အသုံးပြုစည်းကမ်းများ သတိပေးချက် / ကိုယ်ရေးကိုယ်တာမ

    ASUS တစ်ကိုယ်ရေလုံခြုံရေးမူဝါဒ

     

    ASUSTek Computer Inc. နှင့် ၎င်း၏တွဲဖက်အဖွဲ့အစည်းများ (“ASUS”၊ “ကျွန်ုပ်တို့၊ “ကျွန်ုပ်တို့၏" သို့မဟုတ် "ကျွန်ုပ်တို့ကို”) သည် သင်၏ တစ်ကိုယ်ရေလုံခြုံရေးကို သက်ဆိုင်ရာ တစ်ကိုယ်ရေလုံခြုံရေး ဥပဒေများနှင့် အညီ ကာကွယ်ရန် ရည်ရွယ်ပါသည်။ ASUS တစ်ကိုယ်ရေလုံခြုံရေးမူဝါဒ ("တစ်ကိုယ်ရေလုံခြုံရေးမူဝါဒ") နှင့်တကွ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ အခြား တစ်ကိုယ်ရေလုံခြုံရေး နို့တစ်စာမှန်သမျှတွင် ကျွန်ုပ်တို့က သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို အွန်လိုင်းနှင့် အော့(ဖ်)လိုင်း ကောက်ယူ၊ အသုံးပြု၊ ကာကွယ်ပုံများကို ရှင်းပြထားပါသည်။ ကောက်ယူထားသော ကိုယ်ရေးကိုယ်တာဒေတာများကို မည်သူနှင့် မျှဝေနိုင်ကြောင်း သို့မဟုတ် မည်သူ့ထံ ဖွင့်ထုတ်နိုင်ကြောင်းကိုလည်း တစ်ကိုယ်ရေလုံခြုံရေးမူဝါဒတွင် အသေးစိတ်ဖော်ပြထားပါသည်။

    သင်သည် ကလေးတစ်ဦးဖြစ်ပါက သင်၏ မိဘ (သို့မဟုတ် အုပ်ထိန်းသူ) က ကျွန်ုပ်တို့၏ တစ်ကိုယ်ရေလုံခြုံရေးမူဝါဒကို ဖတ်ရှု၊ သဘောတူပြီး သင်၏ ကိုယ်ရေးကိုယ်တာဒေတာများကို ASUS သို့ မျှဝေရန် သဘောတူခွင့်ပြုပြီးမှသာလျှင် သင်က ASUS ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို သုံးနိုင်ပါသည်။


    1. ASUS သည် ဒေတာများကို ဘယ်လို ကောက်ယူအသုံးပြုသလဲ

     

    ဤစာပိုဒ်တွင် ASUS ထုတ်ကုန်နှင့် ဝန်ဆောင်မှုများက သင့်ဒေတာများကို ကောက်ယူအသုံးပြုနိုင်ပုံအကြောင်း ရှင်းပြထားပါသည်။

     

    သင်သည် ASUS ကွန်ပျူတာများ၊ ဆော့(ဖ်)ဝဲများ၊ တရားဝင်ဝက်ဘဆိုက်များနှင့် ဖောက်သည်ကူညီရေးရာ ဝန်ဆောင်မှုများကဲ့သို့ ASUS ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို သုံးသောအခါ သို့မဟုတ် ၎င်းတို့နှင့် အဆက်အသွယ်လုပ်သောအခါ ကျွန်ုပ်တို့သည် သက်ဆိုင်ရာရည်ရွယ်ချက်များအတွက် သင့်ထံမှ အချို့သောဒေတာများကို ကောက်ယူရန် လိုနိုင်ပါသည်။ အောက်ပါစာရင်းတွင် ASUS က သင်၏ဒေတာများအား ကောက်ယူအသုံးပြုပုံကို စာရင်းအတိအကျမဟုတ်သော်လည်း ယေဘုယျဖော်ပြထားပါသည်။ သင်အသုံးပြုသော ASUS ထုတ်ကုန်နှင့် ဝန်ဆောင်မှုများအပေါ်အခြေခံ၍သာလျှင် သင်၏ ကိုယ်ရေးကိုယ်တာဒေတာအချို့ကို ကျွန်ုပ်တို့က ကောက်ယူကြောင်း သတိပြုရန် အရေးကြီးပါသည်။ ကျွန်ုပ်တို့ကောက်ယူသော ကိုယ်ရေးကိုယ်တာဒေတာ အမျိုးအစားသည် ထုတ်ကုန်နှင့် ဝန်ဆောင်မှုတစ်ခုစီ၏ သဘောသဘာဝကိုလိုက်ပြီး အမျိုးမျိုးကွဲပြားနိုင်ပါသည်။ ၎င်းအပြင် အချို့သောနိုင်ငံများ၌ ကလေးများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို မှားယွင်းကောက်ယူမိခြင်း သို့မဟုတ် အသုံးပြုမိခြင်းမှ ရှောင်ကြဉ်ရန်အတွက် အသက်အရွယ်စစ်ဆေးရန် သင့်မွေးနေ့ သို့မဟုတ် သဘောတူခွင့်ပြုချက်တောင်းခံနိုင်ရန်အတွက် သင့်မိဘ (သို့မဟုတ်) အုပ်ထိန်းသူ၏ ဆက်သွယ်ရန်အချက်အလက်များကို ဖြည့်ရန်လိုနိုင်သည်။ ထို့အပြင် သင်က ASUS ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို သုံးစဉ်တွင် သင့်အား တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း အထောက်အထားမဖော်ထုတ်နိုင်သော အမည်မသိဒေတာများကို ကျွန်ုပ်တို့က ကောက်ယူနိုင်သည်။


    သင်သည် ကျွန်ုပ်တို့၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို သုံးချိန်၌ ASUS မှ တောင်းခံသော ကိုယ်ရေးကိုယ်တာအချက်အလက်များကို မပေးရန် ရွေးချယ်နိုင်သည်။ သို့သော် သင်က ကိုယ်ရေးကိုယ်တာအချက်အလက်များကို မျှဝေခြင်းမပြုရန် ရွေးချယ်ပါက ASUS သည် သက်ဆိုင်ရာ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို မပေးနိုင်ခြင်း သို့မဟုတ် သင့်တောင်းဆိုချက်များကို မတုံ့ပြန်နိုင်ခြင်းများ ဖြစ်နိုင်ပါသည်။


    1.1 ASUS ကိုယ်ရေးကိုယ်တာဒေတာများ ကောက်ယူခြင်း

    ကိုယ်ရေးကိုယ်တာဒေတာများဆိုသည်မှာ သင့်အား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ သင်၏အထောက်အထားကို ဖော်ထုတ်နိုင်သော သင့်အမည်၊ အီးမေး(လ်)လိပ်စာနှင့် IP လိပ်စာကဲ့သို့ အသေးစိတ်အချက်အလက်များ အပါအဝင် အချက်အလက်မှန်သမျှကို ဆိုလိုသည်။ ASUS သည် သင့်ထံမှ ကြိုတင်သဘောတူခွင့်ပြုချက်နှင့်ဖြစ်စေ၊ ဥပဒေအကြောင်းများအရဖြစ်စေ သင့်ထံမှ အောက်ပါ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကောက်ယူနိုင်သည်။


    (1) သင်က ASUS/ROG အကောင့်တစ်ခုဖွင့်ချိန်တွင် သင်ပေးလိုက်သော အီးမေး(လ်)လိပ်စာ၊ နိုင်ငံ/ဒေသ နှင့် မွေးနေ့ (အချို့နိုင်ငံများတွင်လိုအပ်သည်) အပါအဝင် စာရင်းသွင်းဒေတာများကို ကျွန်ုပ်တို့က အောက်ပါ စာပိုဒ် ၈.၁.၁ အရ ကောက်ယူနိုင်သည်။ သင်က သင်၏ (Facebook, Google, Apple ID သို့မဟုတ် Microsoft အကောင့်ကဲ့သို့) လူမှုကွန်ရက်အကောင့်တစ်ခုကိုသုံးပြီး အကောင့်ဖွင့်ခြင်းဖြစ်ပါက သက်ဆိုင်ရာလူမှုကွန်ရက် ပံ့ပိုးသူက သင့်အကောင့်မှ (သင့်လူမှုကွန်ရက်အကောင့်၏ အီးမေး(လ်)လိပ်စာ ကဲ့သို့) ဒေတာများကို ASUS ထံသို့ သင်၏ သဘောတူခွင့်ပြုချက်အရ မျှဝေနိုင်သည်။


    ၎င်းအပြင် သင်သည် သင်၏ ASUS/ROG အကောင့်ကို ASUS တရားဝင်ဝက်ဘဆိုက်တွင် အကောင့်ဝင်ပါက (လမ်းကြောင်း - ASUS တရားဝင် ဝက်ဘဆိုက်  -https://www.asus.com/entry→ ဝက်ဘဆိုက်ညာအပေါ်ထောင့်ရှိ အကောင့်ဝင်ရန် “LOGIN” ကို ရှာပြီး → အီးမေး(လ်)လိပ်စာနှင့် ASUS/ROG အကောင့်ဖွင့်စဉ်က ထည့်ထားသော စကားဝှက်ကို ထည့်ပြီး "ကျွန်ုပ်၏အကောင့်" အောက်တွင် သင့်ဒေတာကိုရှာပါ)၊ သင့်ပရိုဖိုင်တွင် (သင့်ဓာတ်ပုံ၊ ကျား/မ၊ လိပ်စာ သို့မဟုတ် အလုပ်အကိုင်ကဲ့သို့) ထပ်ဆောင်း ကိုယ်ရေးကိုယ်တာဒေတာများကို ရွေးချယ်ထည့်သွင်းနိုင်ပြီး ဆက်စပ်ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ဝင်ရောက်နိုင်သည် (ဥပမာ - ထုတ်ကုန်၏ အမှတ်စဉ်နံပါတ်နှင့် ဝယ်ယူမှုအချက်အလက်များ၊ ဖိုရမ်ပို့(စ်)များနှင့် တင်ထားသော အကြောင်းအရာများကို ထည့်ပြီး ASUS ထုတ်ကုန်မှတ်ပုံတင်ခြင်း)။


    (2) သင်သည် ကျွန်ုပ်တို့၏ တရားဝင်ဝက်ဘဆိုက်တွင် ASUS တရားဝင် အွန်လိုင်းစတိုးမှ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုတစ်ခုကို ဝယ်ယူချိန်တွင် ကျွန်ုပ်တို့သည် ကုန်အမှာစီမံခန့်ခွဲရေးအတွက် သို့မဟုတ် ASUS အွန်လိုင်းစတိုးဆိုင်ရာ ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် သင်၏ အမည်၊ ကုန်ပို့/ဘီ(လ်)ပို့ လိပ်စာ၊ (အီးမေး(လ်)နှင့် ဖုန်းနံပါတ်ကဲ့သို့) ဆက်သွယ်ရန် အချက်အလက်များနှင့် ကုန်အမှာအသေးစိတ်ကို ကောက်ယူသည်။ ASUS တရားဝင်အွန်လိုင်းစတိုးများကို ခွင့်ပြုချက်ရထားသော ရောင်းချသူများကသာ ဆောင်ရွက်သည့် အချို့သော နိုင်ငံများတွင် သင်၏ဝယ်ယူမှုအမှာများကို ဖြည့်ဆည်းနိုင်ရန်အတွက် အထက်ပါဒေတာများကို အဆိုပါ ရောင်းချသူများက ကောက်ယူပါမည်။ ASUS တရားဝင် အွန်လိုင်းစတိုးမှတစ်ဆင့် သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ထိုသူများက ကောက်ယူအသုံးပြုပုံအကြောင်း ပိုမိုသိရှိလိုပါက ၎င်းတို့၏ တစ်ကိုယ်ရေလုံခြုံရေးမူဝါဒများကို လေ့လာပြီး စစ်ကြည့်ပါ။


    (3) သင်သည် (ASUS ထုတ်ကုန်များ ပြုပြင်ခြင်း သို့မဟုတ် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများအကြောင်း မေးမြန်းခြင်းကဲ့သို့) ဖောက်သည်ကူညီရေးရာ ဝန်ဆောင်မှုများ တောင်းခံပါက သင်၏ အမည်၊ (အီးမေး(လ်)နှင့် ဖုန်းနံပါတ်ကဲ့သို့) ဆက်သွယ်ရန်အချက်အလက်များ၊ ကုန်ပို့လိပ်စာ၊ နိုင်ငံ၊ (အမှတ်စဉ်နံပါတ်ကဲ့သို့) ထုတ်ကုန်ဒေတာ၊ (ဝရန်တီကာလ တွက်ချက်ရန် သို့မဟုတ် အကဲဖြတ်ရန်အတွက် ဝယ်ယူမှုအထောက်အထား ကဲ့သို့) ထုတ်ကုန်ဝယ်ယူမှုအချက်အလက်များ၊ သင့်ထုတ်ကုန်ရှိ ပျက်ကွက်မှတ်တမ်း ဖိုင်များနှင့် (ဝန်ဆောင်မှုအတွက် ကုန်ကျစရိတ်ရှိပါက) ပြေစာထုတ်ပေးရန်အတွက် သင့် VAT နံပါတ် သို့မဟုတ် အခွန်နံပါတ်တို့ကို ကျွန်ုပ်တို့က ကောက်ယူပါမည်။


    (4) သင်သည် ကျွန်ုပ်တို့၏ ပွဲစဉ်များနှင့် ကမ်ပိန်းများကို ဝင်ရောက်ချိန်တွင် သင့်အမည်၊ ဆက်သွယ်ရန်အချက်အလက်၊ (ပို့(စ်)များ၊ သုံးသပ်ချက်များ သို့မဟုတ် ဓာတ်ပုံများကဲ့သို့) တင်ထားသော အကြောင်းအရာများ၊ (အမှတ်စဉ်နံပါတ်ကဲ့သို့) ထုတ်ကုန်ဒေတာ၊ ဆုလက်ဆောင်များမဲပေါက်လျှင် သို့မဟုတ် လက်ဆောင်ရလျှင် လက်ဆောင်ပို့ပေးနိုင်မည့် ကုန်ပို့လိပ်စာကဲ့သို့ အခြားကိုယ်ရေးကိုယ်တာဒေတာများနှင့် သင့်နေ့အိမ်လိပ်စာ၊ အခွန်ကြေညာချက်အတွက် ID သို့မဟုတ် ပတ်စပို့နံပါတ်နှင့် မိတ္တူများကို ကျွန်ုပ်တို့က ကောက်ယူနိုင်သည်။ ကောက်ယူသော ဒေတာအချက်အလက်များသည် သင်ဝင်ရောက်သော ပွဲစဉ် သို့မဟုတ် ကမ်ပိန်း အမျိုးအစားအရ ကွဲပြားနိုင်သည်။ ၎င်းအပြင် ငွေသားပေးသော အချို့သော ပွဲစဉ်များတွင် ငွေလွှဲရန် ရည်ရွယ်ချက်အတွက် သင်၏ဘဏ်အကောင့်အချက်အလက်များကို ပေးရန်လိုနိုင်သည်။


    (5) သင်က ကျွန်ုပ်တို့၏ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို သုံးချိန်တွင် ကျန်းမာရေးနှင့် ပတ်သက်သော အသက်အရွယ်၊ ကျား/မ၊ အရပ်အမြင့်၊ ကိုယ်အလေးချိန်၊ ကိုယ်ခန္ဓာအပူချိန်၊ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်နှင့် နေ့စဉ်လှုပ်ရှားမှု အချက်အလက်များကို ကျွန်ုပ်တို့က ကောက်ယူနိုင်သည်။


    (6) သင်က ASUS ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို သုံးချိန်တွင် အင်တာနက် သို့မဟုတ် ကွန်ရက်ချိတ်ဆက်မှုနှင့် ဝန်ဆောင်မှုများပေးနိုင်ရန် IP လိပ်စာနှင့် DDNS အမည်ကဲ့သို့ ထုတ်ကုန်ဒေတာများကို ကျွန်ုပ်တို့က ကောက်ယူနိုင်သည်။ ASUS ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ၏ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရန်နှင့် တိုးမြှင့်ရန်အတွက် အမှတ်စဉ်နံပါတ်၊ MAC လိပ်စာ၊ WiFi MAC လိပ်စာ၊ IMEI နံပါတ်၊ CPU ID နှင့် အခြားသော ထူးခြား အထောက်အထားများကို ကျွန်ုပ်တို့က ကောက်ယူနိုင်သည်။


    (7) ASUS ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ၏ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရန်နှင့် တိုးမြှင့်ရန်အတွက် GPS လိုင်းအား၊ အနီးနားရှိ WiFi ရနိုင်သောနေရာများ၊ ဆဲ(လ်)တာဝါတိုင်များ၊ နိုင်ငံ၊ မြို့ရွာ၊ အချိန်ဇုန်၊ လတ္တီတွဒ်၊ လောင်ဂျီတွဒ်နှင့် နိုင်ငံဆက်တင်များကဲ့သို့ ASUS ထုတ်ကုန်နှင့် ဝန်ဆောင်မှုများနှင့် သက်ဆိုင်သော တည်နေရာဒေတာများကို ကျွန်ုပ်တို့က ကောက်ယူနိုင်သည်။


    (8) သင်သည် ASUS အား ဖုန်း၊ အွန်လိုင်းချတ်၊ ဝက်ဘဆိုက်ဖောင် သို့မဟုတ် အီးမေး(လ်)မှတစ်ဆင့် ဆက်သွယ်ချိန်တွင် အသံ၊ ဗီဒီယိုနှင့် ဆက်သွယ်ရေးမှတ်တမ်းများကို ကျွန်ုပ်တို့က ကောက်ယူနိုင်သည်။ သင်သည် ASUS Royal Club စက်ပြင်ဌာနကဲ့သို့ ကျွန်ုပ်တို့၏ ပြင်ပနေရာများကို လူကိုယ်တိုင် သွားရောက်ပါက ASUS တည်နေရာများမှ သင်၏ပုံကို လုံခြုံရေးကင်မရာများက ရိုက်ကူးနိုင်သည်။ ၎င်းအပြင် စက်ရုပ်ဆိုင်ရာထုတ်ကုန်များကို သုံးချိန်၌ လုပ်ငန်းဆောင်တာများ ဆောင်ရွက်နိုင်ရန် သင့်အိမ်ပတ်ဝန်းကျင်ရှိ အသံလမ်းညွှန်များနှင့် ပုံများပါဝင်သော ဗီဒီယိုမှတ်တမ်းများကို ကျွန်ုပ်တို့က ကောက်ယူနိုင်သည်။ ဤမှတ်တမ်းများတွင် ကိုယ်ရေးကိုယ်တာအချက်အလက်များ ပါဝင်နိုင်သည်။


    (9) သင်က ကျွန်ုပ်တို့အား (ကျွန်ုပ်တို့၏ လုပ်ငန်း သို့မဟုတ် ပြည်သူ့ဆက်ဆံရေး ဖောင်များကိုဖြည့်ခြင်း၊ လုပ်ငန်းပါတနာပေါ်တယ်များ သို့မဟုတ် ဆုပရိုဂရမ်များသို့ ဝင်ခြင်း ကဲ့သို့) လုပ်ငန်းချန်နယ်များမှတစ်ဆင့် ဆက်သွယ်ချိန်တွင် သင့်အမည်၊ လုပ်ငန်းအဆက်အသွယ်အချက်အလက်များ (ဥပမာ - သင့်လုပ်ငန်း အီးမေး(လ်)နှင့် ဖုန်းနံပါတ်)နှင့် သင့်ကုမ္ပဏီအချက်အလက်များကို ကျွန်ုပ်တို့က ကောက်ယူနိုင်သည်။


    (10) သင်သည် ASUS ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို အွန်လိုင်းပတ်ဝန်းကျင်တွင် သုံးချိန်၌ အင်တာနက်ချိတ်ဆက်ရန် ရည်ရွယ်ချက်အတွက် ကျွန်ုပ်တို့က သင်၏ IP လိပ်စာကို သုံးရန်လိုအပ်သည်။


    (11) သင်က ASUS ထုတ်ကုန်များကို အသက်သွင်းချိန်တွင် အမှတ်စဉ်နံပါတ်၊ IP လိပ်စာနှင့် အသက်သွင်းချိန်တို့ကို တရားဝင်အကျိုးစီးပွားများအတွက် ကျွန်ုပ်တို့က ကောက်ယူနိုင်သည်။


    1.2 ASUS သည် သင့်၏ ကိုယ်ရေးကိုယ်တာဒေတာများကို ဘယ်လိုအသုံးပြုသလဲ

    ကျွန်ုပ်တို့သည် သင်၏ကိုယ်ရေးကိုယ်တာဒေတာများကို အောက်ပါရည်ရွယ်ချက်များအတွက် အသုံးပြုနိုင်ပါသည်။ ASUS သည် သင်၏ ကိုယ်ရေးကိုယ်တာဒေတာများကို ရောင်းချခြင်းမရှိကြောင်း ရှင်းလင်းရန် အရေးကြီးပါသည်။


    (1) ASUS ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ၏ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရန်။


    (2) ASUS ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ၏ လုပ်ဆောင်ရည်နှင့် အရည်အသွေးကို အကဲဖြတ် တိုးမြှင့်ရန်။


    (3) ဖောက်သည်များ၏ တုံ့ပြန်အကြံပြုချက်များကို ကောက်ယူရန်နှင့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုအသစ်များ မွေးထုတ်ရာနှင့် အကဲဖြတ်ရာတွင် အသုံးပြုသူအတွေ့အကြုံများကို သုံးသပ်ရန်။


    (4) ASUS/ROG အကောင့်ဖွင့်ခြင်း လုပ်ငန်းစဉ်များ အပြီးသတ်ရန်နှင့် ထုတ်ကုန်မှတ်ပုံတင်ခြင်းနှင့် ASUS ဖိုရမ်ကဲ့သို့ သက်ဆိုင်ရာ ဝန်ဆောင်မှုများကို ဝင်နိုင်ရန်။


    (5) ကုန်ပို့ဝန်ဆောင်မှုများ (ဥပမာ ဝယ်ယူထားသော ထုတ်ကုန်များကို ပို့ပေးခြင်း) ဆောင်ရွက်ရန်၊ ကုန်အမှာအခြေအနေများ အပ်ပဒိတ်လုပ်ရန်နှင့် ပြေစာများ ထုတ်ပေးရန်။


    (6) သင့်အား ASUS သတင်းများ၊ ပရိုမိုးရှင်းများနှင့် ပွဲစဉ်များအကြောင်း အသိပေးနိုင်မည့် ASUS ၏ ဈေးကွက်မြှင့်တင်ရေးအီးမေး(လ်) သို့မဟုတ် သတင်းစာများ အပါအဝင် စာရင်းသွင်းရယူမှုကို ဆောင်ရွက်ရန်နှင့် ဖြည့်ဆည်းရန်။ စာရင်းသွင်းရယူခြင်းကို အချိန်မရွေး ပြန်ဖြုတ်နိုင်သည်။


    (7) ဆော့(ဖ်)ဝဲအပ်ပဒိတ်၊ လုံခြုံရေးသတိပေးချက်များနှင့် စည်းမျဉ်းစည်းကမ်းနှင့် မူဝါဒအပြောင်းအလဲများကဲ့သို့ အရေးကြီးသော အသိပေးချက်များနှင့် အပ်ပဒိတ်များအကြောင်း ပို့နိုင်ရန်။ ဤအရာများသည် အရေးကြီးသောကြောင့် ချန်လှပ်မရပါ။


    (8) သင့်အထောက်အထားကိုအတည်ပြုရန်၊ ပွဲစဉ် သို့မဟုတ် ကမ်ပိန်းတွင် ထည့်သွင်းမှုများနှင့် ဆုလက်ဆောင်များ စီမံခန့်ခွဲရန်၊ သက်ဆိုင်ရာကိစ္စများအတွက် သင့်ထံဆက်သွယ်ရန်၊ ငွေသားပြန်ပေးရန်၊ အခွန်ကြေညာရန်နှင့် ပွဲစဉ်များနှင့် ကမ်ပိန်းများအတွက် လိုအပ်သော အခြား ကုန်ပို့ဝန်ဆောင်မှုများ သို့မဟုတ် အာမခံများ ကမ်းလှမ်းရန်။


    (9) ကျန်းမာရေးစောင့်ရှောက်မှုနှင့်ဆိုင်သော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများအတွက် ကိုယ်ခန္ဓာဒေတာနှင့် နေ့စဉ်လှုပ်ရှားများအပါအဝင် ဒေတာများ မှတ်တမ်းတင်ရေး၊ စိစစ်ရေး၊ ပြုပြင်ရေးနှင့် သိမ်းဆည်းရေးတွင် ကူညီရန်။ သင်က (မိသားစု၊ ပြုစုစောင့်ရှောက်သူများ သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှုပေးသော ပညာရှင်များကဲ့သို့) သတ်မှတ်ထားသော ပုဂ္ဂိုလ်နှင့် ဒေတာများနှင့် လှုပ်ရှားမှုရလဒ်များကို မျှဝေချိန်တွင် ပြုပြင်မှုများနှင့် ဝင်ကြည့်ခြင်းများအတွက် ပံ့ပိုးမှုပေးရန်။


    (10) ဖောက်သည်ကူညီရေးရာ ဝန်ဆောင်မှုများ ပေးရန်၊ ထုတ်ကုန်ပြုပြင်ရန်တောင်းဆိုမှုများကို ကိုင်တွယ်ရန်၊ မေးခွန်းများဖြေရန်၊ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု ထိန်းသိမ်းရန်နှင့် အသုံးပြုသူအတွေ့အကြုံစိစစ်ရန်အတွက် ဖောက်သည်စောင့်ရှောက်မှုနှင့် ကျေနပ်မှု စစ်တမ်းများ ဆောင်ရွက်ရန်။ အခွင့်အရေးနှင့် အကျိုးစီးပွားများကို အထူးသဖြင့် ASUS နှင့် ဆက်သွယ်ချိန် သို့မဟုတ် ASUS Royal Club စက်ပြင်ဌာနနှင့် ASUS ရုံးများသို့ လူကိုယ်တိုင်သွားချိန်များတွင် ထိန်းချုပ်ခွင့်ရရန်နှင့် ကာကွယ်ရန်၊ အသံ၊ ဗီဒီယိုနှင့် ဆက်သွယ်ရေးမှတ်တမ်းများကို ကောက်ယူနိုင်သည်။ ASUS စက်ရုပ်ဆိုင်ရာထုတ်ကုန်နှင့် ဝန်ဆောင်မှုများ သုံးချိန်၌ လုပ်ငန်းဆောင်တာများ ဆောင်ရွက်နိုင်ရန် အသံနှင့် ဗီဒီယိုမှတ်တမ်းများကို ကောက်ယူနိုင်သည်။


    (11) သင်စိတ်ဝင်စားနိုင်သည်ဟု ကျွန်ုပ်တို့ယုံကြည်သည့် စျေးကွက်မြှင့်တင်ရေး အဆက်အသွယ်များနှင့် ကြော်ငြာများ ကမ်းလှမ်းရန် သို့မဟုတ် ASUS ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ အသုံးပြုမှုအပေါ် အခြေခံသော ဝန်ဆောင်မှုများ အကြံပြုနိုင်ရန်အတွက် ပြင်ပပါတီကွတ်ကီးများသုံးခြင်းအပါအဝင် စိတ်ကြိုက် ဈေးကွက်မြှင့်တင်ရေးဝန်ဆောင်မှုများ ပံ့ပိုးရန်။


    (12) သင်က ကြိုတင်သဘောတူထားသည့် အခြားရည်ရွယ်ချက်မှန်သမျှ။


    (13) သင်က ASUS ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို အွန်လိုင်းပတ်ဝန်းကျင်၌ သုံးချိန်တွင် အင်တာနက်ချိတ်ဆက်မှု ဆောင်ရွက်ပေးရန်။


    (14) ကျွန်ုပ်တို့၏ တရားဝင်အကျိုးစီးပွားများအရ (ပြုပြင်ရေးအစိတ်အပိုင်းများ စီစဉ်ခြင်းနှင့် နေရာချထားခြင်းကဲ့သို့) ကျွန်ုပ်တို့၏ ထုတ်ကုန်လည်ပတ်ရေးနှင့် စီစဉ်ရေးရည်ရွယ်ချက်များကို ဆောင်ရွက်ရန်နှင့် သင်၏ ထုတ်ကုန်အသက်သွင်းဒေတာများကိုသုံးပြီး သင့်ထုတ်ကုန်များ၏ ဝရန်တီကာလကို တွက်ချက်ရန်။


    1.3 အမည်မသိဒေတာများကို ASUS က ကောက်ယူအသုံးပြုခြင်း

    အမည်မသိဒေတာဆိုသည်မှာ သင့်အထောက်အထားကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း မဖော်ထုတ်နိုင်သည့် သင်သုံးနေသော ထုတ်ကုန်၊ ဆော့(ဖ်)ဝဲဗားရှင်းနှင့် ပြေစာရက်စွဲကဲ့သို့ အချက်အလက်များကို ဆိုလိုသည်။ ASUS ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို သင်သုံးချိန်တွင် ကျွန်ုပ်တို့သည် သင့်ထံမှ ဤအမျိုးအစား အမည်မသိဒေတာများကို အကြောင်းအရင်းအမျိုးမျိုးအတွက် ကောက်ယူ အသုံးပြုနိုင်သည်။ ၎င်းအပြင် ဤအမည်မသိဒေတာများကို အထက်တွင်ဖော်ပြထားသော သင်၏ ကိုယ်ရေးကိုယ်တာဒေတာများနှင့် ချိတ်ထားပါက ၎င်းတို့အား သင့်ကိုယ်ရေးကိုယ်တာဒေတာများ၏ အကာအကွယ်အဆင့်နှင့်တန်းတူ ကိုင်တွယ်ပြီး ဂရုစိုက်ပါမည်။


    (1) သင်၏ ASUS ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို အသုံးပြုခြင်းနှင့် သက်ဆိုင်သော အချက်အလက်များတွင် သင့်ထုတ်ကုန်မော်ဒယ်အမည်၊ တံဆိပ်၊ အမျိုးအစား၊ ထုတ်လုပ်သူ၊ အစိတ်အပိုင်းနံပါတ်၊ (CPU နှင့် မားသားဘုတ်ကဲ့သို့) ဟာ့(ဒ်)ဝဲအသေးစိတ်၊ စက်လည်ပတ်မှုစနစ်၊ စက်ရုံထုတ်ဆက်တင်၊ အသက်သွင်းချိန်၊ (ဖန်း(မ်)ဝဲဗားရှင်းကဲ့သို့) ဖန်း(မ်)ဝဲအချက်အလက်များနှင့် ဖန်း(မ်)ဝဲအပ်ပဒိတ်အသေးစိတ်၊ မန်မိုရီနှင့် သိုလှောင်ခန်းအရွယ်အစား ROM ဆိုင်ရာဒေတာများ (အမျိုးအစား၊ ဗားရှင်း၊ တည်ဆောက်မှုလက်ဗွေ၊ တည်ဆောက်မှုဖော်ပြချက်)၊ ကင်မရာရက်ဇလူးရှင်း၊ မျက်နှာပြင်ဆက်တင်၊ ထုတ်ကုန်အရောင်၊ တယ်လီကွန်းနှင့် ကွန်ရက်ချိတ်ဆက်မှုအသေးစိတ်၊ ကွန်ရက်အခြေအနေ၊ နည်းပညာမှတ်တမ်းများ၊ စတန်းဘိုင်အခြေအနေ၊ ဖိုင်ပျက်မှတ်တမ်း၊ စိတ်ကြိုက်အင်တာဖေ့၊ ဘရောက်ဇာအမျိုးအစား၊ ဗားရှင်း၊ ဘာသာစကားဆက်တင်၊ ဆန်းစစ်ရေးနှင့် အသုံးပြုမှုဒေတာ၊ အသုံးပြုသူအမူအကျင့်၊ GPS နှင့် WiFi ဗားရှင်း၊ စနစ်အခြေအနေ (ဓာတ်ခဲ၊ CPU၊ RAM သုံးနှုန်း၊ ဒေသအချိန်)၊ ထုတ်ကုန် စတက်ခြင်းများ၏ နံပါတ်များနှင့် အချိန်များ၊ လုံခြုံရေးဖြစ်ရပ်များကဲ့သို့ မှတ်တမ်းဒေတာများ ပါဝင်သည်။


    (2) ASUS အပလီကေးရှင်းများနှင့် ဆော့(ဖ်)ဝဲများအား အသုံးပြုမှုနှင့် အပြန်အလှန်ဆက်သွယ်မှုဆိုင်ရာ ဒေတာများတွင် အပလီကေးရှင်းနှင့် ဆော့(ဖ်)ဝဲ အမည်များနှင့် ဗားရှင်းများ၊ ထည့်သွင်းချိန်နှင့် ဖြုတ်ချိန်များ၊ အကောင့်ဝင် အကောင့်ထွက် အချိန်များ၊ အသုံးပြုနှုန်းနှင့် ကိန်းဂဏန်းများ၊ အဖွင့်အပိတ် အချိန်များ၊ နှစ်သက်ရာ အပလီကေးရှင်းနှင့် ဆော့(ဖ်)ဝဲအမျိုးအစားများ၊ အသုံးပြုမှုဆိုင်ရာ အပြုအမူဆက်တင်များ၊ အပ်ပဒိတ်ဗားရှင်းနှင့် ရလဒ်၊ ကွန်ပျူတာရှိ အချို့သောလုပ်ငန်းဆောင်တာများအတွက် (ဥပမာ - အက္ခရာများကို ထက်ဝက်အကျယ်/ အပြည့်အကျယ် ဖောင်များသို့ ပြောင်းရန်အတွက် Shift + spacebar ကီးများ၊ စကားလုံးများရွေးချယ်ရန်နှင့် မီနူးများ ရွေးရန်အတွက် arrow/Tab/Enter ကီးများကဲ့သို့) ဟော့ကီးများနှင့် အခြားအရာများ အကန့်အသတ်မရှိပါဝင်သည်။


    (3) သင်က အချို့သော (ထုတ်ကုန်ပြုပြင်ခြင်း ကဲ့သို့) ဖောက်သည်ကူညီရေးရာ ဝန်ဆောင်မှုများ တောင်းခံချိန်တွင် သို့မဟုတ် ပွဲစဉ်များတွင် ပါဝင်ချိန်တွင် ဝယ်ယူရက်စွဲနှင့် ရောင်းချသူအမည်ကဲ့သို့ ASUS ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ဝယ်ယူခြင်းအချက်အလက်များကို ကျွန်ုပ်တို့က ကောက်ယူသည်။



    2. သင်၏ကိုယ်ရေးကိုယ်တာဒေတာများကို ထိန်းသိမ်းခြင်း

     

    ဤစာပိုဒ်တွင် ASUS က သင်၏ကိုယ်ရေးကိုယ်တာဒေတာများကို ထိန်းသိမ်းပုံအကြောင်း မိတ်ဆက်ထားပါသည်။

     

     
    ဥပဒေအရ ခွင့်ပြုထားခြင်းမရှိပါက သို့မဟုတ် တာရှည်သိမ်းထားရန် မလိုအပ်ပါက သင်၏ကိုယ်ရေးကိုယ်တာဒေတာများကို ဤတစ်ကိုယ်ရေလုံခြုံရေးမူဝါဒတွင် ဖော်ပြထားသည့် ပန်းတိုင်များရရှိရန် လိုအပ်သောကာလအတွင်းသာ ကျွန်ုပ်တို့က သိမ်းထားပါမည်။ ဥပမာ - သင်၏ ASUS/ROG အကောင့် အဖွဲ့ဝင်ခွင့် စာရင်းသွင်းဒေတာများကို သင်၏အဖွဲ့ဝင်ခွင့်သက်တမ်း ကုန်ဆုံးသည်အထိ ကျွန်ုပ်တို့က ထိန်းသိမ်းနိုင်သည်။ ဖောက်သည်ဝန်ဆောင်မှုဒေတာများကို ဖောက်သည်ဆက်ဆံရေး စီမံခန့်ခွဲရေးအတွက် သင့်လျော်သော ကာလတစ်ခုအထိ ကျွန်ုပ်တို့က ထိန်းသိမ်းနိုင်သည်။ အခွန်ဥပဒေများ သို့မဟုတ် အခြားစည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်အတွက် (ASUS တရားဝင်အွန်လိုင်းစတိုးမှ သင်၏ကုန်အမှာအချက်အလက်များကဲ့သို့) သင့်အချက်အလက်များကို အဆိုပါဥပဒေများတွင် သတ်မှတ်ထားသော ကာလအတွင်း ကျွန်ုပ်တို့က သိမ်းထားနိုင်သည်။ အစိုးရများ သို့မဟုတ် တရားစီရင်ရေးအရ ဒေတာများကို စုံစမ်းစစ်ဆေးရေး သို့မဟုတ် ဥပဒေကိစ္စရပ်များအတွက် တောင်းဆိုသည့်အခါ ကျွန်ုပ်တို့က သင့်ဒေတာများကို တာရှည်ထိန်းသိမ်းနိုင်သည်။


    3. ASUS သည် သင်၏ ကိုယ်ရေးကိုယ်တာဒေတာများကို မည်သူတို့ထံ ဖွင့်ထုတ်နိုင်သလဲ

    ဤစာပိုဒ်တွင် ASUS သည် သင်၏ကိုယ်ရေးကိုယ်တာဒေတာများကို အကန့်အသတ်ရှိသော အခြေအနေများနှင့် ရည်ရွယ်ချက်များအတွက် ပြင်ပပါတီများနှင့် မျှဝေနိုင်ကြောင်း ရှင်းပြထားပါသည်။

     

     
    အောက်ပါခြွင်းချက်များမှအပ သင်၏ကိုယ်ရေးကိုယ်တာဒေတာများကို အခြားမည်သူတစ်ဦးတစ်ယောက်နှင့်မျှ မျှဝေမည်မဟုတ်ပါ။ 


    3.1 သင့်ထံမှ သဘောတူခွင့်ပြုချက်ရှိလျှင်

    သင်က ကြိုတင်ခွင့်ပြုချက်ပေးထားလျှင် ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို အခြားပြင်ပပါတီများထံ မျှဝေ သို့မဟုတ် ဖွင့်ထုတ်ပါမည်။


    3.2 ဝန်ဆောင်မှုပေးသူများနှင့် ပါတနာများ

    ကျွန်ုပ်တို့သည် သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များ၏ လိုအပ်သော အစိတ်အပိုင်းများကို ကျွန်ုပ်တို့ကိုယ်စား ဝန်ဆောင်မှုများ ပံ့ပိုးပေးသော ကျွန်ုပ်တို့၏ ဝန်ဆောင်မှုပံ့ပိုးသူများ သို့မဟုတ် ၎င်းတို့အမည်အောက်တွင် ဝန်ဆောင်မှုများဖြည့်ဆည်းနိုင်ရန်အတွက် သင့်ကိုယ်ရေးကိုယ်တာဒေတာများကို ဆောင်ရွက်ရသော ပါတနာများထံ မျှဝေနိုင်သည်။ ဥပမာ - စျေးကွက်မြှင့်တင်ရေးအေဂျင်စီများက ကျွန်ုပ်တို့အား ပရိုမိုးရှင်းလှုပ်ရှားမှုများတွင် ကူညီပေးခြင်း၊ နောက်ဆက်တွဲ ကုမ္ပဏီများက ထုတ်ကုန်ပေးပို့ခြင်း၊ ကြော်ငြာကမ်ပိန်းပံ့ပိုးသူများက ပြင်ပပါတီကွတ်ကီးများကို အခြေခံပြီး ရည်မှန်းသော ကြော်ငြာများနှင့် ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ ဆက်သွယ်ရေးများအတွက် ဒေတာများ ခွဲခြမ်းစိတ်ဖြာခြင်း၊ ဖောက်သည်ဝန်ဆောင်မှုပေးသူများက ထုတ်ကုန်ပြုပြင်ခြင်း၊ ကောစင်တာအကူအညီနှင့် အွန်လိုင်းချတ်ဝန်ဆောင်မှုများကဲ့သို့ ဝန်ဆောင်မှုများ ပံ့ပိုးခြင်း၊ ငွေပေးချေမှုဆိုင်ရာကုမ္ပဏီများက သင့်ငွေတောင်းခံလွှာများကို ဆောင်ရွက်ခြင်း သို့မဟုတ် ငွေပေးချေမှုတွင် အလိမ်အညာစစ်ဆေးမှုများ ဆောင်ရွက်ခြင်း။ ဤဝန်ဆောင်မှုပံ့ပိုးသူများနှင့် ပါတနာများသည် သင့်ကိုယ်ရေးကိုယ်တာဒေတာများအား ကျွန်ုပ်တို့၏ လမ်းညွှန်များအရ သို့မဟုတ် ဤနေရာတွင် အထူးပြုဖော်ပြထားသော ရည်ရွယ်ချက်များအတွက် သို့မဟုတ် နှစ်မျိုးစလုံးအတွက်သာ သုံးခွင့်ရှိပါသည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုပံ့ပိုးသူများနှင့် ပါတနာများ အားလုံးသည် တစ်ကိုယ်ရေလုံခြုံရေးမူဝါဒကို တင်းတင်းကျပ်ကျပ်လိုက်နာကြောင်း ASUS က အာမခံပါသည်။


    3.3 ဥပဒေရေးရာ၊ အကာအကွယ်၊ လုံခြုရေး ရည်ရွယ်ချက်များအတွက်

    ကျွန်ုပ်တို့သည် အောက်ပါတို့အပါအဝင် ဥပဒေရေးရာ သို့မဟုတ် လုံခြုံရေးအကြောင်းအရင်းများအတွက် သင့်ကိုယ်ရေးကိုယ်တာဒေတာများ၏ လိုအပ်သော အစိတ်အပိုင်းများကို ပြင်ပပါတီများထံ ဖွင့်ထုတ်ခြင်း သို့မဟုတ် မျှဝေခြင်း လုပ်နိုင်သည် -

    (1) ၎င်းသည် ဥပဒေအရ သို့မဟုတ် စည်းမျဉ်းစည်းကမ်းများအရ လိုအပ်လျှင် သို့မဟုတ် အစိုးရ သို့မဟုတ် တရားရေးအရာရှိများက ၎င်းကိုလိုအပ်ပြီး ၎င်းတို့၏ တောင်းဆိုချက်သည် တရားရေးအခြေခံအရ ခိုင်မာမှုရှိသည်ဟု ကျွန်ုပ်တို့ကယူဆပြီး တရားရေးလုပ်ငန်းစဉ်များ ရှေ့ဆက်ဆောင်ရွက်ရန် သို့မဟုတ် အလိမ်အညာများ သို့မဟုတ် အခြားသော ဥပဒေမဲ့ လုပ်ဆောင်ချက်များ ကာကွယ်ရန်အတွက် လိုအပ်လျှင်။


    (2) ASUS၊ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုပံ့ပိုးသူများ၊ ဖောက်သည်များ သို့မဟုတ် အများပြည်သူများ၏ အခွင့်အရေးများ၊ ပိုင်ဆိုင်မှုများ သို့မဟုတ် ဘေးကင်းရေးကို ခွင့်ပြုထားသည့်အတိုင်းအတာအလျောက် သို့မဟုတ် ဥပဒေလိုအပ်ချက်အရ ကာကွယ်စောင့်ရှောက်ရန်။



    4. သင်၏ ကိုယ်ရေးကိုယ်တာဒေတာများကို နယ်စပ်ဖြတ်ကျော် ဆောင်ရွက်ခြင်း

     

    ဤစာပိုဒ်တွင် ASUS သည် သင်၏ ကိုယ်ရေးကိုယ်တာဒေတာများကို အခြားနိုင်ငံများသို့ မည်သို့ လွှဲပြောင်းနိုင်သလဲ ရှင်းပြထားသည်။ ကျွန်ုပ်တို့သည် ၎င်းနိုင်ငံများရှိ တစ်ကိုယ်ရေလုံခြုံရေး ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် ကြိုးပမ်းသည်။

     

     
    သင်က ASUS အား သင့်ကိုယ်ရေးကိုယ်တာ ဒေတာများကို ပေးချိန်တွင် ASUS နှင့် ၎င်း၏ တွဲဖက်အဖွဲ့အစည်းများ သို့မဟုတ် ဝန်ဆောင်မှုပံ့ပိုးသူများ သို့မဟုတ် ပါတနာများသည် သင်၏ကိုယ်ရေးကိုယ်တာဒေတာများကို သင့်နိုင်ငံမဟုတ်သော အခြားသော နိုင်ငံတစ်ခုခုတွင် လွှဲပြောင်း၊ သိမ်းဆည်း၊ အသုံးပြု၊ ဆောင်ရွက်နိုင်ကြောင်း သင်က နားလည်ပြီး သဘောတူပါသည်။ သင်၏ကိုယ်ရေးတာဒေတာများနှင့် ပတ်သက်သော ၎င်းလုပ်ဆောင်ချက်များသည် ဤတစ်ကိုယ်ရေလုံခြုံရေးမူဝါဒ၊ တစ်ကိုယ်ရေကာကွယ်ရေးနှင့် ကိုယ်ရေးကိုယ်တာဒေတာလုံခြုံရေး ဆိုင်ရာ ဥပဒေများနှင့် ကိုက်ညီပါသည်။



    5. ကွတ်ကီးများနှင့် အလားတူနည်းပညာများ

     

    ဤစာပိုဒ်တွင် ASUS ထုတ်ကုန်နှင့် ဝန်ဆောင်မှုများရှိ ကွတ်ကီးများနှင့် အလားတူနည်းပညာများကို ASUS နှင့် ပြင်ပပါတီများက ဘယ်လိုသုံးသလဲ၊ သင်က သင်၏ကွတ်ကီးဆက်တင်များကို ဘယ်လိုထိန်းချုပ်နိုင်သလဲ ရှင်းပြထားသည်။

     

     
    ကွတ်ကီးများဆိုသည်မှာ ကျွန်ုပ်တို့က ASUS ထုတ်ကုန်နှင့် ဝန်ဆောင်မှုများအပေါ် သင်၏အတွေ့အကြုံကို စိတ်ကြိုက်ပြုလုပ်နိုင်ရန် ကူညီပေးသည့် သင့်စက်များတွင် ထည့်ထားသော စာသားဖိုင်ငယ်များဖြစ်သည်။ ASUS နှင့် ကျွန်ုပ်တို့၏ ပြင်ပပါတီပါတနာများသည် သင့်ထံ အဆိုပါ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ပေးရာ၌ ကူညီနိုင်ရန်အတွက် ကွတ်ကီးများနှင့် အလားတူနည်းပညာများကို အသုံးပြုပါသည်။ ASUS ဒိုမိန်းအောက်ရှိ (အချို့ နိုင်ငံ/ဒေသဆိုင်ရာ မိုက်ခရိုဆိုက်များနှင့် ဗားရှင်းများ အပါအဝင်) ကျွန်ုပ်တို့၏ ဝက်ဘဆိုက်မှန်သမျှကို သင်က ဝင်ရောက်သောအခါ အဆိုပါ ASUS ဝက်ဘဆိုက်များက အောက်ပါ ကွတ်ကီးများနှင့် အလားတူနည်းပညာများအား အချို့ သို့မဟုတ် အားလုံးကို သုံးနိုင်သည်။ ကျွန်ုပ်တို့အသုံးပြုသော ကွတ်ကီးအမျိုးအစားနှင့် အလားတူနည်းပညာများသည် ဝက်ဘဆိုက်အမျိုးမျိုးအလိုက် ကွဲပြားနိုင်သည်။


     5.1 ကျွန်ုပ်တို့သည် ကွတ်ကီးများကို ဘယ်လိုအသုံးပြုသလဲ

    (1) သင်၏ အွန်လိုင်းအတွေ့အကြုံများကို မြှင့်တင်ရန်နှင့် တိုးတက်စေရန်အတွက် ASUS ထုတ်ကုန်နှင့် ဝန်ဆောင်မှုများက အောက်ပါ မရှိမဖြစ် ကွတ်ကီးများကို သုံးပါသည် -

    လုပ်ဆောင်ချက်

    ဥပမာ

    အကောင့်ဖွင့်ခြင်းနှင့် အတည်ပြုခြင်း

    ကျွန်ုပ်တို့သည် သင့်စက်ရှိ အထူး အကောင့်ဖွင့် ID နံပါတ်နှင့် အတည်ပြုဒေတာများကိုသိမ်းရန် ကွတ်ကီးများ သုံးပါသည်။ သင်သည် ASUS ထုတ်ကုန်နှင့် ဝန်ဆောင်မှုများအတွင်းရှိ စာမျက်နှာအမျိုးမျိုးကို ဆက်တိုက်ဝင်ကြည့်ချိန်များတွင် ဤကွတ်ကီးများက သင့်အား အကောင့်ပြန်ဝင်ရန် မလိုဘဲ ဝင်ရောက်ကြည့်ရှုခွင့်ပေးသည်။

    သင်၏ စိတ်ကြိုက်များနှင့် ဆက်တင်များကို သိမ်းဆည်းခြင်း

    ကျွန်ုပ်တို့သည် သင်ရွေးထားသော ဘာသာစကား၊ တည်နေရာ သို့မဟုတ် ဖောင့်ကဲ့သို့ သင့်စက်များရှိ သင့်စိတ်ကြိုက်များနှင့် ဆက်တင်များကို သိမ်းရန် ကွတ်ကီးများ သုံးပါသည်။ ဤဆက်တင်များကို ကွတ်ကီးများ၌ သိမ်းခြင်းဖြင့် သင်က သင်၏ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ဝင်သည့်အချိန်တိုင်းတွင် ၎င်းတို့ကို ပြန်သုံးရန် မလိုတော့ပါ။

    အသုံးပြုသူထံမှ ထည့်သွင်းခြင်း လုပ်ဆောင်ချက်

    ကျွန်ုပ်တို့သည် ASUS ထုန်ကုန်နှင့် ဝန်ဆောင်မှုများတွင် သင်ထည့်လိုက်သော အချက်အလက်များကို ယာယီသိမ်းဆည်းရန်အတွက် ကွတ်ကီးများ သုံးပါသည်။ ဥပမာ - သင်က ကျွန်ုပ်တို့၏ ဝက်ဘဆိုက်ရှိ ASUS တရားဝင်အွန်လိုင်းစတိုးတွင် ဈေးဝယ်ချိန်၌ သင်ရွေးထားသော ထုတ်ကုန်များ၊ သင်ရွေးထားသော အရေအတွက်နှင့် သင်ထည့်လိုက်သော အခြားဒေတာများကို မှတ်မိစေရန် ၎င်းကွတ်ကီးများက ကူညီပေးသည်။

    လုံခြုံရေး

    ကျွန်ုပ်တို့သည် သင်၏အွန်လိုင်းလုပ်ဆောင်ချက်များ၏ လုံခြုံရေးကို တိုးမြှင့်ရန်အတွက် ကွတ်ကီးများ သုံးပါသည်။ ဥပမာ - သင်က ကျွန်ုပ်တို့၏ ဝက်ဘဆိုက်ရှိ ASUS တရားဝင်အွန်လိုင်းစတိုးတွင် ကျွန်ုပ်တို့၏ ထုတ်ကုန်များကို ဝယ်ယူချိန်၌ ကုန်မှာသူသည် ASUS တရားဝင်အွန်လိုင်းစတိုးတွင် အကောင့်ဝင်ထားသူနှင့် တစ်ဦးတည်းဖြစ်ကြောင်း အတည်ပြုနိုင်ရန်အတွက် သင့် IP လိပ်စာကို ကျွန်ုပ်တို့က သိမ်းထားနိုင်သည်။

    ဒေတာအတင်အချမျှတရေး လုပ်ဆောင်ချက် 


    ကျွန်ုပ်တို့၏ ဝက်ဘဆိုက်များတွင် ဒေတာအတင်အချမျှတရေး လုပ်ဆောင်ချက်များမှတစ်ဆင့် တည်ငြိမ်စွာ ဘရောက်ဇင်းလုပ်နိုင်ရန် ကွတ်ကီးများ သုံးပါသည်။


    (2) စိစစ်ရေးရည်ရွယ်ချက်များနှင့် သင့်အား စိတ်ကြိုက်ကြော်ငြာဝန်ဆောင်မှုများနှင့် အခြားလုပ်ငန်းဆောင်တာများ ပံ့ပိုးနိုင်ရန်၊ ASUS ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ သုံးရာတွင် သင်၏အတွေ့အကြုံကို တိုးမြှင့်ပေးရန်အတွက် ကျွန်ုပ်တို့က အောက်ပါ ကွတ်ကီးများကို သုံးသည်။


    လုပ်ဆောင်ချက်

    ဥပမာ

    စိစစ်ရေးနှင့် ကြော်ငြာကွတ်ကီးများ

    သင်က ကျွန်ုပ်တို့၏ ASUS ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ဝင်ရောက်သည့် ကြာချိန်နှင့် ကြိမ်နှုန်း၊ သင်အသွားများသည့် အထူးကဏ္ဍများ သို့မဟုတ် အင်္ဂါရပ်များကို ခြေရာခံရန်အတွက် ကျွန်ုပ်တို့က ကွတ်ကီးများသုံးပါသည်။ ဥပမာ - Google Inc. (https://policies.google.com/technologies/cookies?hl=en) မှ ပံ့ပိုးသော Google တဂ်မန်နေဂျာ၊ Google ခွဲခြမ်းစိတ်ဖြာရေး၊ Crazy Egg, Inc. (https://www.crazyegg.com/cookies) မှ ပံ့ပိုးသော CrazyEgg ကွတ်ကီးများ၊ InnoCraft Ltd (https://matomo.org/privacy-policy/) မှ ပံ့ပိုးသော Matomo ကွတ်ကီးများ။ ဤအချက်အလက်သည် ASUS ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ၏ လုပ်ဆောင်ရည်နှင့် လုပ်ဆောင်နိုင်စွမ်းကို စိစစ်ရာတွင် ကူညီနိုင်ပြီး လုပ်ဆောင်ရည်မြှင့်တင်ခွင့်ပေးကာ အင်္ဂါရပ်အသစ်များ၊ လုပ်ဆောင်ချက်များနှင့် ဝန်ဆောင်မှုများ မိတ်ဆက်ခွင့်ပေးသည်။ သင်က ကျွန်ုပ်တို့၏ ဝက်ဘဆိုက်များကို ကြည့်ရှုချိန်၌ ဤကွတ်ကီးကိရိယာများက သင့် ASUS/ROG အကောင့် ID နှင့် ဘရောက်ဇာ ID ကဲ့သို့ သင့်ကိုယ်ရေးကိုယ်တာဒေတာများကို ဤကွတ်ကီးများမှတစ်ဆင့် ကောက်ယူနိုင်သည်။


    ကျွန်ုပ်တို့သည် သင်၏ စိတ်ဝင်စားမှုများကို နားလည်နိုင်ရန်အတွက် ASUS ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို သင်သုံးစဉ် ကြည့်ရှုသည့် ကြော်ငြာများကဲ့သို့ အချက်အလက်များကို ကောက်ယူရန်လည်း ကွတ်ကီးများ သုံးပါသည်။ ဤကွတ်ကီးများသည် ကျွန်ုပ်တို့၏ ကြော်ငြာကမ်ပိန်းများ အောင်မြင်ရေးတွင် အဓိကတာဝန်ကိုလည်း ထမ်းဆောင်သည်။ ဥပမာ - Google Inc. (https://policies.google.com/technologies/cookies?hl=en) မှ ပံ့ပိုးသော Google ကြော်ငြာ၊ Google နှစ်ချက်လစ်နှင့် Google ကမ်ပိန်းမန်နေဂျာ ကွတ်ကီးများ၊ X Corp. (https://twitter.com/en/privacy) မှ ပံ့ပိုးသော Twitter ကြော်ငြာများ၊ Meta Platforms, Inc. (https://www.facebook.com/privacy/policies/cookies) မှ ပံ့ပိုးသော Meta ကြော်ငြာများ၊ LinkedIn Corp. (https://www.linkedin.com/legal/cookie-policy) မှ ပံ့ပိုးသော LinkedIn ကြော်ငြာများ၊ TikTok (https://www.tiktok.com/legal/page/row/privacy-policy/en) မှ ပံ့ပိုးသော TikTok ကြော်ငြာများ၊ AWIN Ltd (https://www.awin.com/gb/privacy) မှ ပံ့ပိုးသော AWIN ပစ်ဇယ်၊ Criteo S.A (https://www.criteo.com/privacy/) မှ ပံ့ပိုးသော Criteo တဂ်များနှင့် Quantcast International Limited (https://legal.quantcast.com/) မှပံ့ပိုးသော Quantcast ကွတ်ကီးများ။  ဤကွတ်ကီးများမှတစ်ဆင့် ကောက်ယူထားသော ဒေတာများကို ASUS နှင့် ကြော်ငြာကမ်ပိန်း ပံ့ပိုးသူများအကြား မျှဝေပါမည်။

    YouTube ကွတ်ကီးများ

    ဤကွတ်ကီးများသည် Google အား ကျွန်ုပ်တို့၏ ၀က်ဘဆိုက်နှင့် ဝန်ဆောင်မှုတွင် ထည့်သွင်းထားသော YouTube ဗီဒီယိုမှန်သမျှ၏ ကြည့်ရှုမှတ်တမ်းကို ခြေရာခံခွင့်ပြုပြီး သင်၏ YouTube ဗီဒီယိုများ ရှာကြည့်ခြင်းအတွေ့အကြုံကို စိတ်ကြိုက်ပြုလုပ်ပေးသည်။ Google သည် ကွတ်ကီးအချက်အလက်များကို YouTube ဗီဒီယိုများမှတစ်ဆင့် ဘယ်လိုသုံးသလဲ သိနိုင်ရန် Google ဝက်ဘဆိုက် https://policies.google.com/technologies/cookies?hl=en တွင် ကြည့်ပါ။


    5.2 ကွတ်ကီးဆက်တင်များစီမံခန့်ခွဲနည်း

    (1) သင်သည် ဘရောက်ဇာစိတ်ကြိုက်များသို့ သွား၍လည်းကောင်း၊ ပြင်ပပါတီကွတ်ကီများကို မိတ်ဆက်ထားသည့် အထက်ပါလင့်များသို့ သွား၍လည်းကောင်း၊ ASUS ဝက်ဘဆိုက်များ၏ အောက်ခြေရှိ (အချို့နိုင်ငံများ၌သာ ရရှိနိုင်သည်) “Cookie Settings” သို့ သွား၍လည်းကောင်း ပြင်ပပါတီကွတ်ကီးများ အပါအဝင် ကွတ်ကီးအချို့ သို့မဟုတ် အားလုံးကို လက်ခံလိုသလား၊ ပိတ်ဆို့လိုသလား သို့မဟုတ် ဖျက်လိုသလား ရွေးပြီး သင့်ကွတ်ကီးဆက်တင်များကို ပြုပြင်နိုင်သည်။


    (2) အချို့သောနိုင်ငံများတွင် ASUS ဝက်ဘဆိုက်ကို သင်က ပထမဆုံးအကြိမ် ဝင်ကြည့်သောအခါ ကျွန်ုပ်တို့၏ ကွတ်ကီးအသုံးပြုပုံများအကြောင်း မိတ်ဆက်ထားသော စာတိုတစ်စောင်ကို ၎င်းဝက်ဘဆိုက်များ၏ ခေါင်းစည်းစာတန်းတွင် တွေ့နိုင်ပါသည်။ သင်သည် စာပိုဒ် ၅.၁.(၂) ၏ ကွတ်ကီးများကို လက်ခံရန် သို့မဟုတ် ပိတ်ဆို့ရန် ဤခေါင်းစည်းစာတန်းမှတစ်ဆင့် ဆုံးဖြတ်နိုင်သည်။


    (3) ကွတ်ကီးများကို ပိတ်ထားရန် ဆုံးဖြတ်ပါက ASUS ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ၏ အင်္ဂါရပ်အားလုံးကို သုံးနိုင်မည်မဟုတ်ပါ။


    (4) သင်သုံးသော ဘရောက်ဇာအမျိုးအစားနှင့် ဗားရှင်းအလိုက် ကွတ်ကီးဆက်တင်အတွက် နည်းလမ်းများ အမျိုးမျိုးကွဲနိုင်သည်။ အသုံးများသော ဘရောက်ဇာများအတွက် အချက်အလက်များကို အောက်တွင် ပံ့ပိုးထားပါသည်။ လင့်များကို စစ်ပြီး ၎င်းဘရောက်ဇာများတွင် သင်၏ကွတ်ကီးဆက်တင်စီမံခန့်ခွဲနည်းကို လေ့လာပါ။ သင်က အခြားဘရောက်ဇာသုံးလျှင် သို့မဟုတ် လင့်ကိုဖွင့်မရလျှင် လမ်းညွှန်ချက်အတွက် ၎င်းဘရောက်ဇာများရှိ တစ်ကိုယ်ရေလုံခြုံရေးကြေညာချက် သို့မဟုတ် ကူညီရေးရာစာမျက်နှာများကို ကြည့်ပါ။ ဘရောက်ဇာအမျိုးမျိုးတွင် ကွတ်ကီးဆက်တင် စီမံခန့်ခွဲရေးဆိုင်ရာ အချက်အလက်များအတွက် https://www.aboutcookies.org/ တွင်လည်း ကြည့်နိုင်သည်။


    • Google Chrome ဘရောက်ဇာတွင် ကွတ်ကီးဆက်တင်များထိန်းချုပ်နည်း -
      https://support.google.com/chrome/answer/95647?hl=en
    • Microsoft Edge ဘရောက်ဇာတွင် ကွတ်ကီးဆက်တင်များထိန်းချုပ်နည်း -

    https://support.microsoft.com/en-us/microsoft-edge/view-cookies-in-microsoft-edge-a7d95376-f2cd-8e4a-25dc-1de753474879


    5.3 ဝက်ဘဆိုက်ဘေကွန်များ

    ဝက်ဘဆိုက်ဘေကွန်ဆိုသည်မှာ GIF သို့မဟုတ် PNG ပုံ အနေနှင့်ရှိသော၊ သာမန်အားဖြင့် မမြင်နိုင်သော၊ သေးငယ်သော (၁.၁ ပစ်ဇယ်) ဂရပ်ဖစ်တစ်မျိုးဖြစ်သည်။ ဝက်ဘဆိုက် သို့မဟုတ် အီးမေး(လ်)များတွင် ကမ်ပိန်းအောင်မြင်ရေးကို တိုင်းတာရန်အတွက် ၎င်းကို သုံးသည်။ ASUS သို့မဟုတ် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုပံ့ပိုးသူများသည် ASUS ထုတ်ကုန်နှင့် ဝန်ဆောင်မှုများတွင် သင်သွားရောက်သည့် စာမျက်နှာများ သို့မဟုတ် နှိပ်လိုက်သည့်လင့်များကို ခြေရာခံရန် ဝက်ဘဆိုက်ဘေကွန်များကို သုံးနိုင်သည်။ ဥပမာ - သင်က ဘယ်အကြောင်းအရာကို နှိပ်သလဲ သို့မဟုတ် ဖတ်သလဲ သိနိုင်ရန် ASUS သတင်းစာကဲ့သို့ ကျွန်ုပ်တို့၏ ဈေးကွက်မြှင့်တင်ရေး အီးမေး(လ်)များတွင် ဝက်ဘဆိုက်ဘေကွန်များ ထည့်သွင်းနိုင်သည်။ ကျွန်ုပ်တို့၏ ဝက်ဘဆိုက်များ၊ ASUS ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို အဆင့်မြှင့်ရန်အတွက် ကျွန်ုပ်တို့သည် ဝက်ဘဆိုက်ဘေကွန်များမှ ကောက်ယူထားသော အချက်အလက်များကို သုံးပါမည်။


    6. ASUS ထုတ်ကုန်နှင့် ဝန်ဆောင်မှုများရှိ ပြင်ပပါတီလင့်များ

     

    ဤစာပိုဒ်တွင် သင်က ပြင်ပပါတီများမှ ပံ့ပိုးသော လင့်များကို နှိပ်လျှင် သို့မဟုတ် ဝန်ဆောင်မှုများကို သုံးလျှင် အဆိုပါပြင်ပပါတီများမှ ပံ့ပိုးသော တစ်ကိုယ်ရေလုံခြုံရေး ကြေညာချက်များကို တစ်သမတ်တည်းစစ်ရန် အရေးကြီးကြောင်း ရှင်းပြထားသည်။

     

     
    ASUS ထုတ်ကုန်နှင့် ဝန်ဆောင်မှုများတွင် အခြားကုမ္ပဏီများမှ ဝက်ဘဆိုက်လင့်များ ပါဝင်နိုင်သည်။ အဆိုပါ အခြားဝက်ဘဆိုက်များ၏ လုံခြုံရေးအစီအမံများ၊ တစ်ကိုယ်ရေလုံခြုံရေး အလေ့အထများ သို့မဟုတ် အကြောင်းအရာများနှင့် ပတ်သက်၍ ASUS တွင် တာဝန်မရှိကြောင်း သတိပြုရန် အရေးကြီးပါသည်။ ကျွန်ုပ်တို့၏ ဝက်ဘဆိုက်များမှထွက်ချိန်တွင် သတိထားရန်နှင့် အဆိုပါပြင်ပပါတီ ဝက်ဘဆိုက်များ၏ တစ်ကိုယ်ရေလုံခြုံရေးကြေညာချက်များကို အချိန်ယူဖတ်ရှုရန် ကျွန်ုပ်တို့က အကြံပြုပါသည်။ သတိပြုရန် - ဤတစ်ကိုယ်ရေလုံခြုံရေးမူဝါဒသည် ASUS ထုတ်ကုန်နှင့် ဝန်ဆောင်မှုများနှင့်သာ အကျုံးဝင်သည်။


    7. လုံခြုံရေး

     

    ဤစာပိုဒ်တွင် ASUS က သင်၏ ကိုယ်ရေးကိုယ်တာဒေတာများကို မည်သို့ကာကွယ်ကြောင်းနှင့် သင့်ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာဒေတာများကို သင်က မည်သို့ကာကွယ်နိုင်ကြောင်း အကြံဉာဏ်များကို ဖော်ပြထားသည်။

     

     
    သင်၏ကိုယ်ရေးကိုယ်တာဒေတာများကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်း၊ ပြောင်းလဲခြင်း၊ ဖွင့်ထုတ်ခြင်း သို့မဟုတ် ဆုံးရှုံးခြင်းများမှ ကာကွယ်ရန်အတွက် ကျွန်ုပ်တို့က လုံခြုံရေးအဆင့်များ ဆောင်ရွက်ပါသည်။ ကျွန်ုပ်တို့၏ လုပ်ငန်းတွင်းသုံးသပ်ချက်များသည် ကျွန်ုပ်တို့က ဒေတာများကို ကောက်ယူ၊ သိမ်းဆည်း ဆောင်ရွက်ပုံကို လွှမ်းခြုံထားပြီး သင့်ကိုယ်ရေးကိုယ်တာဒေတာများ သိမ်းဆည်းထားသော စနစ်များသို့ အခွင့်မရှိဘဲ ဝင်ရောက်ခြင်းကို ကာကွယ်ရန်အတွက် နည်းပညာနှင့် အဖွဲ့အစည်းလုံခြုံရေး အစီအမံများသာမက ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးအစီအမံများကိုလည်း အကောင်အထည်ဖော်ထားသည်။


    ASUS တည်နေရာများနှင့် တွဲဖက်အဖွဲ့အစည်းများ အမျိုးမျိုးအတွင်း ကိုယ်ရေးကိုယ်တာဒေတာများလွှဲပြောင်းခြင်းကို လုံခြုံပြီး ကျယ်ပြန့်သော ကျွန်ုပ်တို့၏နယ်မြေကွန်ရက်မှတစ်ဆင့် ဆောင်ရွက်ပါသည်။ သင်၏ကိုယ်ရေးကိုယ်တာဒေတာများကို အွန်လိုင်းတင်ထားဖြစ်စေ အော့(ဖ်)လိုင်းတင်ထားသည်ဖြစ်စေ ၎င်းတို့ကို ကာကွယ်ထားပါသည်။


    ကျွန်ုပ်တို့သည် တတ်နိုင်သမျှ အကောင်းဆုံးဆောင်ရွက်သည့်တိုင် အင်တာနက်ပေါ်၌ ပြီးပြည့်စုံသော လုံခြုံရေးကိုမူ ASUS မှ အာမမခံနိုင်ပါ။ သင်၏ကိုယ်ရေးကိုယ်တာဒေတာများကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်းမှ ကာကွယ်ရေးကို တိုးမြှင့်နိုင်ရန်အတွက် ကျွန်ုပ်တို့က အောက်ပါတို့ကို အကြံပြုပါသည် -


    7.1 သင်၏ ASUS/ROG အကောင့်ကို ကာကွယ်ရန်။ ဥပမာ -

    (1) သင်၏ ASUS/ROG အကောင့်ဖွင့်ချိန်တွင် အက္ခရာနှင့် ဂဏန်းတွဲထားသော စကားဝှက်များကို သုံးပါ။


    (2) သင်၏ ASUS/ROG အကောင့်သို့ ဝင်ရန် ကိုယ်ပိုင် သတ်မှတ်အကောင့်အမည်နှင့် စကားဝှက်ကို သုံးပါ။ ဤအချက်အလက်များကို လျှို့ဝှက်ထားရန်မှာ သင့်တာဝန်ဖြစ်ပြီး သင်၏ ASUS/ROG အကောင့်အောက်မှ လုပ်ဆောင်ချက်အားလုံးအတွက် သင်တစ်ဦးတည်း၌သာ တာဝန်ရှိပါသည်။


    (3) သင်၏ ASUS/ROG အကောင့်အတွက် စကားဝှက်များကို ပုံမှန်အပ်ပဒိတ်လုပ်ပါ။


    (4) သင်၏ ASUS/ROG အကောင့်ကို ခွင့်ပြုချက်မရှိဘဲ သုံးခြင်းမှန်သမျှအတွက် ကျွန်ုပ်တို့ထံ ချက်ချင်းဆက်သွယ်ပါ။ သင့် ASUS/ROG အကောင့်၏ အမည်/စကားဝှက်ကို အခိုးခံရပြီး သက်ဆိုင်ရာ ကိုယ်ရေးကိုယ်တာဒေတာကို ဖျက်ပါက ASUS က သင့်အား အကောင့်သို့ ဝင်ရောက်ခွင့်ကို ဆိုင်းထားနိုင် သို့မဟုတ် ရပ်စဲနိုင်သည်။


    7.3 ဆော့(ဖ်)ဝဲအပ်ပဒိတ် နောက်ဆုံးဗားရှင်းများ ပုံမှန်ထည့်ခြင်းနှင့် ဗိုင်းရပ်/စပိုင်ဝဲ စကန်နာကဲ့သို့ ကိရိယာများသုံးခြင်းဖြင့် သင့်ထုတ်ကုန်များ၏ လုံခြုံရေးကို ခိုင်မာအောင် ဆောင်ရွက်ပါ။


    7.4 ASUS ထုတ်ကုန်နှင့် ဝန်ဆောင်မှုများတွင် လုံခြုံရေး သို့မဟုတ် နည်းပညာ အားနည်းချက်တစ်စုံတစ်ရာ တွေ့ရှိပါက ASUS ထုတ်ကုန်လုံခြုံရေးအကြံပေး https://www.asus.com/securityadvisory/ မှတစ်ဆင့် ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။


    8. သင်၏ကိုယ်ရေးကိုယ်တာဒေတာများကို စီမံခန့်ခွဲနည်း

    ASUS မှ ကောက်ယူသော သင်၏ ကိုယ်ရေးကိုယ်တာဒေတာများနှင့် ပတ်သက်၍ မေးခွန်းများရှိပါက သို့မဟုတ် တောင်းဆိုချက်များရှိပါက အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည် -

    (1) သင်၏ ASUS/ROG အကောင့်သို့ အကောင့်ဝင်ပါ (သင်၏ ASUS/ROG အကောင့်အသေးစိတ်ကို ကြည့်ရန် သို့မဟုတ် အပ်ပဒိတ်လုပ်ရန်)။

    (2) အချက်အလက်များသိနိုင်ရန် ASUS တစ်ကိုယ်ရေလုံခြုံရေး အမေးအဖြေများကို ကြည့်ပါ။

    (3) သင်သုံးသော ASUS ထုတ်ကုန်နှင့် ဝန်ဆောင်မှုများတွင် တစ်ကိုယ်ရေလုံခြုံရေးဆိုင်ရာ ဆက်တင်များကို စီမံခန့်ခွဲပါ။

    (4) ကျွန်ုပ်တို့ထံ ASUS တရားဝင်ဝက်ဘဆိုက်ရှိ “Customer’s Request on Personal Data” မှတစ်ဆင့် သို့မဟုတ် privacy@asus.com - အီးမေး(လ်)မှတစ်ဆင့် သို့မဟုတ် ဖုန်းဖြင့် ဆက်သွယ်ပါ။

     

     

    8.1 ASUS/ROG အကောင့်

    (1) သင်၏ ASUS/ROG အကောင့်တွင် တိကျသော၊ လက်ရှိဖြစ်သော၊ ပြည့်စုံသော ကိုယ်ရေးကိုယ်တာအချက်အလက်များ ထည့်ပေးမှသာ ASUS က သက်ဆိုင်ရာ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို သင့်အားပံ့ပိုးနိုင်ပါမည်။


    (2) သင်သည် သင်၏ ASUS/ROG အကောင့်သို့ အကောင့်ဝင်ပြီး အကောင့်အချက်အလက်များကို ပြင်ခြင်းဖြင့် အကောင့်အသေးစိတ်ကို ကြည့်နိုင်၊ ပြင်နိုင်သည်။


    (3) သင်သည် ASUS သတင်းများ၊ နောက်ဆုံးထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ ပါဝင်သည့် ASUS အီးမေး(လ်)များနှင့် အသိပေးချက်များကို စာရင်းသွင်းရယူလိုပါက သို့မဟုတ် စာရင်းသွင်းခြင်း ဖြုတ်လိုပါက ASUS/ROG အကောင့်သို့ဝင်ပြီး ဘယ်ဘက်ကော်လံတွင် “Subscribe” ကိုရှာကာ (စာရင်းသွင်းရယူန်ရအတွက်) YES သို့မဟုတ် (စာရင်းသွင်းရယူခြင်းဖြုတ်ရန်အတွက်) NO ကို ရွေးပြီး ဆက်တင်များကို ပြင်နိုင်သည်။ ASUS အီးမေး(လ်)များအောက်ခြေရှိ လင့်မှတစ်ဆင့်လည်း စာရင်းသွင်းရယူခြင်းကို ဖြုတ်နိုင်သည်။ စာရင်းသွင်းရယူခြင်းကို ဖြုတ်ရန်ဆုံးဖြတ်ပါက လုပ်ငန်းစဉ်အပြီးသတ်ရန် ရုံးဖွင့်ရက် နှစ်ရက်ခန့် ကြာနိုင်ကြောင်း သတိပြုပါ။


    8.2 ASUS ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ

    သင်သည် သင်၏ ကိုယ်ရေးကိုယ်တာဒေတာများကို ASUS နှင့် မျှဝေခွင့်ပြုရန် သို့မဟုတ် မျှဝေခြင်းပိတ်ထားရန် ဆုံးဖြတ်ခွင့်ရှိသည်။ ASUS ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ သုံးစဉ် ၎င်းဆက်တင်များကို အချိန်မရွေး ပြင်နိုင်သည်။


    8.3 ကွတ်ကီးဆက်တင်များ (ဤတစ်ကိုယ်ရေလုံခြုံရေးမူဝါဒရှိ စာပိုဒ် ၅.၂ ကို ကိုးကားပါ။)

    (1) သင်သည် ကွတ်ကီးဆက်တင်များကို သင်ထည့်ထားသော ဘရောက်ဇာတွင် ထိန်းချုပ်နိုင်သည်။ ၎င်းတွင် (ပြင်ပပါတီကွတ်ကီးများကဲ့သို့) ကွတ်ကီး အချို့ သို့မဟုတ် အားလုံးကို လက်ခံရန်၊ ပိတ်ဆို့ရန် သို့မဟုတ် ဖျက်ရန် ရွေးချယ်ခွင့် သို့မဟုတ် အခြားဆက်တင်များကို အချိန်ရွေး ချိန်ညှိခွင့်တို့ ပါဝင်သည်။


    (2) သင်က ASUS အား ပြင်ပပါတီကွတ်ကီးများမှတစ်ဆင့် တစ်ကိုယ်ရေဈေးကွက်မြှင့်တင်ရေး ဝန်ဆောင်မှုများနှင့် ကြော်ငြာများ မကမ်းလှမ်းစေလိုပါက သင့်ဘရောက်ဇာမှတစ်ဆင့် ၎င်းကွတ်ကီးများကို အချိန်မရွေး ပိတ်ဆို့နိုင် သို့မဟုတ် ဖျက်နိုင်သည်။


    8.4 သင့်ကိုယ်ရေးကိုယ်တာဒေတာများ စီမံခန့်ခွဲရန် ASUS ကို ဆက်သွယ်ပါ။  

    သင့် ASUS/ROG အကောင့်ရှိ သင်၏ကိုယ်ရေးကိုယ်တာဒေတာများ၊ ASUS မှ ကောက်ယူထားသော အခြားဒေတာမှန်သမျှနှင့် ပတ်သက်၍ မေးခွန်းများ သို့မဟုတ် ၎င်းတို့ကို ဖတ်ခွင့်၊ ပြင်ခွင့်၊ ဒေါင်းလုဒ်လုပ်ခွင့်၊ ပိတ်ဆို့ခွင့် သို့မဟုတ် ဖျက်ခွင့်ကဲ့သို့ တောင်းဆိုမှုများရှိပါက  ကျွန်ုပ်တို့အား အောက်ပါနည်းလမ်းများမှတစ်ဆင့် ဆက်သွယ်နိုင်သည်။ သင်၏ကိုယ်ရေးကိုယ်တာဒေတာများကို ASUS က မသင့်လျော်သော နည်းလမ်းနှင့် ကောက်ယူမိသည်ဟု ယုံကြည်လျှင် သို့မဟုတ် သင်၏ကိုယ်ရေးကိုယ်တာဒေတာများကို အချို့သောအခြေအနေများတွင် အသုံးပြုခွင့် ကန့်သတ်လိုလျှင် (ဥပမာ - သင်၏ကိုယ်ရေးကိုယ်တာဒေတာများကို ခွဲခြမ်းစိတ်ဖြာခြင်းအတွက် အသုံးမပြုစေလိုလျှင်) ကျွန်ုပ်တို့ထံ အချိန်မရွေးဆက်သွယ်နိုင်သည်။


    (1) ASUS တစ်ကိုယ်ရေလုံခြုံရေး အမေးအဖြေများ ကြည့်ရန် https://www.asus.com/support/FAQ/1041753


    (2) ကိုယ်ရေးကိုယ်တာဒေတာများ ဖတ်ခွင့်/ဒေါင်းလုဒ်လုပ်ခွင့် သို့မဟုတ် တောင်းဆိုချက်များဖျက်ခွင့်ကို တင်ရန် - ASUS တရားဝင်ဝက်ဘဆိုက်ရှိ “Customer’s Request on Personal Data” https://privacy.asus.com/privacy


    (3) အခြား ကိုယ်ရေးကိုယ်တာဒေတာဆိုင်ရာ တောင်းဆိုချက်များအတွက် ကျွန်ုပ်တို့ထံ အီးမေး(လ်)ပို့ပါ - privacy@asus.com


    (4) ကိုယ်ရေးကိုယ်တာဒေတာများဆိုင်ရာ တောင်းဆိုချက်များကို ဘယ်မှာတောင်းဆိုရမှန်း မသိပါက https://www.asus.com/support/callus တွင် ဖော်ပြထားသော သက်ဆိုင်ရာ ဖောက်သည်ကူညီရေးရာနံပါတ်များကိုသုံးပြီး ကျွန်ုပ်တို့ထံ ဖုန်းဆက်နိုင်သည်။


    8.5 ASUS ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို သင်သုံးသည့်အခါတိုင်း ကျွန်ုပ်တို့သည် သင်၏ကိုယ်ရေးကိုယ်တာဒေတာများ၏ လုံခြုံရေးကို အတိအကျဖြစ်စေရန်နှင့် မတော်တဆဖြစ်စေ၊ တမင်တကာဖြစ်စေ ထိခိုက်မှုမရှိအောင် ကာကွယ်ရန် အားထုတ်ဆောင်ရွက်ပါသည်။ ကျွန်ုပ်တို့၏ သင်၏ကိုယ်ရေးကိုယ်တာဒေတာများနှင့် ပတ်သက်သော သင်၏တောင်းဆိုချက်များကို ဖြေရှင်းရန် ကတိပြုပါသည်။ သို့သော် သင်၏တောင်းဆိုချက်များကို အောက်ပါအခြေအနေများတွင် ဖြည့်ဆည်းပေးနိုင်မည်မဟုတ်ပါ။

    (1) သက်ဆိုင်ရာ ဥပဒေများအရ လုပ်ပိုင်ခွင့်ပေးထား သို့မဟုတ် ခွင့်ပြုထားလျှင်။


    (2) ဥပဒေလုပ်ငန်းအကြောင်းအရင်းများရှိလျှင်။


    (3) ဝန်အားမမျှသော နည်းပညာအားထုတ်မှုများနှင့် အရင်းအမြစ်များကို အကြိမ်များစွာ အလွန်အကျူးတောင်းဆိုမှုများရှိလျှင်။


    (4) သူတစ်ပါး၏ တစ်ကိုယ်ရေလုံခြုံရေးကို အန္တရာယ်ဖြစ်စေနိုင်ခြင်းမှ ရှောင်ကြဉ်ရန်။


    9. ကလေးများ၏ တစ်ကိုယ်ရေလုံခြုံရေး

    ဤစာပိုဒ်တွင် သင်သည် ကလေးတစ်ဦးဖြစ်ပါက သင့်ကိုယ်ရေးကိုယ်တာဒေတာများကို ASUS နှင့် မျှဝေခြင်းမပြုမီ မိဘ (သို့မဟုတ် အုပ်ထိန်းသူ) ၏ သဘောတူခွင့်ပြုချက် ရယူရန်လိုကြောင်း ရှင်းပြထားပါသည်။ သင့်မိဘ (သို့မဟုတ် အုပ်ထိန်းသူ) က သင့်ကိုယ်ရေးကိုယ်တာဒေတာများကို စောင့်ကြပ်လိုပါက ASUS တစ်ကိုယ်ရေလုံခြုံရေးမူဝါဒ အမေးအဖြေများကို ကိုးကားနိုင်ပြီး ASUS တရားဝင်ဝက်ဘဆိုက်ရှိ “Customer’s Request on Personal Data” အင်တာဖေ့ သို့မဟုတ် privacy@asus.com မှတစ်ဆင့် သို့မဟုတ် ဖုန်းဖြင့် ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်သည်။ (အသေးစိတ်အတွက် အပိုင်း ၈.၄ ကို ကြည့်ပါ)

     
    ကျွန်ုပ်တို့သည် အသက် (၁၆) နှစ်အောက် ကလေးများ သို့မဟုတ် သက်ဆိုင်ရာဥပဒေအရ သတ်မှတ်ထားသော အငယ်ဆုံးအသက်အရွယ်များ၏ ကိုယ်ရေးကိုယ်တာဒေတာများကို မိဘ၏ သဘောတူခွင့်ပြုချက်မရှိဘဲ သိလျက်နှင့် ကောက်ယူမည်မဟုတ်ပါ။ ကလေးက ASUS ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို သုံးစဉ်၌ ကလေး၏ လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ပေးရန် မိဘ (သို့မဟုတ် အုပ်ထိန်းသူများ) အား ကျွန်ုပ်တို့ အကြံပြုလိုပါသည်။


    သင်သည် ကလေးတစ်ဦးဖြစ်ပါက ASUS ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို မသုံးမီ မိဘ၏ သဘောတူခွင့်ပြုချက် ရယူပါ။ သင်၏ ကိုယ်ရေးကိုယ်တာဒေတာများကို မိဘ (သို့မဟုတ် အုပ်ထိန်းသူ) ၏ သဘောတူခွင့်ပြုချက်နှင့်သာ တင်နိုင်သည်။ သင်၏ မိဘ (သို့မဟုတ် အုပ်ထိန်းသူ) သည် သင်၏ ကိုယ်ရေးကိုယ်တာဒေတာများကို ဆောင်ရွက်ခွင့်အတွက် သဘောတူခွင့်ပြုချက်ပေးရန် သို့မဟုတ် သင်၏ ကိုယ်ရေးတာဒေတာများကို ဖတ်ခွင့်၊ ပြင်ခွင့်၊ ဒေါင်းလုဒ်လုပ်ခွင့်၊ ပိတ်ဆို့ခွင့် သို့မဟုတ် ဖျက်ခွင့်တောင်းရန် စာပိုဒ် ၈.၄ တွင် ဖော်ပြထားသော ချန်နယ်များမှတစ်ဆင့် ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်သည်။ ဥပမာ - သင်၏ကိုယ်ရေးကိုယ်တာဒေတာများကို ASUS က မှားယွင်းကောက်ယူမိသည်ဟု ယုံကြည်လျှင် သို့မဟုတ် သင်၏ကိုယ်ရေးကိုယ်တာဒေတာများကို အချို့သောအခြေအနေများတွင် အသုံးပြုခွင့် ကန့်သတ်လိုလျှင် (ဥပမာ - သင်၏ကိုယ်ရေးကိုယ်တာဒေတာများကို ခွဲခြမ်းစိတ်ဖြာခြင်းအတွက် အသုံးမပြုစေလိုလျှင်) သင့်မိဘ (သို့မဟုတ် အုပ်ထိန်းသူ) က ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်သည်။


    10. ထိရှလွယ်သော ကိုယ်ရေးကိုယ်တာဒေတာများ

    ကျွန်ုပ်တို့၏ ယေဘုယျအလေ့အထများအရ သင်၏ ဆေးဝါးကုသမှုနှင့် ကျန်းမာရေးမှတ်တမ်းအသေးစိတ်၊ နိုင်ငံရေး၊ ဘာသာရေး၊ ဒဿနယုံကြည်ချက်များ၊ ရာဇ၀တ်မှုဆိုင်ရာ စွဲချက်များ သို့မဟုတ် ပြစ်ဒဏ်ချမှတ်မှုများ၊ လူမျိုးရေးနောက်ခံ၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်ခွင့်၊ လိင်စိတ်ခံယူမှု၊ လိင်စိတ်ခံယူမှုသမိုင်းကြောင်း၊ အမူအကျင့် သို့မဟုတ် မျိုးရိုးဗီဇဒေတာများကဲ့သို့ ထိရှလွယ်သော ကိုယ်ရေးကိုယ်တာဒေတာများကို ASUS က တောင်းခံမည်မဟုတ်ပါ။ ထိုသို့ ထိရှလွယ်သော ကိုယ်ရေးကိုယ်တာဒေတာများကို ကျွန်ုပ်တို့ထံ ပေးခြင်းမှ ရှောင်ကြဉ်ပါ။


    11. ASUS တစ်ကိုယ်ရေလုံခြုံရေးမူဝါဒအပေါ် အပြောင်းအလဲများ

    ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ တစ်ကိုယ်ရေလုံခြုံရေးမူဝါဒကို အခါအားလျော်စွာ အပ်ပဒိတ်လုပ်နိုင်သောကြောင့် ကျွန်ုပ်တို့၏ ဝက်ဘဆိုက်များတွင် တင်ထားသော တစ်ကိုယ်ရေလုံခြုံရေးမူဝါဒကို ပုံမှန်စစ်ကြည့်ရန် အရေးကြီးပါသည်။ တစ်ကိုယ်ရေလုံခြုံရေးမူဝါဒကို အပြောင်းအလဲလုပ်ပြီးနောက် သင်က ကျွန်ုပ်တို့၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို သုံးလျှင် သင်သည် အပ်ပဒိတ်လုပ်ထားသော တစ်ကိုယ်ရေလုံခြုံရေးမူဝါဒကို သဘောတူသည်ဟု ASUS က ယူဆပါမည်။ ဤစာမျက်နှာတွင် တစ်ကိုယ်ရေလုံခြုံရေးမူဝါဒကို ရရှိနိုင်မည်ဖြစ်ပြီး သိသိသာသာ အပြောင်းအလဲတစ်စုံတစ်ရာရှိပါက သင်၏ အီးမေး(လ်)လိပ်စာကို ကျွန်ုပ်တို့ထံ စာရင်းသွင်းထားလျှင် အီးမေး(လ်)ပို့ခြင်းကဲ့သို့ နည်းလမ်းများနှင့် သင့်ထံ အသိပေးနိုင်သည်။ အပ်ပဒိတ်လုပ်ထားသောအချိန်ကို ဤတစ်ကိုယ်ရေလုံခြုံရေးမူဝါဒ စာမျက်နှာအောက်ခြေတွင် တွေ့နိုင်သည်။


    12. ကျွန်ုပ်တို့ထံဆက်သွယ်ရန်

    ဤတစ်ကိုယ်ရေလုံခြုံရေးမူဝါဒနှင့် ပတ်သက်၍ မေးခွန်းများ၊ စိုးရိမ်မှုများ၊ မှတ်ချက်များ သို့မဟုတ် တိုင်ကြားလိုသည်များရှိပါက သို့မဟုတ် ASUS သည် ဤတစ်ကိုယ်ရေလုံခြုံရေးမူဝါဒကို လိုက်နာခြင်းမရှိဟု ယုံကြည်ပါက ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။ ကျွန်ုပ်တို့သည် ASUS မှ ကောက်ယူသော သင်၏ ကိုယ်ရေးကိုယ်တာဒေတာများနှင့် ပတ်သက်၍ ကိစ္စရပ်တစ်စုံတစ်ရာကိုမျှ သင့်ထံသို့ သင့်တင့်လျောက်ပတ်စွာ တင်ပြထားခြင်းမရှိဟု သင်က ယူဆလျှင် သင့်နိုင်ငံရှိ ကိုယ်ရေးကိုယ်တာဒေတာကာကွယ်ရေး အစိုးရတာဝန်ခံများထံ စောဒကတက် တိုင်ကြားခွင့်ရှိကြောင်း သတိပြုပါ။





    ASUSTeK COMPUTER INC.

    သို့ - Personal Data Protection Committee

    လိပ်စာ - 15, Li-Te Rd., Taipei 112, Taiwan

    အီးမေး(လ်) - privacy@asus.com

    ASUS ကိုယ်ရေးကိုယ်တာဒေတာကာကွယ်ရေးကော်မတီမှ 04/21, 2025 တွင် အပ်ပဒိတ်လုပ်သည်