရန်အတွက် ဆောင်ရွက်ပေးခြင်းပါ။
ပြီးပြည့်စုံသောထုန်ကုန်အမျိုးမျိုး
ASUS က ကိုယ်ထည်များ၊ တွဲဖက်အသုံးပြုနိုင်မှု အတည်ပြုချက်များနဲ့ အသိမှတ်ပြုလက်မှတ်များရဲ့ စီစဉ်ခင်းကျင်းမှုအမျိုးမျိုး၊ ဖီးချားအမျိုးမျိုးနဲ့အတူ အဓိကကျသော ခြစ်ပ်ပြားအတွဲအားလုံးအတွက် မားသားဘုတ်ဖြေရှင်းချက်တွေကို ကမ်းလှမ်းလျက်ရှိပါတယ်။ ကျွန်ုပ်တို့ရဲ့လက်ရွေးစင်ပစ္စည်းတွေက အသေးစား-အလတ်စား စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရအဖွဲ့အစည်းတွေကနေ လက်လီငွေချေကောင်တာတွေ၊ ATM တွေနဲ့ ထီအရောင်းဌာနတွေအတွက် အထူးသီးသန့်ထုတ်လုတ်ထားတဲ့ ပီစီတွေကို ပံ့ပိုးဖြည့်စည်းပေးနေသူတွေအထိ ဈေးကွက်အစိတ်အပိုင်းတိုင်းနဲ့ ကိုက်ညီမှုရှိပါတယ်။ ASUS နဲ့ဆိုရင်တော့ သင့်အတွက် သင့်လိုအပ်ချက်တွေနဲ့ကိုက်ညီမယ့် မားသားဘုတ်တစ်လုံး အမြဲရှိနေမှာပါ။
ထုတ်ကုန်အမျိုးမျိုးကို ကြည့်ရှူပါ
မော်ဒယ် | ခြစ်ပ်ပြားအတွဲ | ကိုယ်ထည် | ၂၀၁၂ | ၂၀၁၃ | ၂၀၁၄ | ၂၀၁၅ | ၂၀၁၆ | ၂၀၁၇ | ၂၀၁၈ | ၂၀၁၉ | ၂၀၂၀ | ၂၀၂၁ | ၂၀၂၂ | |||||||||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
Q1 | Q2 | Q3 | Q4 | Q1 | Q2 | Q3 | Q4 | Q1 | Q2 | Q3 | Q4 | Q1 | Q2 | Q3 | Q4 | Q1 | Q2 | Q3 | Q4 | Q1 | Q2 | Q3 | Q4 | Q1 | Q2 | Q3 | Q4 | Q1 | Q2 | Q3 | Q4 | Q1 | Q2 | Q3 | Q4 | Q1 | Q2 | Q3 | Q4 | Q1 | Q2 | Q3 | Q4 | |||
P8H61-M PLUS V3 | H61 | mATX | ||||||||||||||||||||||||||||||||||||||||||||
P8H61-I R2.0 | H61 | MiniITX | ||||||||||||||||||||||||||||||||||||||||||||
H81M2 | H81 | mATX | ||||||||||||||||||||||||||||||||||||||||||||
H81T | H81 | MiniITX | ||||||||||||||||||||||||||||||||||||||||||||
H110I-PLUS | H110 | MiniITX | ||||||||||||||||||||||||||||||||||||||||||||
H110T | H110 | ThinMiniITX | ||||||||||||||||||||||||||||||||||||||||||||
CS-B | Q87 | mATX | ||||||||||||||||||||||||||||||||||||||||||||
Q87M-E | Q87 | mATX | ||||||||||||||||||||||||||||||||||||||||||||
Q87T | Q87 | MiniITX | ||||||||||||||||||||||||||||||||||||||||||||
Q170M2 | Q170 | mATX | ||||||||||||||||||||||||||||||||||||||||||||
Q170M-C | Q170 | mATX | ||||||||||||||||||||||||||||||||||||||||||||
Q170T | Q170 | ThinMiniITX | ||||||||||||||||||||||||||||||||||||||||||||
J1900I-C | J1900 | MiniITX | ||||||||||||||||||||||||||||||||||||||||||||
N3050I-C | N3050 | MiniITX | ||||||||||||||||||||||||||||||||||||||||||||
N3150I-C | N3150 | MiniITX |
အခြားသောပံ့ပိုးဖြည့်စည်းမှု
WHQL ပြန်လည်ရောင်းချသူအစီအစဉ်
WHQL (Windows ကိုယ်ထည်အရည်အသွေးစမ်းသပ်) ဆိုတာ Microsoftbs စမ်းသပ်မှုလုပ်ငန်းစဉ်နဲ့ လိုဂိုအစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ယင်းက WHQL အသိမှတ်ပြုစနစ်တွေထက် သံသယပိုကင်းစေတဲ့ ကိုယ်ထည်ထုတ်လုပ်မှုတွေနဲ့ ကုန်ချောသုံးစွဲသူတွေအတွက် ဖော်ဆောင်ပေးထားတာဖြစ်သလို ကွန်ပျူတာအရံပစ္စည်းတွေကလည်း Windows လည်ပတ်ရေးစနစ်နဲ့ အဆင်ပြေစွာပေါင်းဖက်အသုံးပြုနိုင်စေမှာပါ။
ASUS ပြန်လည်ရောင်းချသူတင်ပြခြင်းအစီအစဉ်က WHQL အသိမှတ်ပြု ASUS မားသားဘုတ်တွေကို ၀ယ်ယူတဲ့ သုံးစွဲသူတွေအတွက် ထုတ်ကုန်ကို ထုတ်ပိုးပြီးတဲ့နောက်၊ ဒါမှမဟုတ် အမှတ်တံဆိပ်ပြန်လည်တပ်ဆင်ပြီးတဲ့နောက်မှာ မိမိတို့ရဲ့ ကိုယ်ပိုင်စနစ်လိုဂိုလျှောက်ထားနိုင်စေဖို့အတွက် ဖြစ်ပါတယ်။ ဤအစီအစဉ်အရ ASUS အနေနဲ့ ပြန်လည်ရောင်းချသူတွေကို မိုက်ကရိုဆော့ဖ်လုပ်ထုံးလုပ်နည်းတွေနဲ့အညီ WHQL အသိမှတ်ပြုလက်မှတ်ကိုအသုံးပြုနိုင်မယ့် ခွင့်ပြုချက်ကို ပေးအပ်တာကြောင့် စမ်းသပ်စစ်ဆေးခြင်းနဲ့ အတည်ပြုခြင်းတွေအတွက် အချိန်နဲ့ငွေကြေးကုန်ကျမှုအပိုင်းကို လျော့ချပေးပါတယ်။
-
လျှောက်ထားရန်
WHQL ပြန်လည်ရောင်းချသူအစီအစဉ်ဖြင့်ကိုက်ညီသည့် ခွင့်ပြုချက်ရ ပြန်လည်ရောင်းချသူတစ်ဦးဖြစ်လာရန် လျှောက်ထားလိုက်ပါ။
-
ခွင့်ပြုချက်
ASUS ပြန်လည်ရောင်းချသူလျှောက်ထားမှုအစီအစဉ်နှင့်အညီ WHQL အသိမှတ်ပြုလက်မှတ်ကို အသုံးပြုခွင့်အား တောင်းခံလိုက်ပါ။
-
တင်သွင်းရန်
ကိုယ်ပိုင်အကောင့်နှင့် တင်ပြမှုကိုလက်ခံရန်တို့အတွက် မိုက်ကရိုဆော့ဖ်၀က်ဘ်ဆိုဒ်ပေါ်မှ SI လော့အင်ကနေတစ်ဆင့် ၀င်ရောက်လိုက်ပါ။
ပေါင်းစပ်ရေးကိရိယာများ
ကျွန်ုပ်တို့က အထူးပေါင်းစပ်ရေးကိရိယာတွေဖြစ်တဲ့ ASUS အေ၀းထိန်းစီမံခန့်ခွဲရေးကိရိယာနဲ့ BIOSmart တို့ကိုလည်း ဖော်ဆောင်ပေးထားပါတယ်။ ASUS အေ၀းထိန်းစီမံခန့်ခွဲရေးကိရိယာက သင့်ထုတ်ကုန်တွေနဲ့ပတ်သက်တဲ့ အေ၀းထိန်းစီမံခန့်ခွဲမှုဆိုင်ရာအခြေခံလုပ်ငန်းဆောင်ရွက်မှုတွေအတွက် အသုံး၀င်ပြီး BIOSmart က BIOS တွေကို ပြင်ဆင်ခြင်းနဲ့ အချိန်ချွေတာရန်အတွက် BIOS ဖိုင်အသစ်တွေကို တင်ပို့ပေးခြင်းတို့ကို ခွင့်ပြုပေးပါတယ်။
ASUS အေ၀းထိန်းစီမံခန့်ခွဲရေးကိရိယာက တစ်ဘရိတ်တည်းဆောင်ရွက်နိုင်တဲ့ ပုံမှန်စီမံခန့်ခွဲရေးကိရိယာဖြစ်သလို ပြီးပြည့်စုံတဲ့စနစ်ပိုင်းဆိုင်ရာစီမံခန့်ခွဲမှုအတွက် ၀န်ဆောင်မှုပေးခြင်းကလည်း စီးပွားရေးလုပ်ငန်းတွေအတွက် အရေးပါဆုံးသောကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ တစ်ဘရိတ်တည်းဆောင်ရွက်နိုင်တဲ့ ပီစီစီမံခန့်ခွဲရေးကိရိယာတစ်ခုဖြစ်တဲ့ ASUS အေ၀းထိန်းစီမံခန့်ခွဲရေးကိရိယာက ကမ်းလှမ်းလျက်ရှိသည်များမှာ -
-
Easy BIOS အပြင်အဆင်
စီပီယူ၊ ပန်ကာ သို့မဟုတ် စနစ်အပြင်အဆင်များကို မိမိနဲ့ကိုက်ညီတဲ့အနေအထားအတိုင်း လွယ်လင့်တကူ ပြောင်းလဲပေးနိုင်ပါတယ်။
-
Quick BIOS အဆင့်မြှင့်တင်ခြင်း
USB သို့မဟုတ် ဟာ့ဒ်ဒရိုက်မှတစ်ဆင့် အချိန်ကိုက် BIOS အဆင်မြှင့်တင်မှုများ ပြုလုပ်ပေးပါတယ်။
-
စနစ်ပိုင်းဆိုင်ရာ စောင့်ကြည့်စစ်ဆေးမှု
စနစ်ပိုင်းဆိုင်ရာ အပူချိန်၊ စွမ်းအင် သို့မဟုတ် ပန်ကာအနေအထားတို့ကို စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးပေးပါတယ်။
-
အေ၀းထိန်းစွမ်းအင်စီမံခန့်ခွဲမှု
Wake Up/Shut Down/Reset/Hibernate အနေအထားများကို ထိန်းချုပ်ပေးပါတယ်။
-
DMI တန်ဖိုးကို မိမိလိုအပ်ချက်နဲ့အညီ ပြင်ဆင်ခြင်း
DMI သတင်းအချက်အလက်များကို ပြန်လည်ဆောင်ကြဉ်းပေးခြင်းနဲ့ DMI တန်းကို အချိန်ကိုက်တည်းဖြတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးပါတယ်။
BIOSmart က BIOS ကို မိမိလိုအပ်ချက်နဲ့အညီ လျင်မြန်စွာ အခမဲ့ပြင်ဆင်အသုံးပြုနိုင်တဲ့ ကိရိယာတစ်ခု ဖြစ်ပါတယ်။ BIOSmart က စနစ်ပိုင်းဆိုင်ရာပေါင်းစပ်ရေးပရိုဂရမ်များအား မိမိလိုအပ်ချက်နဲ့အညီပြင်ဆင်ထားတဲ့ BIOS တွေကို တင်ပို့ခွင့်ပြုပေးတာကြောင့် မိမိလိုအပ်ချက်နဲ့အညီ ပြင်ဆင်ချိန်ညှိထားတဲ့လိုဂိုတွေအတွက် ပျော့လွယ်ပြင်လွယ်ရှိမှုကို ဖန်တီးပေးသလို DMI တန်းတွေကိုတောင် ပြောင်းလဲပေးနိုင်စေပါတယ်။
* BIOSmart မှာ ASUS သို့ BIOS တင်ပို့မှုအတွက် အတည်ပြုချက်ရယူရန် လိုအပ်ပါတယ်။