About ASUS
ASUS ၏ အကျင့် (၅) မျိုး
ASUS က အလုပ်သမားတွေရဲ့ အကျင့်သီလအပေါ် များစွာအလေးထားသော အဖွဲ့ဖြစ်ပါတယ်။ စရိုက်လက္ခဏာ (၅) မျိုးကို ထုတ်လုပ်ရေးနဲ့ ဆက်ဆံရေးပိုင်းတွင် ချောမွေ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျတဲ့ စရိုက်လက္ခများအဖြစ် သတ်မှတ်ထားပါတယ်။ ASUS ရဲ့ အကျင့်သီလ (၅) မျိုးမှာ -
နှိမ့်ချဆက်ဆံခြင်း
- အခြားသူများအပေါ် ကျေးဇူးတင်တတ်ခြင်းနဲ့ လေးစားသမှုရှိခြင်းတို့ကို ပြသခြင်း
- ခိုင်မာအားကောင်းသော အသင်းအဖွဲ့စိတ်ဓာတ် ထားရှိခြင်း
- ပြဿသနာတွေနဲ့ ကြုံတွေ့ရတဲ့အခါမှာ အခြားသူတွေကို ေ၀ဖန်ပြစ်တင်ခြင်းထက် ပုဂ္ဂိုလ်ရေးဆိုင်ရာ တာ၀န်၀တ္တရားတွေကိုသာ ကြည့်ရှု့စေခြင်း
- မိမိ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်လိုစိတ်နှင့် ကြိုးပမ်းမှုများ အခိုင်အမာထားရှိခြင်း
တည်ကြည်ဖြောင့်မတ်မှု
- ရိုးသားမှု၊ စိတ်ရင်းကောင်းမှုနှင့် ယုံကြည်မှုများ ရှိစေခြင်း
- တစ်ဦးတစ်ယောက်၏ အားသာချက်၊ အားနားချက်များကို နားလည်လက်ခံပေးခြင်း
- ပွင့်လင်းသည့် ပရော်ဖက်ရှင်နယ်ဆန်သောပေါင်းအသင်းဆက်နွယ်မှုများ ဖော်ဆောင်ခြင်း
လုံ့လ၀ီရိယ
- "နည်းနည်းနဲ့ များများလုပ်နိုင်စေရန်" ကုန်ကျမှုအပေါ် အလေးပေး၍ အလဟဿသ ဖြစ်ဖယ်ရှားခြင်း
- အမြင့်ဆုံးသော သုံးစွဲသူတန်ဖိုးကို ဖန်တီးရန်အတွက် စီမံချက်အဖွဲ့များ အတူတကွ ၀ိုင်း၀န်းဆောင်ရွက်မည့် ကနဦးကြိုးပမ်းမှုများကို ပြုလုပ်ခြင်း
ဖျတ်လတ်တက်ကြွမှု
- ဖြေရှင်းချက်တိုင်းရဲ့ အခြေခံများကို အမိအရ ရယူခြင်းတွင် လျင်မြန်ခြင်း
- အောင်နိုင်သောရလဒ်များဖန်တီးရန်အတွက် မှန်ကန်သော ဆောင်ရွက်မှုများကို လျင်လျင်မြန်မြန် ပြုလုပ်ခြင်း
- အခွင့်အလမ်းသစ်များကို ရှာဖွေခြင်းနဲ့ အလျင်အမြန် အမိအရ ဆုပ်ကိုင်ခြင်း
ရဲရင့်မှု
- ပြဿသနာများရင်ဆိုင်တတ်ရန်နဲ့ အခက်အခဲများကို လက်ခံယုံကြည်တတ်ရန်၊
- သဘောထားကွဲလွဲမှုတွေ၊ ေ၀ဖန်မှုတွေနဲ့ ကြုံတွေ့နေရတဲ့အချိန်မှာတောင် အပြုသဘောဆောင်သော ပြောဆိုဆွေးနွေးမှုအတွက် ကြိုးပမ်းရန်၊
- အလျင်စလိုဆုံးဖြတ်ချက်ချမှတ်ခြင်းကို ရှောင်ရှားရန်အတွက် သုံးသပ်ချက်များ ချမှတ်ခြင်းမပြုမီတွင် ရရှိနိုင်သောအကြောင်းအချက်များကို ထည့်သွင်းစဉ်းစားရန်၊
အခြေခံအကြောင်းတရားများအပေါ် အာရုံပြုခြင်း
ဖြစ်နိုင်ချေရှိသည့် အကောင်းဆုံးသောရလဒ်တွေကို ရရှိရန်အတွက် ASUS တွင် အလုပ်လုပ်နေသူတိုင်းအား လုပ်ငန်းတာ၀န်တစ်ရပ်ကို ဆောင်ရွက်ခြင်းမပြုမီတွင် ယင်း၏ အခြေခံအကြောင်းတရားများအပေါ် ဂရုပြုကြရန် အားပေးပါတယ်။
အခြေအနေတစ်ရပ်ရဲ့ ပိုမိုကျယ်ပြန့်သောပြဿနာကိစ္စရပ်တွေကို ထည့်သွင်းစဉ်းခြင်းနဲ့ ပြဿသနာရပ်များအား အလားအလာရှိသော သုံးစွဲသူတစ်ဦးရဲ့သဘောထားအမြင်ဘက်မှ ချဉ်းကပ်ပေးခြင်းတို့အားဖြင့် ဤစံတန်ဖိုးက အောင်မြင်၍ ကုန်ကျရကျိုးနပ်သည့် ဖြေရှင်းချက်များကို ရှာဖွေခြင်းအား အထောက်အကူပြုသည်။
ဆန်းသစ်တီထွင်မှုနဲ့ သုခုမမူဟန်မြောက်မှု
ASUS မှာ အလုပ်လုပ်နေသူတိုင်းအနေဖြင့် ၄င်းတို့၏ဆောင်ရွက်ချက်များ အားလုံးအား နည်းပညာပိုင်းနှင့် သုခုမမူဟန်မြောက်မှုအရ အကောင်းဆုံးသောအနေအထားတွင် ရှိနေစေရေးအတွက် ကြိုးပမ်းကြသည်။ အဓိကကျသော ဤစံတန်ဖိုးတွင် အကောင်းဆုံးသော ဖြေရှင်းချက်ကို တဖြည်းဖြည်းခြင်း ရွေးထုတ်သွားမည့် ဖြေရှင်းချက်များ အတွင်းသို့ လူတိုင်း၏ အကြံဥာဏ်များ ထည့်သွင်းသည့် "အတွေးဆန်းများ" ဖော်ထုတ်သော အုပ်စုဖွဲ့အကြံသစ်ထုတ်ခြင်းနည်းစနစ်နှင့် အဆိုပြုချက်တိုင်းတွင် ကြုံတွေ့ရနိုင်ချေရှိသော ပြဿနာရပ်များကို စစ်ထုတ်ရန်အတွက် မေးခွန်းများ စဉ်ဆက်မပြတ်မေးမြန်းမှုပါ၀င်သော "သတိအနေအထား" တွေးခေါ်ခြင်းနည်းစနစ်များ ပါ၀င်သည်။ ထိုသို့သော ဖွဲ့စည်းပုံပိုင်းဆိုင်ရာ လက်တွေ့စမ်းသပ်မှုတွေက သုံးစွဲသူတွေရဲ့ မျှော်လင့်ချက်ထက် ပိုမိုကောင်းမွန်စေတဲ့ထုတ်ကုန်တွေ ဖော်ဆောင်ခြင်းကို အကူအညီပေးသလို ထုတ်ကုန်အတွေ့အကြုံ အလုံးစုံကိုလည်း မြှင့်တင်ပေးပါတယ်။
စေ့စပ်သေချာသော တွေးခေါ်မှု
ASUS က အဖွဲ့အစည်းအတွင်းရှိ အဆင့်များအားလုံးအကြား ပွင့်လင်းသော ဆက်ဆံရေးတစ်ရပ် ထားရှိခြင်းကို အားပေးမြှင့်တင်ခြင်းအားဖြင့် သုံးစွဲသူတွေအတွက် အကောင်းဆုံးသောစံတန်ဖိုးကို ဖန်တီးပေးမယ့် 'စေ့စပ်သေချာသော တွေးခေါ်မှု' အပေါ်မှာ အခြေပြုထားပါတယ်။ အဓိကကျသော ဤစံတန်ဖိုးက လုပ်ငန်းစဉ်တိုင်းရဲ့ ထိရောက်မှုကို မြှင့်တင်ခြင်း၊ မလိုအပ်သော ကုန်ကျမှုတွေနဲ့ အလဟဿဖြစ်မှုတွေကို လျော့ချခြင်း၊ စီမံခန့်ခွဲရေးလုပ်ငန်းစဉ်ကို အစဉ်သဖြင့် တိုးတက်စေခြင်းတို့နဲ့ သက်ဆိုင်တဲ့ ကျစ်လစ်သော ဆစ်ဂမာခြောက်ခုအဖြစ် ပေါင်းစပ်ပေးပါတယ်။